အမှောင်ထဲမှာလမ်းလျှောက်ခြင်း

in #myanmar5 years ago (edited)

image
image source

မနေ့က Steemit အဖွဲ့ဝင်အသစ်တွေ မြန်မာအုပ်စုတွေများလာတာတွေ့လို့စုစုစည်းစည်လှုပ်ရှားကြမယ့် အကြောင်း ပို့စ်တင်ပြီးဖိတ်ခေါ်ကြည့်လိုက်ပါတယ်။ ထုံးစံအတိုင်းတစ်ယောက်တစ်လေမှ ဝင်မန့်လာတာ မတွေ့ရပါ။ဒါက မိမိပို့စ်တွင်မြန်မာ tag မပါလို့လားသို့မဟုတ် စိတ်ဝင်စားသူမရှိလို့လားမသိရပါ။ သေချာသည်မှာ တစ်ယောက်မှပင် မန့်သူမရှိခြင်းဖြစ်ပါသည်။အင်း... msc တွေကတော့ မန့်ရဲမည်မထင်ပါ။ သူတို့ကလည်း စည်းကမ်းဘောင်အတွင်းနေထိုင်ခြင်းဘေးကင်းရန်ကွာစိတ်ချမ်းသာနေပါလိမ့်မည်။ ဆိုတော့ အခြားတပါးသောသူတွေကရော မတွေ့နိုင်ခြင်းများလား။

တကယ်တော့ Steemit သည် Facebook ကဲ့သို့ အချင်းချင်းရှယ်လိုက်ကြပြီး တစ်ကမ္ဘာလုံးသို့ပြန့်နှံသွား တတ်သောသဘောမရှိသည်မှာသေချာလှသည်။မိမိတစ်ယောက်တည်းရေးချင်ရာရေးနေသည်ကို Auto Vote ပေးထားသူများနှင့် ဘာတွေရေးထားမှန်းမသိပဲရန်းသန်း Vote ပေးနေသူများကြောင့်သာ Vote ရနေသေးခြင်းဖြစ်သည်။ ပြောရလျှင် သစ်ခေါင်းထဲခေါင်းထဲ့ပြီး အော်ချင်သလိုအော် ဘယ်သူမှ မကြား ရသလိုဖြစ်နေသည်။

ပြောသာပြောရသည် facebook ပေါ်တွင်လည်းကြုံတော့ကြုံဖူးသည်။ Facebook ပေါ်တွင် မိမိဓာတ်ပုံ တစ်ပုံတင်လိုက်လျှင် မှတ်ချက်တွေအများကြီးရလာသော်လည်း ဆေင်းပါးတစ်စောင်ရေးလိုက်လျှင် ဘယ် သူမှဝင်မဖတ်သလို ဘာမှတ်ချက်မှတက်မလာသည်ကိုအခါခါတော့ ကြုံခဲ့ဖူးသည်။ထိုသို့ဖြစ်ရသည်မှာ မိမိ၏ ညံ့ဖျင်းလှသောစာများကြောင့်လည်းဖြစ်နိုင်ပါသည်။

မည်သိုပင်ဆိုစေ၊ မည်သူမျှဖတ်သည်ဖြစ်စေမဖတ်သည်ဖြစ်စေ၊ရေးနေရဦးမည်မှာမိမိဝတ္တရား သာဖြစ်လေ သည်။လူမသိသူမသိစာရေးဆရာကြီးပေကိုး။

Sort:  

ဦးမင်းရေ ဈေးကောင်းနေတုန်းကလည်း contest တွေ လုပ်တာ လူမလာပါဘူး မသိတာရယ် အဖွဲ့ စွဲနေတာရယ် ပါပါတယ် တစ်ယောက်စ နှစ်ယောက်စ ဝါသနာပါတူအချင်းချင်း စုဖွဲ့ရင်း စရမှာပါပဲ

