ဘုမ္မရာဇာ (Rauvolfia)

in #myanmar5 years ago (edited)

image
Image source

နေပြည်တော်ပရဆေးဥယျာဉ်ကြီးမှ ပရဆေးပင်များအားဓာတ်ပုံများရိုက်ယူခဲ့ပြီး Photography ဖြင့်ပို့တင်လျှင် လည်း အများသူငါအတွက် သိပ်ပြီးထူးခြားလှမည်မထင်သဖြင့် ဆေးပင်များ အကြောင်းကို Internet တွင်လည်းကောင်း ဆေးကျမ်းစာအုပ်များတွင်လည်းကောင်း ရှာဖွေဖတ်ရှု၍ ဗဟုသုတဖြစ်စေရန်တတ်နိုင်သမျှ အချက်အလက်များ ရှာဖွေခဲ့ရပါသည်။ သို့ရှာဖွေခဲ့ရာမှ ပထမဦးစွာ ဘုမ္မရာဇာပင်အကြောင်းကို တင်ဆက်ပေးပါမည်။ ယင်းအပင် ဘုမ္မရာဇာသည် ချုံပင်ဖြစ်၍ မတ်စောက်သည်။သူ၏မျိုးစဉ်မျိုးတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မျိုးစဉ် -Gentianles

မျိုးရင်း -Apocynaceae

မျိုးစု -Rauvolfia

မျိုးစိတ် - Rauvolfia tetraphylla L 1753

ဘုမ္မရာဇာပင် (Rauvolfia)သည် အပေါ့ဆီနေစီအီး မျိုးရင်း နှင့် ရောဗောဖီးယား မျိုးစုတွင်ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ ရောဗောဖီးယားဆာပင်တီးနားဖြစ်သည်။ ဘုမ္မရာဇာပင်သည် အမြင့် ၃ မီတာ ကျော် ၅ မီတာခန့်ရှိ၍ တည့်တည့်မတ်မတ် တက်သောချုံပင်မျိုးဖြစ်သည်။အရွက်များသည် ၈ စင်တီမီတာမှ ၂၀ စင်တီမီတာအထိရှည်သည်။ အရွက်ကလေးများသည် အောက်မှအထက်ပင်သို့ တဖြည်းဖြည်းချွန်တက်သွား သည်။ ပင်စည်လုံးများတွင် ဖြူတူတူ အခေါက်များရှိ၍ ယင်းတို့ကိုခွဲလိုက်သည့်အခါ သို့မဟုတ် ယင်းတို့ အက်ကွဲလာသည့်အခါ အစေးများထွက်လာတတ်သည်။

အသုံးပြုပုံအစိတ်အပိုင်း

အမြစ်။

ဂုဏ်သတ္တိများ

အရသာခါး၏။

အားကိုတိုးစေ၏။

အိပ်ပျော်စေ၏။

အဖျားရောဂါကို ပျောက်စေ၏။

နှလုံးကို လှုံ့ဆော်၏။

သွေးတိုးခြင်ကိုကျစေ၏။

စိတ်ရောဂါအတွက် စိတ်ငြိမ်ဆေးအဖြစ်ကောင်း၏။

ဗဟိုအာရုံကြောအဖွဲ့အစည်းကို ထိန်းချုပ်ပေး၏။

မှတ်ဥာဏ်ဆိုင်ရာ အာရုံကြောများကို လှုံဆော်ပေး၏။။

ပါဝင်သည့်ဓာတ်ပေါင်းများ။

အယ်လ်ကာလွိုက်ဓာတ်ပေါင်းများစွာ ပါဝင်သည်။

အသုံးပြုပုံ

အမှုန့်၊ ပြုတ်ရည်

ဆေးအဖြစ်အသုံးပြုနည်းများ

သွေးဖိအားနှင့် နှလုံးရောဂါများ

အပင်၏အမြစ်တွင် အယ်လ်ကာလွိုက်ဓာတ်များစွာပါဝင်သည်။ နှလုံးဖိအားများ၍ သွေးတိုးခြင်းကိုလျော့စေ သော အကျိုးရှိကြောင်းတွေ့ရသည်။ဤဆေးသည်သွေးတိုးအတွက် အထူးကောင်းမွန်ကြောင်းအတည်ပြုပြီးဖြစ် သည်။ နှလုံးအားနည်း၍ အိပ်မပျော်ခြင်းများကို ကောင်း၏။ အားတိုးဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေးများ အဖြစ် အသုံးပြုနိုင်သည်။

အခြားအသုံးပြုပုံများ

ဘုမ္မရာဇာပင်သည် အိပ်ပျော်စေ၏။ အိပ်မောကျစေ၏။စိတ်ရောဂါအတွက်သုံးရ၏။ နာတာရှည်ဖျားနာခြင်းများ အတွက် သုံးရသည်။ လိင်ကိစ္စလွန်ကဲမှုများ၊ အူသိမ်အူနုရောဂါများတွင် သုံးနိုင်သည်။ စိတ်ငြိမ်ဆေး အဖြစ် လည်းအသုံးပြုသည်။

