ဒိုမီလေးကို ကျွန်တော်ချစ်သည်

in #myanmar6 years ago (edited)

image

Steemit ကိုစတင်ဝင်ရောက်ပြီး စာတွေစရေးခဲ့သည်မှစ၍ ဒိုမီလေးကို သတိထားမိသည်။ Chit Chit အမည်ဖြင့် facebook အသုံးပြုသည့် ဒိုမီလေးကို ငယ်ရွယ်နုနယ်လွန်းသည့် မျက်နှာလေးကိုကြည့်၍ သတိထားမိခဲ့သည်။ နောက်ပိုင်းသူ ၏စာများကိုဖတ်ရသည့်အခါ ငယ်ရွယ်သည်နှင့်မဆိုင်လောက်အောင် ရင့်ကျက်သောအတွေ့အကြုံများသော စာများကို ရေးသားထားသည်ကိုလည်းဖတ်ရှုခဲ့ရသည်။ ဆိုတော့ ကျွန်တော် ဒိုမီလေးကို ငယ်သူဆို၍ အထင်မသေးရဲပါ။

Gathering မတက်ရောက်နိုင်ခဲ့၍ အပြင်မှ ဘယ်သူ့ကိုမျှမမြင်ဖူးသော်လည်း အားလုံးကို အပြင်မှာမြင်ဖူး တွေ့ဖူးသူများကဲ့ကို ရင်းနှီးနေမိသည်။ အထူးသဖြင့် ဆရာတင်လှိုင်ဦး၊ကိုသက်ကိုဇော်၊ကိုစိုးနိုင်၊ ကွီးရွှေခေါ် ကိုညီညီဝင်း၊ ဒိုမီလေး ခေါ်ချစ်ချစ်တို့ကို နှစ်ပေါင်းများစွာ အတူနေဖူးသူများကဲ့သို့ခင်မင်နေမိသည်။
image
ဆရာတင်လှိုင်ဦးသည်လည်းကောင်း၊ ကိုဟင်နရီသည်လည်းကောင်း စတီးမစ်ကျေးရွာဖွဲ့ ရေးသားသည့်အခါ ပိုလို့ပင်ကိုယ်ရွာသူရွာသားများကို သိနေသလိုသိနေမိသည်။ ဒါကြောင့် သူတို့ကိုအားကျမခံ ကျွန်တော်ရေးသည့် “လူမျိုးစေ့ IC” ဇာတ်လမ်းတွဲတွင် ဆရာတင်ကို ပရော်ဖက်ဆာဆရာတင်၊ ဒိုမီလေးကို ခွဲစိပ်အထူးကုဆရာဝန်ကြီး ဒိုမီ၊ ကိုစိုးနိုင်နှင့်သက်ကိုဇော်ကိုတော့ ဆရာတင်၏ တပည့်များအဖြစ်ပုံဖော်ရေးသားခဲ့သည်။

မိမိဇာတ်လမ်းတွဲပြီးတော့ ဒိုမီလေးမှ “လူမျိုးစေ့ IC ” အဆက်ကိုဆက်လက်ရေးသားလိုကြောင်း ပြောဆိုလာသဖြင့် ဆက်ရေးပါဟု ပြောခဲ့သည့်အတွက် သူကဆက်ရေးခဲ့သည်။ သူရေးခဲ့သည့် “လူမျိုးစေ့ IC ” အဆက်ကို ဖတ်၍ ငယ်ရွယ် သူဖြစ်သော်လည်းတင်္ခနုပ္ပဥာဏ် ကောင်းသူဖြစ်ကြောင်းသတိထားခဲ့မိသည်။
image
အဆိုပါ ကျွန်တော်ချစ်သော ဒိုမီလေးသည် ကျွန်တော်ရေးတင်ခဲ့သည့် “MSC Review နှင့် Steemit တွင်စာရေးနည်း” ဆောင်းပါးကြောင့် ကျွန်တော့အပေါ်နှာကစ်သွားသည်။ သမီးနှင့်ပေးစားပါမည်ဘာညာပြော၍ ချော့လည်း မရနိုင်ဖြစ်နေသည်။ ထားတော့ သည်စာကိုရေးကတည်းက သည်လောက်တော့ဖြစ်လာနိုင်သည်ကိုခန့်မှန်းထားခဲ့ပြီးဖြစ် သည်။သိုသော် ဒိုမီလေးမှာ တစ်ခါနှစ်ခါနှင့်ပြီးမသွားနိုင်ပဲ အများသုံး Chat Group ထဲတွင် ရိုင်းစိုင်းစွာဖြင့် သူ့စာကိုလာ မန့်ပါက ဆဲလွှတ်ဘာညာအထိ လုပ်လာသည်။