မှန်ပါတယ် ကိုစော အဲဒီတစ်ယောက်စနှစ်ယောက်စကပဲ အောင်မြင်လာပြီး Steem Power များလာတဲ့အခါ အခြားသူတွေပူးပေါင်းလာအောင် vote ပေးပြီးစည်းရုံးရမှာပဲ

မမန့်ချင်တာမဟုတ်ပါဘူး ဟိုတစ်လောက ဟတ်ကာတစ်ယောက် ဆော့ဝဲနဲ့လင့်ချပြီးဒေါင်းဘုတ်တွေမိကုန်လို့ လန့်ကုန်တာ ပြန်မန့်လျှင်တောင် downvote ကမလွတ်ဒါကြောင့်စောင့်ကြည့်နေတာပါ မိမိကို sp မြင်အောင်လုပ်နေတာကတစ်မျိုးန့ စိတ်မရှည်ကြဘူး weku ဘတ်သွားနေကြလို့ အခုမှ partiko နဲ့ပြန်ဝင်ပြီးစာတင်မှာ sp ကော sbd ကော တက်လာတာ ပြန်လုပ်ကြတော့မှာပါ mso မန်ဘာတွေကို message ပို့ထားပါတယ်

Posted using Partiko Android

လူရှိလားလို့စကားခေါ်ကြည့်ရုံပါဘုရား။ တကယ်လုပ်မယ်ဆိုရင် Facebook ကလူစုမှရမှာပါဘုရား။

မှောင်သောလမ်းမှာ စမ်းတဝါး

မန့်တွေ မရှိပဲ စာရေးတတ်ခဲ့တာတော့ ကြာပါပြီ။ အဲ ဖတ်မည့်သူလဲ မရှိပဲနဲ့ပေါ့။ အစီအစဉ်တစ်ခုတော့ လိုပါတယ်။ အပြန်အလှန် မန့်ပေးကြမယ့် အစီအစဉ်မျိုးပေါ့။ ဒါပေမဲ့ ကို @aggamun နဲ့ steembounty ကိုတောင် မှ စိတ်မဝင်စားကြတော့လဲ ဘယ်လိုလုပ်ရမလဲ။

အဖွဲ့တစ်ခု ဖွဲ့မယ်ဆိုရင်ရော... ဘယ်လိုတွေ ဖွဲ့ကြမှာလဲ။ ဘယ်လို စည်းမျဉ်းတွေ ချမှာလဲ။

ပြင်ပက အဖွဲ့အစည်းတွေရဲ့ အကူအညီလိုပါတယ်။ ဘယ်အဖွဲ့တွေကို အကူအညီတောင်းမှာလဲ။

@aggamum, @nayhlaingsoe, @bobokyaw, @mm7, and others except msc.

ဟုတ်တော့လည်းဟုတ်ပါရဲ့။ ဒါပေမယ့် လူ လေးငါးယောက်ပဲဖြစ်ဖြစ် အလုပ်တစ်ခုခု တွဲလုပ်ကြရင်း အကျိုးအမြတ်လည်း ရှိမယ်ဆိုရင် တဖြည်းဖြည်းပူးပေါင်းလာကြမှာပါ။လောလောဆယ်တော့ ဒီလူတွေအချင်းချင်းပဲအပြန်အလှန်မန့်ကြတာပေါ့။ တစ်ခုတော့ရှိတယ်။ ကျွန်တော့ရဲ့ actifit တို့ သူများတွေရဲ့ steem monstar တို့ကိုတော့ မန့်စရာမရှိတော့လာမန့်ကြမှာမဟုတ်ဘူး။ သူများမန့်ဖို့ကေင်းတဲ့ အကြောင်းအရာမျိုးတော့ဖြစ်ဦးမှ ဖြစ်ပြီဆိုရင်လည်း အပြန်အလှန်မန့်ချင်စိတ်ရှိဦးမှဆိုတော့ @mmunited ပြောသလို စည်းမျဉ်းလေးတော့ထုတ်ရမှာပေါ့။ မတင်းကျပ်တဲ့စည်းကမ်းလေးလောက်ပါ။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61482.47
ETH 2990.09
USDT 1.00
SBD 3.67