မေတ္တာနှင့်ယှဉ်သောအချစ်

in #myanmar5 years ago

image
image source

မေတ္တာနှင့်ယှဉ်သောအချစ်

အချစ်ဆိုတာဘာလဲ၊ တကယ်တော့ အချစ်ဆိုတာ တဏှာရာဂသာဖြစ်သည်၊။ အချစ်သည် အတ္တနှင့် ပေါင်းဖက်ထားလျှင် ရက်စက်မှု သည်းမခံမှု မိမိ ဆန္ဒအတိုင်းမဖြစ်ရသည့်အတွက် ရန်လိုမှုတွေပင် ပါသေးသည်။
ချစ်လှပါရဲ့ ကြိုက်လှပါရဲ့ဆိုသူများသည်၊ တစ်ယောက်မရှိတော့ တစ်ယောက်ရှာပြီးချစ်သည် တစ်ယောက်ရှိလျှက်နှင့်လည်းနောက်တစ်ယောက် ထပ်ချစ်သေးသည်၊ တစ်ယောက်ဆိုတစ်ယောက်ပဲ ဆိုကြသော်လည်း တကယ်တမ်းကွဲကြသောအခါ နောက်တစ်ယောက်ထပ်ယူပြန်သည်။ ဘာကြောင့် ယူကြသလဲဆိုတော့တဏှာရာဂကသွေးဆောင် ဖျားယောင်းခံရလိုဖြစ်သည်။
သို့ဖြစ်လျှင်တည်ငြိမ်သောအချစ်၊ တည်မြဲသော အချစ်များမရှိတော့ဘူးလား မေးမည်ထင်ပါသည်၊ ရှိတော့ ရှိပါသည်။ မေတ္တာနှင့်ယှဉ်သောအချစ်မျိုး၊ သည်အချစ်မျိုးကတော့ မိမိကိုပြန်မချစ်သော်မှ မမုန်းပါ၊ ချစ်သူစိတ်ချမ်းသာလျှင်ဘာလုပ်လုပ်၊ ချစ်သူစိတ်ညစ်လျှင် သူလည်းစိတ်ညစ်သည်။ ချစ်သူ၏ အပြစ်အနာအဆာမှန်သမျှ ခွင့်လွှတ်နား လည်ပေးနိုင်သည်၊ နောက်ဆုံးကိုယ့်ကိုယ်ပစ်ထားခဲ့ လျှင်တောင်မှစိတ်မနာနိုင်သော အချစ်မျိုးဖြစ် သည်၊ အဖြူထည်သက်သက်အချစ်၊ ရှာမှရှား သောအချစ်ဖြစ်သည်၊အချစ်အတွက်အနစ်နာခံ သည်။ ချစ်သူကောင်းစားဖို့အရာရာဖြည့်ဆည်း ပေးသည်။ပါရမီဘက်ဟုပင်ပြောဆိုတတ်ကြသည် သည်လိုမေတ္တာမျိုးသာဘဝဆက်တိုင်းခိုင်မြဲသော အချစ်ဖြစ်လေသည်။
လူတစ်ယောက်သည် သူမချစ်သော မိန်းမတစ် ယောက်ဖြင့်အိမ်ကလက်ထပ်ပေးလိုက်သည်။ နောက်တော့လည်းချစ်သွားကြသည်ဟုပြောတတ် ကြသည်။ အမှန်တော့ မဟုတ်ပါ။တဏှာရာဂ ကြောင့် စွဲလမ်းမှုဖြစ်ပေါ်သွားခြင်းကို အချစ်ဟု ထင်မြင်မိသွားခြင်းသာဖြစ်သည်။ သို့သော် နဂိုထဲ က မေတ္တာဓာတ်ခံရှိသူမျိုးဖြစ်လျှင်တော့ အချစ်စစ် ဖြစ်သွားစရာတော့ရှိပါသည်။
တကယ်တော့ နားလည်မပေးတတ်သော၊ သင့်တင့် လျှောက်ပတ်စွာနှလုံးသွင်းဖြေသိမ့်မပေးနိုင်သော အချစ်ဟူသည်၊ မတည်မြဲသည် ရာဂအချစ်မျိုးသာ ဖြစ်လေသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70625.87
ETH 3563.07
USDT 1.00
SBD 4.71