အားလုံးမှန်၍ကျွန်တော်မှားသည်

in #myanmar6 years ago (edited)

image

ဟို Review တွေသည် Review တွေကျွန်တော်လုပ်သည်။ Review ဆိုတော့ သုံးသပ်သည်ဝေဖန်သည်။ ဒီနေ့တော့ ကိုယ်ကိုယ်ကိုယ်ပြန်ပြီး Review လုပ်တော့မည်။ စနေနေ့တွင် အိုရန်ဟိုင်၏တေးသံ ဝတ္တုကို Review လုပ်ထားသည့် ဆောင်းပါးလေးကျွန်တော်ရေးသည်။ နံနက် (၉)နာရီလောက်တွင် Steemit ပေါ်တွင်တင်သည်။ ခုစာရေးနေသည့် နေ့လည် (၂)နာရီခွဲအထိ ဝင်ရောက်ဖတ်ရှုသူမရှိ။ မှတ်ချက်ပေးသူမရှိ။(မှတ်ချက်-နောက်နေ့ လည်းမရှိ) Pro နေ့ဆိုလျှင်တော့ ဘာပဲပြောပြော ၂ ဦး ၃ ဦးအနည်းဆုံးဝင်ဖတ်ပြီးလောက်ပါပြီ။

ဒါဆို ကျွန်တော့စာကိုဘာကြောင့်မဖတ်ကြသနည်းဟု ကျွန်တော်တွေးတော့ ကျွန်တော့စာကိုဘာကြောင့်ဖတ်ရမှာ နည်းဟု ပြန်မေးမိသည်။ ဟိုတစ်နေ့က ကျွန်တော် ပြောသလို ဖတ်ချင်သဖွယ် စေတနာထားရေးသားသည်ဆိုပါဦး ဒီထက် ကောင်းတဲ့စာတွေ မြန်မာပြည်တွင်အများကြီးရှိသည်။ စာကောင်းပေကောင်းဖတ်လိုလျှင် Steemit ပေါ် ဖုန်းဘေအကုန်ခံ တက်၍ဖတ်နေမှမဟုတ် facebook ပေါ်တွင်အကြောင်းအရာမျိုးစုံနေအောင်ရှာဖွေဖတ်ရှုနိုင်သလို Google ပေါ်တွင်လည်း စာအုပ်မျိုးစုံနေအောင် ဒေါင့်လော့ ဆွဲ၍ဖတ်နိုင်သည်။

တကယ်တော့ Steemit ပေါ်တွင် စာဖြစ်ရုံရေးလည်းရသည်။ စာဖြစ်ရုံမန့်လည်းရသည်။ ဘာကြောင့်များ ကျွန်တော် က သူများရေးသောစာများကို သွားပြီးပုတ်ခတ်နေရသနည်း။ တကယ်လိုအပ်ပါရဲ့လား။ မကျေနပ်ရင် Upvote မပေးရုံ Comment မရေးရုံရှိမည်။ သူများလည်း လာရေးချင်မှရေးမည် Vote ပေးချင်မှပေးမည်။ ဒါကသူတို့၏ မိမိတို့၏ ကိုယ်ပိုင် အခွင့်အရေးဖြစ်သည်။ ကျွန်တော့ စာကြောင့်အချို့မဝင့်မရဲစာရေးနေရသူအချို့ လန့်ဖြန့်ပြီးစာမရေးတော့လျှင် Pro ဇာတ်လမ်းအဆုံးသတ်သွားရန်သာရှိသည်။ အကျိုးမရှိသည့်အပြင် အကျိုးယုတ်သွားနိုင်သေးသည်။

နေရာတကာစေတနာတွေထားနေစရာလိုအပ်ပါ့မလား။ Steemit ပေါ်တွင်စာကောင်းပေကောင်းတွေ ရောက်လာ တော့ရော ဘယ်သူတွေကလာဖတ်ကြပါမည်နည်း။ လတ်တစ်လောခုချက်ခြင်းရေးထားသည့် စာကိုပင်လာရောက်ဖတ်ရှုသူ မရှိရာ နောင်အခါ လာရှာဖတ်ကြလိမ့်မည်ဟု ရူးသွပ်စွာထင်မြင်မိနေခြင်းပါတကား။ စာကိုပုံမှန်လေးရေးနေပြီး၊ Pro တင်ပြီး မဖြစ်မနေဖတ်ရသူထဲမှ တစ်ယောက်စနှစ်ယောက်စအကျိုးရှိလည်းပြီးတာပဲလေဟူသည့် ခပ်လျော့လျော့စေတနာလေးထား လျှင်လည်း လုံလောက်နေပါလျှက် အားလုံးကို စာကောင်းပေမွန်တွေရေးနေစေချင်သော ကျွန်တော်၏လောဘသည်။ မတော်လောဘပင်ဖြစ်ပေလိမ့်မည်။သို့မဟုတ် မဖြစ်နိုင်သော အရာကိုမျှော်မှန်မိနေခြင်းဖြစ်ပေလိမ့်မည်။

