အပေါ်ယံသဘောစာဖတ်ခြင်းဟာအချိန်ဖြုန်းပစ်တာလား

in #myanmar5 years ago (edited)

5p9e3zcm5p.jpg

ကျွန်တော်ငယ်ငယ်က ကိုယ်ကြိုက်တဲ့ စာအုပ်လေးများ ရရင် စာအုပ်ဆိုင်က ငှါးလာပြီးလမ်း လျှောက်ရင်း ဖတ်လာတာ အိမ်ရောက် တဲ့အထိပဲ။ ခုခေတ်လို ဆိုင်ကယ်သမားတွေပေါပေါနဲ့ဆိုရင်တော့ သေချာပေါက် ဆိုင်ကယ်တိုက်ခံရပြီပဲ။ အိမ်ရောက်တော့လည်း အိမ်မှာက စာကြည့်ဖို့လျှပ်စစ်မီးကရှိတာ မဟုတ်တော့ လမ်းဘေးက ဓာတ်တိုင်အောက်မှာ တစ်ထိုင်တည်းပြီးအောင်ဖတ်တော့တာပဲ။ မင်းသိင်္ခတို့၊ တရုတ်သိုင်း ဝတ္ထုတို့၊ ချစ်ဦးညိုတို့ဆိုတကယ်အသည်းစွဲဖတ်ခဲ့တာ။

နောက်ပိုင်း GTI တက်တော့လည်း ကျောင်းစာကြည့်တိုက်ကစာအုပ်တွေမွေတော့တာပဲ။ ဂေါ်ဂီရဲ့ ဂေါ်ဂီတို့ ၊ရှားလော့ဟုန်းတို့၊ မြသန်းတင့်စာအုပ်တွေ၊ စသည်ဖြင့် အကုန်ဖတ်ခဲ့တာ။ စာဖတ်ရတာကို ဂုဏ်လည်းယူတယ်။ နှစ်လည်းနှစ်သက်တယ်။ ပျော် လည်းပျော်တယ်။ ဒီလို ၈၈ အရေးတော်ပုံကြီးဖြစ်တော့ ကျောင်းသားတွေကျောင်းမတက်ရဘူးဆိုအားယားကုန်တာပေါ့။ ဒါနဲ့ပဲစာအုပ်မုဆိုးဆိုတော့ စာအုပ်တွေအ များကြီးဖတ်လို့ရမယ့် နေရာရှာဖွေနေမိရင်း တစ်နေ့တော့ ဘုန်းကြီးဖိုးနီကျောင်းကိုရောက်သွားပါလေရော။ ဘုန်းကြီးနာမည်က ဘိက္ခုဝရသမ္ဘောဒိ ပါတဲ့။ ဒါပေမယ့် ဘုန်းကြီးဖိုးနီလို့ပဲနာမည်ကြီးပါတယ်။ လူနာမည်ကို ဘုန်းကြီးဆိုတာနဲ့တွဲခေါ်သလားတော့မသိပါဘူး။

