အမိအဖကိုစွန့်ပစ်ခြင်း

in #myanmar5 years ago (edited)

image
Facebook ပေါ်မှာ အဖေအမေကိုစွန့်ပစ်တဲ့ သားသမီးတွေအကြောင်းဖတ်ရတဲ့အခါ အလွန်ခံပြင်းမိတယ်။ ဒီလိုသားသမီးဆိုးတွေလည်းရှိပါလားလို့ အပြစ်တင်မိတယ်။ ပညာပေး ဗီဒီယိုလေးတွေမို့ သဘောလည်းကျ တယ်။ တစ်ခုက မြေးကအဖွားကိုဂရုစိုက်တယ်။ ဒါကို မိခင်လုပ်သူက လုပ်ပေးမနေနဲ့ သေခါနီးအဖွားကြီး ဘာညာပြောတယ်။မြေးဖြစ်သူက အဖွားကို မကျွေးမွေးရဘူးဆိုရင် အမေတို့ကိုလည်း အိုလာရင်သမီးမကျွေး မွေးတော့ဘူးနော်ဆိုပြီးပြောလို့ မိဘတွေသံဝေဂရ ထိတ်လန့်သွားတဲ့ ဗီဒီယိုလေး။ နောက်တစ်ခုက အဖေ ကိုအဖိုးဖြစ်သူကို ခြင်းတောင်းကြီးနဲ့ထမ်းသွားပြီး စွန့်ပစ်တဲ့ ဓလေ့ရှိတဲ့ နေရာတစ်ခုမှာ အဖေဖြစ်သူက အဖိုး ဖြစ်သူကို စွန့်ပစ်ဖို့ ထမ်းသွားပြီး ခြင်းကြီးပါ။တစ်ပါတည်းစွန့်ပစ်ဖို့လုပ်တော့ သားဖြစ်သူက ခြင်းကြား ကြီးပြန် ကောက်ပြီး အဖေ့အလှည့်မှာစွန့်ပစ်ဖို့သုံးရဦးမှာလေဆိုပြီး ပြန်ကောက်ယူတော့ အဖေဖြစ်သူလည်း သူ့အ လှည့်ရောက်လာဦးမှာပါလားဆိုပြီး ထိတ်လန့်မိလို့ အဖိုးကို မစွန့်ပစ်တော့ပဲပြန်ခေါ်လာတဲ့ အကြောင်း လေး ရိုက်ပြထားတဲ့ ဗီဒီယိုလေးတွေပါ။ဒီဗီယိုလေးတွေကြည့်ပြီး ငါကတော့ ငါ့မိဘတွေကို ဘယ်တော့မှစွန့်ပစ် မိမှာမဟုတ်ပါဘူးပေါ့။ထင်မိတယ်။ ဒါပေမယ့်သေသေချာချာတွေးကြည့်တော့ အဖေအမေတွေက ကျွန်တော့ ပညာတွေသင်ဖို့ နှစ်တွေအများကြီးစောင့်ပြီး ငွေတွေအများကြီးအကုန်ခံပြီးပညာသင်ပေးခဲ့တယ်။ ကျောင်း တွေပြီးတော့ အစိုးရအလုပ်လုပ်တယ်။ ကိုယ့်တစ်ယောက်စာတောင်မနည်းရုန်းကန်ခဲ့ရတဲ့အတွက် မိဘ အတွက်ဆိုတာမရှိခဲ့ပါဘူး။ ဒါနဲ့အိမ်ထောင်ကျတယ်။ အိမ်ထောင်ဘက်အတွက်လည်း လစာနဲ့မကျွေးနိုင်လို့ ဒိုးတူပေါင်ဖက် အလုပ်တွေရှာကြံလုပ်ပြီး ခရီးဆက်ခဲ့ရပြန်လို့ မိဘအတွက်ဆိုပြီးမရှိခဲ့ပြန်ဘူး။ ဒီလိုနဲ့ရုန်း ကန်ကြိုးစားရင်း မိမိလည်း အသက် ၅၀ ကျော် မိဘတွေလည်း အသက် ၈၀ ကျော်ရောက်လာခဲ့ပြီ။ မိမိ အနေနဲ့ ငွေကြေးထောက်ပံ့ပေးနိုင်လာပါပြီ။ ဒါပေမယ့် အဖေအမေတို့လိုအပ်တာက ငွေကြေးတစ်ခုထဲ မဟုတ်တော့ပဲ၊ ပြုစုစောင့်ရှောက်မှုပါလိုအပ်လာတာပါ။ဒီအချိန်မှာ အမအကြီးဆုံးက မိဘနဲ့အတူနေသူမို့ မိဘဝေယာဝစ္စအားလုံးလုပ်ကိုင်ပေးနေရပေမယ့် ကျွန်တော်ကတော့ မိဘနဲ့ဝေးရာအစိုးရဌာနမှာပါ။ တကယ် တွေးကြည့်တော့ ဗီဒီယိုတွေထဲကလို ရက်ရက်စက်စက်စွန့်ပစ်တာမျိုးမဟုတ်တာကလွဲရင် မိမိလည်းတာဝန် တော့မကျေပါလား။သူတို့နဲ့ထူးမခြားနားပါလားလို့ခံစားမိရင်း ဝမ်းနည်းကြေကွဲမိပါသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

တစ်နှစ်တစ်ခေါက်တော့ ရောက်အောင်သွားပေးပေါ့ဦးမင်းရယ် အဲ့အချိန်လေးကို
သူတို့စောင့်စားနေကြမှာပါ

တစ်လတစ်ခေါက်တော့ရောက်ပါတယ်။ အားမရဘူး။

Posted using Partiko Android

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

Hi, @minsoenaing!

You just got a 0.16% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ဒီလိုပါပဲဗျာ😔

Posted using Partiko Android

ဘဝတွေက ဒီလိုပဲ နော် ကိုယ့်အလှည့်လည်းလာဦးမှာ

မိတ်ဆွေ၏ ပိုစ့်အား C2 curation myanmar မှ ရွေးချယ်လိုက်ပါသည်။


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70734.57
ETH 3561.52
USDT 1.00
SBD 4.75