ဤဆေးကို ပန်းနာရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူများ အားမပေးရ။ အမြစ်ပြုတ်ရည်ကို ကိုယ်ဝန် ဆောင် ထားသူများအား ပေးလျှင် သားအိမ်ကိုတွန့်ရှုံစေသဖြင့် အတွင်းရှိ သန္ဓေကို အပြင်သို့ထွင်စေ၏။ ကလေးငယ် များအိပ်ပျော်စေရန်လည်းပေးနိုင်သည်။

ဘုမ္မရာဇာ (Rauvolfia)အပင်ကို Internet မှာရှာဖွေကြည့်တဲ့အခါမှာတော့ အမြင့်မီတာ ၁၂၀၀ ကျော်မှာပေါက်ရောက်လေ့ရှိကြောင်း၊ အမြဲစိမ်းအပင်မျိုးဖြစ်ကြောင်း၊ နွေရာသီကာလအတွင်း ပန်းအဖြူက လေးများပွင့်၍ အသီးကလေးများက အစိမ်းရောင်၊ အနီရောင်မှာ အနက်ရောင်အဖြစ်ပြောင်း လဲသွား တတ်ကြောင်း ၊သူ့ကိုစနစ်တကျစိုက်ပျိုးမယ်ဆိုရင် တစ်ဟက်တာကို 2700-3300 ကီလိုဂရမ်အထိထွက် ရှိနိုင်ကြောင်း၊စသည်ဖြင့်သိရှိခဲ့ရပါတယ်။ သူတို့ဆီမှာလည်း အမြစ်ကိုပဲအသုံဲးကတာဖြစ်ပါတယ်။ ထူးထူးခြားခြား မြန်မာတွေနဲ့လာတူနေတာကတော့ ဘုမ္မရာဇာ (Rauvolfia)အပင်ကိုဆေးသုံးတဲ့အခါ သွေးကျဆေး၊စိတ်ငြိမ်ဆေး၊ သားအိမ်ကျုံဆေးများအဖြစ်အသုံးပြုကြကြောင်းသိခဲ့ရပါတယ်။

မိတ်ဆွေများ တိုင်းရင်းဆေးပင်ကလေးများအကြောင်း ဗဟုသုတရရှိစေရန်ဆက်လက်ဖေါ်ပြပေးသွးပါဦးမယ်။
ကိုးကား ။ ဆရာမြင့်(စကြာမင်း)၏ သဘာဝဆေးပင် များနှင့်ရောဂါကုသနည်းများနှင့် Internet.

မင်းစိုးနိုင်

MSC -010

Sort:  

Hi, @minsoenaing!

You just got a 0.15% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

အိမ်မှာ အပင်ရှိတယ် အဲ့အပင်ရဲ့ကောင်းကျိး တွေ က အများကြီးဘဲ အာ့ဒါကြောင့်စိုက်ထားတာ

လာခူးဦးမယ် ရလား

တန်‌ဘိုးရှိ‌သော post ‌ကောင်းတစ်‌ခုပါ ။ဦးမင်း‌လေ့လာအားကို ‌လေးစားတယ်‌ဗျာ။

ရေးစရာနည်းလာတော့ ဒီလိုပဲကြံရဖန်ရတာပါ

ရေးစမ်း ဆေးကျမ်းထုတ်ပလိုက်မယ် ☺

ဟိုတစ်စသည်တစ်စုထားတာတွေပါ

ဘုမ္မရာဇာပင် ကြားဖူးတယ် မမြင်ဖူးဘူး ဦးမင်း

Posted using Partiko Android

ဂလိုပါပဲ ကိုယ်လည်းလေ့လာပြီးရေးရတာပါ

Posted using Partiko Android

နွယ်မြတ်သစ်ပင်ဆေးဖက်ဝင် သိသူဖော်စားရတာပ
ဦးမင်းရေ

ခုမြင်ဖူးစေကြားဖူးစေသတည်း

မမြင်​ဘူးဖူး ကြားပဲ ကြားဘူးတာ😁

Posted using Partiko Android

တွေ့ရမြင်ရပြီပေါ့

ကိုးကားစာရင်း ထည့်သင့်လားလို့ ဦးမင်း

ထည့်လိုက်ပါပြီ၊ သိပ်တော့မလိုပါဘူး၊

အပင်ရဲ့ပုံစံကို အခုမှပဲမြင်ဖူးတော့တယ်

တွေ့စေချင်လို့လေ

အဲ့ဘုမ္မရာဇာမြစ်​​ပေါ့ အရင်​တုန်းက က​လေးမြို့မှာ ​ထောတဲ့သူက​ထော ပြုပ်​တဲ့သူက ပြုပ်​ ဖြစ်​ကုန်​တာ

အိန္ဒိယဘက်ပို့တာလား

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02