ထားပါတော့ ဒါကအဓိကမဟုတ်ပါဘူး။ ပြောချင်တာက ဘုန်းကြီးဖိုးနီကျောင်းက စာအုပ်တွေအ ကြောင်းပါ။ ကျောင်းက တစ် ထပ် သစ်သားကျောင်းကလေး။ အပေါ်ထပ်တစ်ခုတည်းရှိတာမှာ စာအုပ်တွေ က ဖျာခင်းထားတဲ့ပေါ်မှာ အပြည့်ပဲ ထပ်ထားတာတွေက အမြင့်သုံးလေးပေရှိတယ်။ နံရံမှာလည်း ဘီဒို တွေ ရှိပြီး ဘီဒိုတိုင်းမှာစာအုပ်တွေချည့်ပါပဲ။ ကျွန်တော့မှာတော့ ရေ ငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ ဘုန်းကြီး ကျောင်းကိုလိုက်ပို့တဲ့သူငယ်ချင်းက ကျွန်တော့ကို မိတ်ဆက်ပေးပါတယ်။ စာဖတ်ဝါသနာပါကြောင်း၊စာရေး ဝါသနာပါကြောင်းပေါ့။ ဘုန်းကြီးဖိုးနီကတော့သိပ်ပြီး ကျွန်တော့ကို စိတ်ဝင်စားတဲ့ပုံမတွေ့ ရပါဘူး။ ယူဖတ် ကြပါလို့ပဲမိန့်ပါတယ်။ ငှါးတော့မငှါးဘူးတဲ့ လူတွေကငှါးသွားရင်ပြန်မပေးလို့ဘုန်းကြီး ကလိုက်တောင်းနေလို့ သင့်တော်တာမဟုတ်ဘူးတဲ့။ အချို့ကိုငှါးပေးလိုက်ဘူးတယ်။ပြန်မရပဲဆုံးသွားတယ်တဲ့ ။ တင်ပါ့ဘုရား တပည့်တော်က ဒီမှာပဲဖတ်မှာပါဘုရားဆိုပြီး တစ်အုပ်ပြီးတစ်အုပ်ဖတ်တော့တာပေါ့။ စာအုပ်တွေကလည်း ကောင်းမှကောင်း၊ ရှေးခေတ်ကနာမည်ကြီးစာအုပ်တွေချည့်ပဲ။ ဂျာနယ်ကျော်မမလေးစာအုပ်တွေ၊ ဂျာတယ် ကျော်ဦးချစ်မောင်စာအုပ်တွေ။ ဗန်းမော်တင်အောင်စာအုပ်တွေ၊နိုင်ဝင်းဆွေစာအုပ်တွေ၊ ရှေးခေတ်နန်းတွင်း အနှိပ်ကျမ်း၊ ခန္ဒာဗေဒစာအုပ်တွေများလွန်းလို့ဘယ်ကစပြောရမှန်းတောင်မသိတော့ဘူး။

ဒီလိုနဲ့ ဘုန်းကြီးဖိုးနီကျောင်းက စာအုပ်တွေယူဖတ်တာ ၂ ပတ်ကျော်ကြလာတော့ ဘုန်းကြီးဖိုးနီနဲ့ ကျွန်တော်လည်းရင်းနှီးလာပါတယ်။ ရင်းနှီးလာတော့ ကျွန်တော့အပေါ်လည်း ယုံကြည်လာတယ်နဲ့တူပါ တယ်။ ဒါနဲ့ အိမ်ကိုယူသွားတာမကြိုက်တဲ့ ဘုန်းကြီးဖိုးနီက ကျွန်တော့ကို အိမ်ကိုယူသွားပြီးဖတ်ဖို့ခွင့်ပြုလာ ပါတယ်။ ဒါပေမယ့်အရင်တုန်းကလို ဖတ်ပြီးပြန်ထား မဟုတ်တော့ပဲ။ ကျွန်တော်ပြန်ပေးတဲ့စာအုပ်ကိုကိုင် ထားပြီး ဒီစာအုပ်မှာအခန်းဘယ်နှစ်ခန်းပါသလဲလို့မေးလိုက်ပါတယ်။ကျွန်တော်လည်း အမှန်အတိုင်းဝန်ခံရ ရင် ဖတ်ပြီးပြီဆိုပေမယ့် ဘယ်နှစ်ခန်းပါသလဲဆိုတာမမှတ်မိပါဘူး။ကျွန်တော်ပြန်ဖြေဖို့အကြံအိုက်နေတုန်းမှာ ဘုန်းကြီးဖိုးနီက စာအုပ်ကိုပြန်ပြီးလှမ်းပေးပါတယ်။ ပြန်ယူသွားတဲ့ နောက်စာအုပ်ပေးမငှါးသေးဘူးတဲ့။

ကျွန်တော်လည်းခပ်ရှက်ရှက်နဲ့ စာအုပ်ကိုပြန်ယူပြီး။ တင်ပါ့ဘုရားဆိုပြီးပြန်ယူလာခဲ့ရပါတယ်။ မင်းတို့ဒီခေတ် လူငယ်တွေ စာ ဖတ်တာအရမ်းလိုတယ်။ အပေါ်ယံသဘောစာဖတ်ခြင်းဟာ အချိန်ဖြုန်းပစ်တာပဲတဲ့။ မေး တော့လည်းဘာမှမသိဘူး။ မဖတ် ရသေးဘူးလားဆိုတော့လည်း ဖတ်ပြီးသား။ ဒီတော့ ဘာရသလဲဆိုတော့ ကြွားဖို့ပဲရတယ်။ဒီစာအုပ်ငါဖတ်ပြီးသားပါကွာပေါ့။ တကယ်တော့ သေသေချာချာမေးရင်သူဘာမှမသိဘူး။ အလကားပဲတဲ့။