ဆိုတော့ သူတပါးကို မပြောခင် ကိုယ့်စာကိုပြန်ဖတ်ကြည့်မိသည်။ငါဘာများမှားသွားလို့လဲ။ သူ့ကိုတိတိကျကျထိခိုက် လောက်အောင်ငါ ရေးသည့်မည်သည့်အချက်က ထိုးနှက်မိလွန်းသွားသနည်း။

  • အချို့မှာမူ စိတ်ပျက်ဖွယ်ရာအရေးအသားများကိုတွေ့ရဆဲဖြစ်ပါသည်။ အရေးအသားမတတ်သည်ကို လေ့ကျင့် သင်ယူသွားလျှင် တတ်လာနိုင်သော်လည်းအချို့မရိုးမသား လုပ်နေသူများကို တွေ့ရသည့်အခါ ကွန့်မန့်မရေးချင်လောက် အောင်စိတ်ပျက်မိသည်။*

ဒါကျွန်တော်ရေးသည့်စာပိုဒ်ဖြစ်သည်။ ရိုးရိုးသားသားစာရေးနေသည့် ဒိုမီလေးသည် ဤစာပိုဒ်ကြောင့် ဘာမှထိခိုက်စရာမရှိပါ။ နောက်တစ်ပိုဒ်ကြည့်ဦးစို့။

ဘယ်သူမှမသိ သို့သော် ကိုယ်ကူးချတာကိုတော့ ကိုကောင်းကောင်းသိသည်။ ကိုယ့်လိပ်ပြာကိုယ် လုံနိုင်ပါရဲ့လား။ ယခု Steem တစ်ဒေါ်လာကို ငွေတစ်ထောင်ကျော်သာရှိသည်။ ကိုဟင်နရီပေးသော Upvote နှင့်မှ 2Steem$ လောက်ရ သည်။ မြန်မာငွေ ၂၀၀၀ ကျော်လောက်အတွက် လိမ်စားနေရသလိုကိုယ့်ခံစားချက်ကို ကိုယ်ဘာသာ သတီရဲ့လား စဉ်းစားစေချင်ပါသည်။

ဒီအပိုက်ကြတော့လည်း ကူးချသူကိုသာဆိုလိုပြီး ဒိုမီလေးတစ်ယောက်တစ်ခါကူးချသည့်စာမတင်ဖူးပါ။ ဒါလည်း သူနှင့်မဆိုင်လှပြန်။ အားလုံးကို ကိုယ်ဘာသာအပြန်ပြန်အလှန်လှန်ဖတ်ကြည့်သော်လည်း ဒိုမီလေးကိုထိခိုက်စေသည့် စာကိုလုံးဝကိုရှာမတွေ့ပါ။ ကဲ မိတ်ဆွေတို့ရေ ကျွန်တော်ကိုယ်စား ဒိုမီလေးကိုမေးပေးလို့ဖြစ်စေ။ ကျွန်တော့်စာကိုပြန်ဖတ်ပေး လို့ဖြစ်စေ။ အကူအညီပေးကြပါဦးဗျာ။

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

ဘယ်‌ ပြဿနာမဆို အချိန်‌တန်‌ပြီးသွားမှာပါ။

Last all are done .

ဘယ်လိုပြောရမလဲ မသိသေးလို့ ဘာမှ မပြောသေးပါဘူး

You said it! Not completely sure what was said... but you certainly said it.
via Kryptonia by @daytondoes

အားလုံး တက်ညီ လက်ညီ ညီညွှတ်စွာ ကြိုးစားဆောင်ရွက်ကြရမှာပါ။ဖြည့်တွေးပေးနိုင်တဲ့စိတ် မေတ္တာတရားထားတဲ့စိတ် ကိုယ်ချင်းစာတတ်တဲ့စိတ်တွေရှိမှ လောကကြီးက ပိုပြီးလှပမှာပါ။ကိစ္စရပ်တိုင်းအတွက် အမြင်မျိုးစုံရှိနိုင်တာကြောင့် အားလုံးအတွက် ဒီစိတ်တွေ ရှိနေဖို့ အရေးကြီးနေမှာဖြစ်ပါတယ်ခင်ဗျာ။

အမှန်တော့ လူတွေများနေချိန်ဖောင်းပွနေချိန်ဆိုသိပ်မသိသာဘူးပေါ့ ခုက လူနည်းချိန်ဆိုတော့ လူတွေမရေးကြတော့မှာလည်း တကယ်စိုးရိမ်မိပါတယ်