မနေ့ကပွဲဆူသွားပြီး ကျွန်တော့ ပို့စ်တွင် ကွန့်မန့်အရှည်ကြီးများနှင့် အနည်းငယ်စည်ကားသွားသော်လည်း ဘယ် နိုင်ငံခြားသားကမျှ စိတ်ဝင်တစားလာပြီး Vote ပေးသွားမည်လည်းမဟုတ်ပါ။ ဆိုတော့ သူ့ဘာသာသူ အဆင် ချောမွေ့နေသော MSC သည် ကျွန်တော့ကြောင့် ပွက်လောရိုက်အနှောက်အယှက်ဖြစ်ရသည်ရှိသော် ကျွန်တော်သာလျှင် တာဝန်ရှိပါလိမ့်မည်။

MSC မိတ်ဆွေများပိုနေမြဲ ကျားနေမြဲ ရေးကြသားကြ မန့်ကြပါရန်အထူးပင်မေတ္တာရပ်ခံပါသည်။

ဤတွင် မိမိကိုယ်ကိုယ်ပြုလုပ်သော review ပြီးပါပြီ။

မင်းစိုးနိုင်

MSC-010

Photo –Google

Sort:  

မည်သည့် postတွေဖြစ်ပါစေ ဒီလိုစိတ်စေတနာတွေနဲ့ ပိုမိုကောင်းမွန်ကြစေရန် ပိုမိုတိုးတက်ကြစေရန် အချင်းချင်း သိရှိကြဖို့ အရေးကြီးပါတယ်။အကောင်းမြင်ဝါဒနဲ့ အားလုံးကောင်းဖို့အတွက်ဆိုတာကို သိရှိပြီး လက်ကိုင်ထားနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ကောင်းမွန်လှပါတယ် ဦးမင်းခင်ဗျာ။

လူနည်းနေတဲ့အခါ စည်းလုံးသွားကြရင် ပိုကောင်းပေါ့

ဘားပြောဘူးနော်

မပြောလို့မရဘူးလေ ပြောပါ

ပြောဆိုလည်း ပြောမယ် ဆာမင်းစိုးဘက်လည်း မပါဘူး အခြားသူဆိုတဲ့ ဘယ်သူမှန်းသိတဲ့သူတွေဘက်လည်း မပါဘူး အနော့်ဖာသာနေတာပါ အမှန် က အမှား မဟုတ်သလိုလေ အမှားကလည်း အမှန် မဟုတ်ပါဘူး ဆာမင်းစိုးရယ်

အိုကေ ကိုယ်လည်းဆာမင်းစိုးဆိုတဲ့သူဘက်ကပါတယ်မထင်နဲ့ ဘယ်သူ့ဘက်မှမပါဘူး၊

ဦးစိုး အားပေးပါတယ်ဗျာ လက်ရည် မကျကြေး
ဖိုက်တင်း ကလေးတွေလိုအားပေးတာပါ

အားပေးနေတော့ရေးရပြန်ဦးမယ်

ကိုကြီးစိုးရေ ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ မင်းသားနဲ့မင်းသမီး ကြည်နူးနေတဲ့ အခန်းတွေချည်းပဲ လူတွေကြည့်နေရရင် ပျင်းရိငြီးငွေ့သွားတော့ပေမပေါ့ဗျာ။ ဗီလိန်ကောင်လေးလဲပါမှ။ အကြမ်းအရမ်း ထိုးကြိတ်ခန်းလေးလဲပါမှ။ သည်းထိတ်ရင်ဖို စွန့်စားခန်းလေးလဲပါမှ။ ဝမ်းနဲစရာအခန်း ပျော်စရာအခန်းလေးတွေလဲ သူ့နေရာနဲ့သူပါမှ ဒီရုပ်ရှင်ဇာတ်ကားက ကြည့်ကောင်းတော့မှာပေါ့ဗျာ။

ဘုရားခင်ကအဲလိုမျိုးဖန်ဆင်းခဲ့တာတဲ့ ခရာစ်ယန်နဲ့ဆိုင်တဲ့အမေးအဖြေစာအုပ်ထဲမှာဖတ်ဖူးတယ်

