မိုးရာသီနှင့်ဆင်ခြင်စရာ တုပ်ကွေးရောဂါ

in #myanmar6 years ago

90A65AD7-184D-4BAA-8957-A10F4BAE11DB.jpeg

နှစ်တနှစ်၏ May လကုန်၍ June လဆန်းပြီဆိုလျှင် မုတ်သုံဝင်၍ နွေရာသီကုန်ဆုံးတော့သည်။ တခါတရံမုန်တိုင်းဝင်ပြီးမှ မုတ်သုံရာသီ စလေတော့သည်။မုတ်သုံဝင်ပြီဆိုလျှင် မြန်မာပြည်၏ ဥတုရာသီသုံးပါးထဲမှ တစ်ပါးဖြစ်သော မိုးရာသီစတင်လေပြီ။

မုတ်သုံဝင်ပြီ မိုးရာသီစတင်ပြီဆိုသည်နှင့် နွေရာသီက ရေခမ်းထားသော၊ခြောက်သွေ့ထားသော ချောင်းများမြောင်းများ ရေစတင်ဝင်ရောက်ကာ ရေဖွေးဖွေးလှုပ်နေသည့်အသွင်ကိုမြင်ရကြမည်ဖြစ်သလို နေရာတကာတွင် အပင်တို့၏ စိမ်းသထက်စိမ်းနေမှုကို ခံစားရသည်မှာ ဈာန်လျှောရလောက်ပါပေ၏။

D5070E47-F644-4177-911C-061482DAC1C1.jpeg

ယခုလိုမိုးရာသီတွင် အပူဒဏ်မှ အေးမြမှုဒဏ်ကိုပြောင်း၍ခံစားရသောကြောင့် သက်ကြီးများလျှင် နှစ်ခြိုက်ကျသလို ကလေးအများစုသည်လည်း 'မိုးရွာရင် မိုးရေချိုးမေ၊မီမီလာရင် နိုချို့မေ၊ဖီဖီလာရင် အုန်းသီးခွဲစားမေ'ဟုဆိုကာ မိုးရေထဲတွင် ပျော်တတ်ကြသည်။ဥယျာဉ်စိုက်ပျိုးသူများသည်လည်း မိုးရာသီတွင် သီးနှံပိုမိုဖြစ်ထွန်းသောကြောင့် မကြောင့်မကျ ပျော်ရွှင်နေကြမည်ဖြစ်သည်။သို့သော် ထိုပျော်ရွှင်မှုများနှင့် ယဉ်တွဲနေသူတစ်ယောက်ရှိပါသည်။

ယင်းမှာ တုပ်ကွေး(flu) ပင်ဖြစ်သည်။ ဤမိုးရာသီနှင့် တုပ်ကွေးရောဂါသည် ခွဲခြားမရပါ။ကလေးမှစလို့ ကိုယ်ခံအားကောင်းသည့် လူလတ်ပိုင်း နှင့်သက်ကြီးများအထိဖြစ်လေ့ရှိကြသည်။တုပ်ကွေးနှင့် ပက်သက်လျှင် အမျိုးစုံလှသည်။ သွေးလွန်တုပ်ကွေး၊ebola၊ H1N1 ၊ H5N1 စသဖြင့်များပြားလှသည်။ အဆိုပါ ကူးစက်ရောဂါတုပ်ကွေးများမဟုတ်ဘဲ မိမိပြောဆိုမည့် ပုံမှန်ဖြစ်လေ့ရှိသောတုပ်ကွေးမှာလည်း ကူးစက်မြန်ပါသည်။ အလုပ်တွင် လုပ်ဖော်ကိုင်ဖက်ချင်းကူးမည်။ ကျောင်းတွင်ကလေး အချင်းချင်းကူးမည် စသဖြင့် ကူးစက်မှုမြန်လှသည်။

32D7DA36-C049-43F0-953C-973E39644533.jpeg

ထို့ပြင် တုပ်ကွေးမိပြီဆိုလျှင် သာမန် ပါရာစီတမော့၊ ဒီကိုဂျင်မျှဖြင့် ရေရှည်အဆင်မပြေပါ။မိမိဖြစ်နေသည့်တုပ်ကွေး ဗိုင်းရပ်စ်ကိုကြည့်၍ ရောဂါပြင်းနိုင်သောကြောင့် နီးစပ်ရာဆေးခန်းများ ဆရာဝန်များထံတွင် ကောင်းမွန်စွာကုသ၍ ရောဂါပြင်းထန်လျှင် ဆရာဝန်များထံမှ ပိုမိုထိရောက်သောကုသမှုကိုလည်းကောင်း၊ဆေးဝါးကိုလည်းကောင်း ရယူသင့်ပါသည်။ MSC members အပေါင်းလည်း ယခုမိုးရာသီတွင် တုပ်ကွေးဖြင့်ကင်းဝေးပါစေကြောင်း။

written by @mgtoetat
photos by @mgtoetat
MSC-073
artzone

Sort:  

ဖုံးသွန်လဲစစ်

ဟုတ်ပါတယ်ဗျာ

Dear friend, you do not appear to be following @artzone. Follow @artzone and get added to our voting list for valuable up-votes!

ဟုတ် သတိထားစရာပါ

ဟုတ်ကဲ့

သတိထားသင့်​ပါတယ်

တုပ်ကွေးကိုတော့ အရမ်းကြောက်တယ်
ဓါတ်ဆားသောက်ရမှာကြောက်လို့

ဟဲ ဟဲ

ဟုတ်​တယ်​​နော်​။မိုးရာသီဆိုဂရုစိုက်​ရမှာ။

မှန်ပါတယ်

ခု​တောငိ ဖျားချင်​​နေp

ဆရာဝန်နဲ့ပြပါ 😁

သတိထားစရာပါခင်ဗျာ

ဟုတ်ပါတယ်ဗျာ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13