ဒီစကားကိုနားထောင်ပြီး ဘုန်းဘုန်းရဲ့ စိတ်စေတနာကိုနားလည်သွားတာမို့ စာအုပ်ကို အလွတ်နီးပါးရအောင်ကျက်ခဲ့ရပါတယ်။ အခန်း ၁၈ ခန်း ၊တစ်ခန်းခြင်းရဲ့ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေ အသေးစိတ်ကိုပြန်ပြောနိုင်တော့မှ နောက်ထပ်စာအုပ်နှစ်အုပ်ကို ထပ် ပြီးငှါးဖတ်ခွင့်ရခဲ့ပါတယ်။ ဆရာဘုန်းကြီးဖိုးနီရဲ့ ကျေးဇူးကြောင့်ခုတော့ စာအုပ်တွေကို သေသေချာချာ ဖတ်တတ်လေ့ လာတတ်ခဲ့ပါပြီ။ ဆရာဘုန်းကြီးဖိုးနီကို ဦးခိုက်ကန်တော့လိုက်ပါသည်။ခုတော့ ဆရာဘုန်းကြီးဖိုးနီမရှိတော့ပါပြီ။

မင်းစိုးနိုင်

MSC-010
Photo - google

Sort:  

ကျမဆို စာတစ်အုပ်ဖတ်ပြီးဖို့ လချီကြာတယ်

Posted using Partiko Android

ကြာပါစေကြာသလောက်မှတ်မိဖို့ပဲလိုတာ မြန်တဲ့သူက အများအားဖြင့်အပေါ်ယံလျှပ်ဖတ် သွားတာများတယ်၊ ငါလည်းမြန်တယ်

Posted using Partiko Android

စာဖတ်​တာ​ကောင်း​သောအ​လေ့အကျင့်​ပါ...ပိုစ့်​မှာ​ပြောထားသလိုစိတ်​၀င်​စားဖတ်​မှအသိတိုးမှာပါ...

Posted using Partiko Android

မှန်၏

Posted using Partiko Android

အသိ‌တွေတိုး‌စေပါတယ်‌ဦးမင်း။ စာဖတ်‌ရင်‌လည်း ဂရုတစိုက်‌ဖတ်‌ပါ့မယ်‌။

အချို့ကအလေ့အကျင့်ကောင်းရှိပြီးသားနေမှာပါ ၊ကိုယ်သာ အရင်က ဖတ်ဖတ်ပြီး တကယ်ပြောဆို မပြောနိုင်ခဲ့တာ

Posted using Partiko Android

အားကျမိပါတယ်ဆာမင်းစိုးရယ် ကျနော်တော့ ပြာလောင်တို့ သမိန်ပေါသွပ်တို့ စံရွှေမြင့်တို့ပဲ ဖတ်ဖြစ်ခဲ့တယ်ဗျို့ ☺ ခုနောက်ပိုင်းစာဖတ်ရင်တော့ တတ်နိုင်သလောက်သေသေချာချာဖတ်ဖြစ်ပါတယ် ဒါတောင်မေ့မေ့နေတယ်ဗျ

ဂလိုပြောတာ ယုံမယ်ထင်နေလား ဂလောက်တော့ သိတယ် ပုံ..ပြာဂလောင်ပြာလချောင်

Posted using Partiko Android

စာဖတ်တာချင်းလဲတူပါ၏။ စာရေးဆရာအကြိုက်လဲတူပါ၏၊ ဂေါ်ကီ ဘာသာပြန်စာအုပ်လည်း (၉)တန်းနှစ်ကတည်းကဝယ်ထားပါ၏။ ဆရာမသန်းတင့်၊ ပါရဂူ၊ ဗန်းမော်တင်အောင် သိန်းဖေမြင့် အကုန်ကြိုက်၏။

