အရည်အချင်း

in #myanmar5 years ago (edited)

image

အရည်အချင်း

လူတစ်ယောက်၏အရည်အချင်းကို သူ၏ပညာရေးနှင့်တိုင်းတာရသော်လည်း အမြဲတစေမှန်ကန်သည်ဟု တော့မဆိုနိုင်ပါ။ ဒါကြောင့်ပင် IQ၊EQ ဖြစ်ပေါ်လာရသည်။ သို့သော်ပညာရေးမရှိပြန်လျှင် အစွမ်းအစရှိသ လောက်အရည်အချင်းကို ထုတ်ယူသုံးစွဲရန်မဖြစ်နိုင်ပြန်ပါ။ အစွမ်းအစလည်းရှိပြီး၊ ပညာရေးလည်းကောင်း လျှင်တော့ ပြောစရာမလိုတော့ပါ။ အတိုင်းထက်အလွန်ပေါ့။ ဤနေရာတွင်ပညာရေးကိုခေတ္တဘေးချိတ်ခါ ကိုယ်စွမ်းကိုယ်စရှိသူများအကြောင်းတင်ပြချင်ပါသည်။ လူအချို့သည် ပညာရေးအားဖြင့် စာရေးတတ်ဖတ် တတ်ရုံမျှသာဖြစ်သည်။ သို့သော်ချမ်းသာကြွယ်ဝနေသည်။ လုပ်ငန်းကြီးတွေဦးစီးလုပ်ကိုင်နေသည်။ အချို့မှာ ကား ဘွဲ့ရပညာတတ်တော့ဖြစ်ပါ၏။ သူတစ်ပါးခိုင်းစေသည့် အလုပ်ကိုပင်ဖျောင့်အောင်မလုပ်နိုင်ကြပေ။ မှားယွင်းချွတ်ချော်ရတာတစ်မျိုး မလုပ်တတ်မကိုင်တတ်ရတာတစ်ဖုန်။

ဈေးရောင်းချနေသူအမျိုးသမီးတစ်ဦးသည် အတန်းပညာအားဖြင့်(၂)တန်းသာတက်ခဲ့ဖူးသည်။ အတွက်အ ချက်လည်းညံ့သည်။ ပေါင်းရနှုတ်ရတာများလျှင် CACULATOR ပါမှ တွက်တတ်သည်။သို့သော် သူ၏ ထူးခြားချက်မှာ ဖေါက်သည်များကို အလွန်ဆွဲဆောင်နိုင်သည်။ လူဟောင်းလူသစ်အကုန်မှတ်မိသည်။ လူဟောင်းကိုမြဲအောင် လူသစ်ကိုစွဲအောင်လုပ်တတ်သည်။ သာမန်ဈေးဆိုင်ကလေးဖြစ်သော်လည်း လူ ဟောင်းများကို လက်ဆောင်များမကြာခဏထည့်ပေးတတ်သည်။လူသစ်များကိုလည်း စိတ်ကြိုက်ဈေး လျော့ပေးတတ်သည်။ သူ့ဆိုင်မို့ဝယ်မိလျှင် နောက်ထပ်အခြားဆိုင်ကို သွားချင်စိတ်မရှိတော့အောင် စွဲ ဆောင်တတ်သည်။ ဆိုင်အပြင်အဆင်ကို စွဲဆောင်မှုရှိအောင်ပြင်တတ်ဆင်တတ်သည်။ ပညာမတတ်သည့် အတွက် စနစ်တကျစီမံခန့်ခွဲတတ်မှုတော့အားနည်းသည်။

သူ၏အားသာချက်အမြောက်အများရှိသော်လည်း အားနည်းချက်လည်းရှိသည်။ အဓိကအချက်မှာ သူကိုယ် တိုင်ပညာမတတ်သဖြင့် ပညာတတ်သူနှင့်တွေ့လျှင် ကြောက်တတ်သည်။ကြောက်တတ်သည်ဆိုသည်မှာ သူတကာလိုကြောက်တာမျိုးတော့မဟုတ်ပါ။ သူထိန်းသိမ်း၍မရမှာစိုးရိမ်ခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် သူ့အ လုပ်သမားများသူ့ထက်ပညာတတ်မှာ အလွန်စိုးရိမ်ပူပန်လေ့ရှိသည်။ အမှန်တော့ပညာတတ်ခြင်းနှင့် လွမ်းမိုး အုပ်ချုပ်နိုင်ခြင်းမသက်ဆိုင်သည့်သဘောကို နားမလည်နိုင်ခြင်းဖြစ်သည်။

ပီနန်ကသူဌေးကြီးတစ်ဦးလို သူကိုယ်တိုင်ပညာကောင်းကောင်းမတတ်သော်လည်း ပညာတတ်တွေအများ ကြီးကို သူကအလုပ်ခန့်ထားပေးနိုင်ခြင်းမျိုးရှိကြောင်းကို သူမ မသိရှိခြင်းဖြစ်သည်။တကယ်တော့ လူများစွာ သည် ပညာမည်မျှပင်တတ်စေကာမူ ဦးဆောင်အုပ်ချုပ်နိုင်စွမ်းရှိချင်မှသာရှိသည်။ အမှန်တော့ကိုယ်စွမ်း ကိုယ် စရှိသူတစ်ဦးသည်။ ပညာတတ်များစွာကို အလုပ်ခိုင်းစားနိုင်သည်ကိုနားလည်ရန်ပဲဖြစ်လေသည်။
မင်းစိုးနိုင်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဒီအရည်အချင်းမျိုးက ပညာတတ်တာနဲ့မဆိုင်ဘူးနော် ဦးမင်း အားကျစရာကောင်းတယ်

ဟုတ်တယ်ကိုထွေး

Posted using Partiko Android

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

upvoted and followed from kryptonia

management ကောင်းတယ်လို့များ ဆိုနိုင်မလား ဗျာ။

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.17% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70839.13
ETH 3563.41
USDT 1.00
SBD 4.77