သမီးလဲ ဒိုဒိုကို ချစ်တယ် ဦးမင်း 😍

ဟင် မရတော့ဘူး ငါဦးသွားပြီ

sorry ပါ ဦးမင်း ကျွှန်တော်လဲ တစ်ခါတစ်လေ စိတ်အလိုကို လိုက်မိတယ် steemit မှာ စာကောင်းကောင်းမရေးတတ်တာဆိုလဲ ကျွှန်တော်တစ်ယောက်ထဲရှိတယ်လေ ပြီးတော့ ရေးကြတဲ့သူတွေ အကုန်လုံးရဲ့ စာတွေ လိုက်ဖတ်မိပြီး အားကျနေတဲ့သူ သူတို့လို ဘယ်တော့များမှ ရေးနိုင်ပါ့မလဲ တွေးပြီး ညစ်ရေးနေတဲ့သူဆိုတော့ ရုတ်တစ်ရက် ဝမ်းနည်းမိတယ် ။ ပြီး မနေ့က တစ်နေကုန်မအားတော့ steemit တင်မရတာ မသိ pro မှာ post နည်းတော့ တစ်ချို့စာရေးကောင်းကြသော်လည်း သူတို့ အထင်နဲ့ ဦးမင်း post ကြောင့် မတင်ရဲကြဘဲ မတင်ကြတော့တာ လားပေါ့ သူများတွေကိုတင်စေချင်တာလဲ ပါသွားတယ် အဲ့တော့ တော်တော်လေးပြောမိသွားတယ် ခွင့်လွှတ်ပါနော် ကျွှန်တော် အဲ့တုန်းက feel မိတဲ့ စာကြောင်းလေးတွေလဲ ပြန်ပြပေးပါမယ်
Screenshot_20180918_113517.png
Screenshot_20180918_113532.pngScreenshot_20180918_113554.png

Steemit မှာစာကောင်းကောင်းမရေးတတ်တာဆိုလို့ ကျွန်တော်ပဲရှိတယ်ဆိုတာ လုံးဝမှားတယ်၊ အဲအတွေးက တခြားအားငယ်မှုနဲ့ပေါင်းစပ်မိတာဖြစ်မယ်၊တကယ်တော့ ဒိုမီလေးရေးတာတွေဖတ်ဖူးနေတာပဲ အရမ်းညံ့တာမတွေ့ဖူးပါဘူး၊ လူတွေ မရေးတော့မှာစိုးတာကတော့ ကိုယ်လည်းစိုးရိမ်မိပါတယ်၊ဒါကြောင့်နောက်နေ့ပြန်ရေးတာပါ

ဟုတ်ဦးမင်း အမြင်စောင်းသွားလို့ပါဗျာ ခုလို သဘောထားကြီးကြီး ထားပေးတာ ကျေးဇူးပါ ။

ဒါမှ တကယ့်မိသားစုစိတ်ဓာတ်ပါကွယ် တောင်းပန်တယ် ကျေအေးတယ် အရင်လိုပဲ ချစ်ချစ်ခင်ခင်နေသွားကြတယ် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးဖြစ်နေပါပြီ စကားမစပ် ဦးမင်းအစား ဦးဇင်းတောင် ဒိုမီလေးကို ချော့ပေးမလို့  စီစဉ်ထားပါသေးတယ် ခုတော့ ချော့စရာလိုတော့ဘူးပေါ့

ဟုတ်​ကဲ့...တခါတ​လေဖြစ်​တတ်​ပါတယ်​...

ဖြစ်တတ်တာတွေပေါ့

Congratulations @minsoenaing ! You received a 7.13% upvote from @kryptoniabot & @kryptonia for your task of 150 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

အမှန်တိုင်းရေးရရင် ကျုပ်လဲတခါတခါ ခိုးကူးရေးချင်စိတ်ဖြစ်မိတယ်
ကျွန်တော်မှာ ခိုးကူးစရာ ရွှေဥဒေါင်းစာကြည့်တိုက်
တစ်ခုလုံးရှိတယ် ကျွန်တော့်ကိုယ်ပိုင်တော့ဟုတ်ဘူး
မီးရထားစာကြည့်တိုက်ွကျွန်တော်မမွေးခင်ကတည်းက
စာအုပ် မဂ္ဂဇင်းများရှိသည် ခိုးရမှာရှက်တယ်
ဘယ်သူမှမသိလည်း မိမိသိ၍ မိမိကိုယ်ကိုရှက်ပါသည်။
ခုလိုသတိပေးတဲ့စာရေးသူများကို ကျေးဇူးတင်သည်။
(ငချစ် နင့်စာတွေလဲ ကောင်းပါတယ်ကွဲ့)

စာဆိုတာခေါင်းကချည့်ဘယ်ထွက်ပါမလဲ ၊တကယ်စာရေးဆရာကြီးတွေလည်းကိုးကားဖို့စာဖတ်ရတာပဲ

အားလုံးဟာ မိသားစုတွေပါ ညှိညှိနှိုင်းနှိုင်းလုပ်ကျပါ ၁၀အိမ်ခေါင်းတို့ရယ်

Admin တွေကိုပြောတာလား

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70446.49
ETH 3571.68
USDT 1.00
SBD 4.73