မျက်စိပိတ်နေသူကို မျက်စီ ဖွင့်ပေးရတာလွယ်လိမ့်မယ်

in #myanmar5 years ago

မျက်စိပိတ်နေသူကို မျက်စီ ဖွင့်ပေးရတာလွယ်လိမ့်မယ်။ မသိနားမလည်သူကိုသိ နား လည်းအောင်လုပ်ပေးရ တာတော့မလွယ်ဘူး။

အမြဲတမ်းလိုလို ပေးချင်သူနဲ့ယူချင်သူဟာ အလှမ်းကွာနေဆဲ့ပဲ။ ငွေကြေးရှိတဲ့လူအချို့ဟာ မိမိငွေတွေကို ရင်းနှီးမြုပ်နှံလိုသူ အသေးစား အလတ်စားလုပ်ငန်း ရှင်များကိုရှာဖွေနေကြတယ်။ အသေးစားအလတ်စားလုပ်ငန်းရှင်ငယ်များက လည်း ငွေထုတ်ချေးပေးမယ်သူတွေကိုရှာနေကြ တယ်။ ဒါပေမယ့် သူတို့တွေက အကြောင်းအမျိုး မျိုးနဲ့မဆုံတွေနိုင်ဘူးဖြစ်နေကြတယ်။
အဲဒီအကြောင်းအမျိုးမျိုးဆိုတာတွေကတော့ ယုံကြည်မှုကိုမတည်ဆောင်နိုင်ခြင်းလို့ ခြုံပြီးပြော လို့ရနိုင်တယ်။ ငွေရှင်တွေက ငွေချေးပေးချင် ပေမယ့် လူတိုင်းကိုမယုံနိုင်ဘူး။ဖြစ်နေတယ်။ လုပ်ငန်းရှင်များဘက်ကလည်း ယုံကြည်မှုတည်ကို မတည်ဆောက်တတ်ဘူးဖြစ်နေကြတယ်။
ကျူပ်တို့မြန်မာလူမျိုးဆိုတာကလည်း သိတဲ့အ တိုင်းအလွယ်ရရင် လွယ်လွယ်ယူတယ်။ ပြန်မဆပ် ချင်ကြဘူး။ ယုံကြည်မှုတည်ဆောက်ဖို့ဝေးစွ။ ယုံကြည်မှုပျက်ပြားအောင်ပင် အကြိမ်ကြိမ်လုပ် တတ်တယ်။ ဒီလူမယုံလည်းနေ ယုံတဲ့နောက်တစ် ယောက်ထပ်ချေးမယ် ဆိုတဲ့သူကများတော့ မပေးချင်တဲ့ မပေးရဲတဲ့သူကိုလည်းအပြစ်မပြော သာဘူး။
ဒီနေရာမှာ သူများနိုင်ငံတွေနဲ့အကွားကြီးကွာမယ် ထင်မိတယ်။ ဒီမှာက ငွေလိုတယ်ဆိုရင် ငွေချေးချင် တဲ့သူက အပေါင်ပစ္စည်းထားမှချေးပေးချင်ကြ တယ်။ သိကြတဲ့အတိုင်းအပေါင်ပစ္စည်းထားတာ တောင်မှ ခဏခဏ မကြာခဏဆိုသလို အဲဒီအ ပေါင်ပစ္စည်းထားတဲ့အိမ်ကိုချိတ်ပိတ်လေလံ တင်ရ တဲ့ပြဿနာမျိုးတွေပေါ်ပေါ်နေတယ်။ မထားများမ ထားရင် ငွေရှင်တွေကအဆုံးရှုံးခံရတော့မလိုပဲ။
ဒီတော့ တကယ်ပဲမိမိတို့ချမ်းသာကြွယ်ချင်တယ်ဆို ရင်ဂတိတစ်လုံးကိုတော့ တည်ကြပါ။ အကြွေးကိုမ ရ ရအောင်ဆပ်ကြပါ။ငွေရှင်များဘက်ကလည်း တစ်ဝက်လောက်တော့လျော့ချပြီးယုံပေးကြပါ။
ဒီလိုသာ ချေးငှါးသူနဲ့ ချေးယူသူ နားလည်မှုရှိတဲ့ ယဉ်ကျေးမှုကိုတည်ဆောက်နိုင်ပြီဆိုရင် နှစ်ဦးနှစ် ဘက်အလွန်အကျိုးများမှာဖြစ်ပါတယ်။
ကုမ္ပဏီကြီးတွေ stock share ဝယ်ပြီး ဆင့် ဟိုဟာခွေးမြှော်ရသလိုဘယ်သူမှလုပ်နေချင်မှာမဟုတ်ပါဘူး။ အသေးစားအလတ်စားလုပ်ငန်းရှင် များကိုငွေချေးပေးချင်သူတွေ မရေမတွက်နိုင် အောင်ရှိပါတယ်။ ငွေလိုနေတဲ့ အသေးစား အလတ်အစားလုပ်ငန်းရှင်တွေလည်းမရေတွက် နိုင်အောင်ရှိပါတယ်။ သူတို့တွေဆုံဆည်းဖို့ ဆိုတာ ကလည်း ယုံကြည်မှုဆိုတဲ့ တံတာလေးတစ်စင်း သာလိုအပ်တာပါနော်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @minsoenaing!

You just got a 0.13% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87