ဂေါ်ဂီတောင်ခုအသစ်ပြန်ထွက်နေတယ်၊အရင်ကစာအုပ်က သူများစာအုပ်ဖတ်ခဲ့ရတာ ပြန်သွားဝယ်ထားရဦးမယ်။ အဲဒီဘုန်းကြီးဖိုးနီဆိုတာ ဗန်းမော်တင်အောင်ရဲ့သူငယ်ချင်းပါ၊ အိန္ဒိယမှာ GTI ကျောင်းတက်ထားတာ ၊ဗန်းမောင်တင်အောင်ကို သူက ဒီကောင်ကြီးက လက်ကုန်နှိုက်တတ်တဲ့ကောင်လို့ပြောသွားတယ်။ သူသိချင်ရင် အကုန်အစင်သိအောင်လုပ်တတ်တယ်တဲ့။ ဗန်းမော်တင်အောင်ရဲ့ အနုစကြာဝဠာ မဟာစကြာဝဠာကိုကြည့်ရင်သိနိုင်ပါတယ်

Posted using Partiko Android

ဝါကျရှည်ရှည်ရေးနည်းက ဗန်းမော်တင်အောင် ဆီကနည်းယူရတာ၊ စာတစ်ပိုဒ်လုံါးကျတစ်ကြောင်းနဲ့ပြီးသွားတာ။ ဘုန်းကြီး ဘိုးနီက ကျုပ်လိုဖြစ်မယ်၊ ကျုပ်ကလည်းမကျေနပ်လို့လူရိုက်သွားရင်စိတ်မတိုဘူး၊ စာအုပ်ပျောက်ရင်အလွန်စိတ်တိုတာ။

သတိထားရမယ့် အချက်လေးကို ထောက်ပြသွား တန်ဖိုးရှိလှပါတယ်။ဂရုတစိုက် လိုက်နာကျင့်ကြံပါ့မယ်ဦးမင်း။အပေါ်ယံသဘောစာဖတ်ခြင်း မဖြစ်အောင်ပေါ့။

အမှန်တော့ ဘုန်းကြီးဖိုးနီနဲ့ခဏတာပဲဆုံခဲ့ရတယ်။ဒါပေမယ့်သူသင်ပြခဲ့တာတွေအများကြီးကျန်သေးတယ်

Posted using Partiko Android

အတုယူပါမယ်ဗျာ

ကောင်းတဲ့အချက်လေးတွေကိုလိုက်နာအတုယူတာ မင်္ဂလာပါပဲဗျာ

Posted using Partiko Android

သိပ်​မှန်​တာ​ပေါ့ ဆရာရယ်​ မဖတ်​ချင်​ရင်​မဖတ်​ဘဲ​နေယုံဘဲ
အ​ပေါ်ံဖတ်​​နေတာက မဖတ်​တာနဲ့သိတ်​မထူးဘူး​လေ

တကယ်တော့ ဘုန်းကြီးဘိုးနီကိုသတိယလို့ကွကိုယ် ပြန်သတိပေးရင်းပါ

Posted using Partiko Android

ဟုတ်တယ်နော် စာဖတ်ရာမှာလည်း ပညာလိုတာဘဲ
ကျမ စိတ်ဝင်စားတဲ့ အကြောင်းအရာဆို ကျက်စရာမလိုအောင် တစ်ခေါက်ဖတ်လိုက်တာနဲ့ တစ်သက်လုံး မှတ်မိနေတတ်ပြီး တစ်ချို့စာတွေကို ဖတ်ထားလည်း ပြန်မပြောတတ် သူများပြောလိုက်မှ ဒါ ငါသိပြီးသားဘဲ ဆို တာမျိုးတွေ လို ဆိုတော့ စာတော့ဖတ်တယ် သမန်ကာ လျံကာ ဖတ်တယ်ပြောရမယ်

ကျွန်တော်လည်းအဲ့လိုမျိုး ခုတော့သေသေချာချာဖတ်ပါပြီ

Posted using Partiko Android

စာဖတ်ရာဝယ် စာမှတ်မိတာ ကောင်းပါတယ်ဗျာ

Posted using Partiko Android

မမှတ်မိတော့ ဖတ်မထားတာနဲ့တူတူပဲ

Coin Marketplace

STEEM 0.34
TRX 0.12
JST 0.039
BTC 69684.47
ETH 3531.05
USDT 1.00
SBD 4.73