ဝါဆို ဝါခေါင် ရေဖောင်ဖောင်-1

in #myanmar6 years ago

116B0037-E823-4295-A0EB-2A14CFD86882.jpeg

"ဝါဆို...ဝါခေါင်..မှာကွယ်..ရွှေမိုးလေးတွေ ညို့တော့...ချစ်တင်းနှောခဲ့တာရယ်..ဒေါင်..တောင်...တောင်" ဟူ၍ အဖေဖွင့်ထားသည့် ကွယ်ပျောက်လုရေဒီယိုလေးမှ သီချင်းသံကားအတိုင်းသားကြားလိုက်ရသည်။ယခု နယုန်လဆုတ်လျှင် ဝါဆိုတော့မည်ဖြစ်သကဲ့သို့ ပူပြင်းခြောက်သွေ့သော၊ပူအိုက်သော ရာသီဥတုမှ စိုစွတ်သော မိုးရာသီ(raining season)သို့ကူးပြောင်းဖို့ တာဆူနေလေပြီ။

အလွယ်ပြောရမည်ဆိုလျှင် နွေရာသီမှ မိုးရာသီသို့ နယုန်အဆုတ် ဝါဆိုအစတွင် ကူးပြောင်းခြင်းပေတည်း။ဝါဆို ရောက်ပြီဆိုလျှင် မြန်မာပြည်၏ နေရာတော်တော်များများ၌ မိုးတဖျောက်ဖျောက်နှင့်ရွာသွန်း သောကြောင့် လယ်ကွင်းများ၊ကွင်းပြင်မှာ ရေတဖွေးဖွေးနှင့် ရေမြုပ်နေသောကြောင့် ရှေးလူကြီးများက "ဝါဆို ဝါခေါင် ရေဖောင်ဖောင်"ဟု ပြောစမှတ်တွင်ကြခြင်းဖြစ်သည်။

F7BFC52C-D19F-4103-8E40-69CDDF293738.jpeg

စာရေးသူငယ်ငယ်ကဆိုလျှင် ဤလို ရေဖွေးဖွေးဖြစ်သည့်ကာလကို အလွန်ကြိုက်သည်။
ကျောင်းမှ အပြန်ရေပါးပါး လွှမ်းနေသော ဘောလုံးကွင်း၊မြက်ခင်းပြင်များကို ကလေးသဘာဝ ဖြတ်ပြေးဆော့ကစား၊ဘောလုံးကန်ကစားခြင်းများကို ပြုခဲ့ကြခြင်းမှာ လွမ်းဆွတ်ဖွယ်ရာအတိပင်ဖြစ်သည်။ထို့အပြင် ဤဝါဆို ဝါခေါင်လများတွင် နောက်ထပ်အမှတ်ရစရာမှာ မိုးတွင်းတွင်မှရသည့် ဖားပင်ဖြစ်သည်။

မိုးလေးတစွတ်စွတ်ရွာပြီဆိုလျှင် စားဖားများက ကွင်းတွေဆီမှ တအုံးအုံး တအွမ်အွမ်လုပ်ကြသည်။မနက်ဈေးဖွင့်ချိန်ကြလျှင် ဖားသားများဈေးတွင် လတ်လတ်ဆတ်ဆတ်ရနိုင်သည်။ဖားများမှာအရှင်များလည်းပါသလို သေပြီးသားများလည်းပါသည်။ သို့သော် ကလေးသဘာဝရ လူငယ်သဘာဝအရ သနားသည်၊ဘာသည်၊တရားသဘောတွေကိုမသိ ဦးလေးတွေ ကြော်လျှော်ချက်ပြုတ်တာကို စားခဲ့သည်။

814177F2-A14F-41FE-9563-9014F38BB73E.jpeg

ဦးလေးတွေကလည်း မိုးလေးကျပြီဆိုလျှင် ဈေးသို့သွား၍ သွားဝယ်သလို အပြန်တွက်လဖားသားများရလာလေ့ရှိကြသည်။ဤသည်မှာ ဝါဆို ဝါခေါင် ရေဖောင်ဖောင်၏ အမှတ်သင်္ကေတတစ်ခုပဲဖြစ်သည်။ထို့အပြင် ဤဝါဆို ဝါခေါင်ဆိုလျှင် ရာသီစာသီးနှံများကလည်းပေါများလှသည်။ဟင်းသီးဟင်းရွက်တွင် လယ်ကန်စွန်း၊ဇရစ် စသည်ဖြင့်၊သစ်သီးတွင်လည်း နာနတ်သီးများလှိုင်လှိုင်ပေါ်သည့် ရာသီပင်ဖြစ်သည်။ဤသည်မှာ ဝါဆို ဝါခေါင်၏ အမှတ်သညာများပင်ဖြစ်တော့သည်။-ဆက်ရန်

written by @mgtoetat
photos by @mgtoetat
MSC-073

Sort:  

မိုးရွာတာတော့ကြိုက်တယ်။ဒါပေမဲ့ မိုးရွာရင် မီးပျက်တတ်တာတော့ မကြိုက်ဘူး။

ခုတောင် ပျက်နေတာ ကျွန်တောလဲမကြိုက်ဘူးဗျ

မိုးတွင်းကသွားရလာရတာအ​ဆင်​မ​ပြေဆုံးပဲ။ဖားသား​တော့တခါမှမစားဖူးဘူးရှင့်​။

စားကောင်းတယ် ဟီး

ကိုယ်ချင်းစာတရားဆိုတာ မသိသေးတဲ့ ငယ်ငယ်ကတော့ ကိုယ်တိုင် ထွက်ပြီးဖားရိုက်ခဲ့ဖူးပါတယ်

ဒါကတော့ ငယ်တုန်းအရွယ်ကိုးဗျ

မိုးရွာ၇င်​အျပ်​လို့အ၇မ်း​ကောင်း

အမှန်ပဲ ဘဒို!!

ဖားအော်သံလေးနဲ့အိပ်ရတဲ့ မိုးရာသီ

အမှန်ပါဘဲဗျာ

မိုးရာသီအမှတ်ရစရာလေးတွေ

မိုးတွင်းရောက်တုန်းရေးထားတာ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 62661.87
USDT 1.00
SBD 3.76