အမှန်​အတိုင်းဝန်​ခံရရင်​​တော့ အားလုံကိုဖတ်​မိသည်
သို​သော်​ သုံး​လေး​ကြာင်း​လောက်​ဖတ်​စိတ်​ဝင်​စားရင်​ဆက်​ဖတ်​ စိတ်​မဝင်​စားအလုပ်​မအားလျှင်​ဆက်​မဖတ်​​တော့​ပေ မန့်တာက​တော သူများမန့်​တာ​လေကြည်​ပြီး​မှေးပြီးမန့်​လိုက်​တယ်​ ၊၊အကျွန်ုပ်​မလိမ်​ချင်​ပါ အမှန်​​ပြောပါသည်​ ။-(ဆဲတဲ့သူပြန်​ဆဲမည်​အဟပ်​ အဟပ်​ ​နောက်​တာပါ ​နော်​ စိတ်​မဆိုးနဲ့ အဟိ)။

ရူးတိုးတိုး ဒီလိုတွေပဲလေ လျောက်ပြောရဘူး အတူတူတွေ

တခါတ​လေ@yuzanaလိုကိုယ်​​တွေလည်းလုပ်​မိတယ်​...အဟီး.အမှန်​၀န်​ခံတာပါ...အမြဲမလုပ်​ပါဘူး...တခါတ​လေပါ....😁

စေတနာကိုမြင်ရပါသည်

ဟား...အမြင်စူးတယ်

ဇာဂနာရဲ့ ပျက်လုံးလေးတစ်ခု သတိရမိတယ် မှန်ကန်ရင် ကွဲတတ်သည်တဲ့ ဦးမင်းစေတနာတွေကို နားလည်ပါတယ် ဘာပဲဖြစ်ဖြစ် စာရေးဖို့ တွေးလိုက်တာနဲ့ အကောင်းဆုံးရေးဖို့  အတွေးလေးတွေကို အမုန်းခံပြီး ထည့်ပေးနိုင်ခဲ့တာ အမြတ်ပေါ့ ဦးမင်းရာ

တစ်ခါတည်းပါ နောက်ကျအဲတာမျိုးရေးတော့ပါဘူး။

ဦးမင်းက‌တော့ လုပ်‌ပြီ။ အိပ်‌ချင်ေ ပြတာ‌ပေါ့ ဦးရယ်‌။ ပွဲဆူ‌အောင်‌ လုပ်‌‌ပေးမှ ပိုစည်‌ကားတာ။ဒီရက်‌ပိုင်း reply post‌တွေ လာဦးမယ်‌ထင်‌တယ်‌။ အမြဲအား‌ပေးလျက်‌ပါ ဦးမင်း။

အချို့စိတ်ဓာတ်ကျပြီးစာရေးချင်စိတ်ကုန်သွားမှာစိုးရိမ်မိတယ်လေ

ဆရာရေးသားသောpostများကိုဖတ်ပါတယ်cmtသာမရေးဖြစ်တာပါဗဟုသုတများရပါတယ်

ကွန်မန့်မရေးပေမယ်ဝင်ဖတ်သူအချို့ရှိသည်ကိုသိပါသည်၊ကျေးဇူးပါ။

ကျွန်တော်ကတော့ proတင်သမျှPostတွေအကုန်သေချာဖတ်
တယ် cmtပေးတယ် ကျွန်တော့Postလာမဖတ်ရင်လည်း
မပြောတော့ဘူး အရင်လိုcmt 15ခုပြည့်ရမယ်ဆိုတဲ့
သတ်မှတ်ချက်မရှိတော့လို့အခုလိုပေါ့လျော့ကြတာပဲလား
ငွေလိုချင်တဲ့သူတွေမလို့ရေးနေကြတာ
လောဘအနည်းနှင့်အများရှိတာကတော့ဟုတ်ပါတယ်
ကျွန်တော့်မှာလည်းရှိပါတယ်
ဒါပေမဲ့ အပြန်အလှန်တာဝန်ယူစိတ်လေးရှိရင်
အကောင်းဆုံးပေါ့ဗျာ

တစ်ခါတစ်လေ ကိုယ်က အကုန်လိုက်ပြီး vote တယ်မန့်တယ် ကိုယ်ဆီတော့ ဆယ်ယောက်လောက်ပြန်တယ်၊ဒီလောက်ဆိုလည်းမဆိုးဘူးလို့သတ်မှတ်ပါတယ်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70797.92
ETH 3553.00
USDT 1.00
SBD 4.76