မေတ္တာအိမ်

in #myanmar5 years ago (edited)

image

မေတ္တာအိမ်

ငါတည်ဆောက်လိုတာမေတ္တာအိမ်ကလေးပါ။ ဒေါသတွေ၊ အလိမ်အညာတွေမပါတဲ့ အိမ်က လေး။ ငါ့အိမ်ကလေးမှာ သင်ယူလိုသူအတွက် ပညာတွေအပြည့်ရှိပြီး ဗိုက်ဆာသူအတွက်အဟာ ရတွေအပြည့်ရှိတယ်။ အစစ်အမှန်တွေသာရှိပြီး အတုအယောင်အလိမ်အညာတွေလည်းကင်းတယ်။ စစ်မှန်စွာဖွံ့ဖြိုးတိုးတက်ရမယ်။ မည်သူမဆိုအ တွက် လိမ်ညာမှုတွေကင်းတယ်။ ကြင်နာမှုတွေ အပြည့်ပေးထားချင်တယ်။ တစ်ဦးနဲ့တစ်ဦးအပြန် အလှန်လေးစားမယ်။ ညီတူညီမှုရှိမယ်။ လူတစ် ယောက်ကို သဘာဝအတိုင်းလွတ်လပ်ခွင့်ရှိစေပြီး စည်းကမ်းဥပဒေတွေနဲ့ချုပ်နှောင်မှုကင်းစင်ရမယ်။ လူဟာ အစာအာဟာရဖြည့်တင်းလိုတဲ့ဆန္ဒ၊ အသက်အိုးအိမ်လုံခြုံလိုတဲ့ဆန္ဒ၊ အဝတ်အစား လုံခြုံလိုတဲ့ဆန္ဒ၊ လိင်ဆက်ဆံလိုတဲ့ဆန္ဒတွေ အထိလွတ်လပ်မှုဟာ သဘာဝတရားအတိုင်း သာဖြစ်စေရမယ်။
သို့သော်လည်းလက်တွေ့တည်ဆောက်တဲ့အခါ လူ့စည်းကမ်းဥပဒေတွေဟာ လွတ်လပ်ပျော်ရွှင်စေ မှုတွေကိုတားဆီးနှောက်ယှက်ကြတယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေတယ်။ တော်လှန်ပြောင်းလဲဖို့ခက်ခဲလှတယ်။ဥပမာ အရွယ်ရောက်လာတဲ့ မည်သူမဆိုဟာ ဆန့်ကျင်ဘက်လိင်နဲ့ အတူနေချင်လာတယ်။ အထူးသဖြင့်အမျိုးသမီးများဟာ လူ့စည်းကမ်း ဥပဒေတွေကြောင့် ကိုယ်ချစ်တာကိုချစ်တဲ့ အကြောင်းထုတ်ပြောခွင့်မရဘူး။ ကိုယ့်ကိုလာပြောတဲ့သူကျ သူကလည်းမချစ်နိုင် ဘူး။ ဒါနဲ့ပဲ သူဟာလိင်ဆန္ဒရဲ့ အတိုက်အခိုက်ကို အလူးအဲခံစားရတယ်။ ထို့အတူပဲ အချို့ယောက်ကျားလေးတွေရုပ်ဆိုးတယ်။သူ့ကို ဘယ်သူမှမကြိုက်ဘူး။ဒီအခါမျိုးမှာလည်း သူဟာလိင်ဆန္ဒရဲ့ တိုက်ခိုက်မှုကြောင့် မတော်မတရားလုပ်ချင်စိတ်တွေပေါက်လာတတ် တယ်။ ဘာသာရေးဆိုင်ရာနဲ့ လူအဖွဲ့အစည်းဆိုင် ရာစည်းကမ်းတွေကြောင့် အချို့ဆို မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည်အထိဖြစ်တတ်ကြတယ်။ ကျွန်တော်ထူထောင်လိုတဲ့ကမ္ဘာလေးမှာ ဒါမျိုးတွေ ကအစမဖြစ်ပေါ်စေရဘူးလို့ သတ်မှတ်ထားတယ်။ မုသားမပါလင်္ကာမချောဆိုပေမယ့် အချို့သူများ ဟာအလိမ်အညာတွေပြောမှ အဆင်ပြေတယ်လို့ တရားသေမှတ်ယူပြီးအမြဲလိမ်ဖို့ပဲကြိုးစားနေတတ်တယ်။ ဒီအလိမ်အညာတွေကြောင့် သူ့အပေါ်သတိ နဲ့ဆက်ဆံလာတာမျိုးတွေကိုသူမသိ တော့ဘူး။ နောက်ဆုံးမှာ မယုံကြည်ရတဲ့သူအဖြစ်သတ် မှတ်ပြီးဆုတ်ခွာဖဲကျဉ်လာကြတတ်တယ်။ ဒါကြောင့် ကျွန်တော်တည်ထောင်လိုတဲ့မေတ္တာ ကမ္ဘာလေးမှာ လိမ်ညာတာတွေခွင့်မပြုပါဘူး။
နောက်ဆုံးတစ်ခုက ဒေါသတွေနဲ့ ရန်လိုမှုတွေမရှိ တဲ့ကမ္ဘာလေးပဲ ။ထစ်ခနဲရှိဒေါသအိုးပေါက်ကွဲနေ တတ်တဲ့နေရာမျိုးကိုမလိုချင်ဘူး။ သြော်...သူလည်းသူ့ဘက်ကကြည်တော့ ဟုတ်မှာပေါ့ဆိုတဲ့ ၂ ဘက်မြင်အကောင်းဝါဒမျိုးပဲ လိုချင်တယ်။ တစ်ဖက်ပိတ်ပြီး ကိုယ်မုန်းပြီဆိုရင် ဘာလုပ်လုပ်အကောင်းမမြင်တော့တဲ့သူမျိုးတွေနဲ့ အတူမနေလိုဘူး။

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ငြိမ်းချမ်းအေးမြတဲ့ မေတ္တာအိမ်လေးမှာ နေချင်တာပ

စိတ်ကူးယဉ်ကြည့်တာ

Posted using Partiko Android

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

အ​ကောင်း​တွေနဲ့ပဲ ​နေချင်​တယ်​😊😊

Posted using Partiko Android

လူ့သဘာဝပေါ့နော

Posted using Partiko Android

မိတ်ဆွေ၏ ပိုစ့်အား C2 Myanmar Curation အဖွဲ့မှ ရွေးချယ်လိုက်ပါသည်။

ကျေးဇူးပါ။တကယ်ပါဗျာ

Posted using Partiko Android

အေးချမ်းပျော်ရွှင်တဲ့ မေတ္တာအိမ်ကလေး လောဘ ဒေါသ မောဟ အလိမ်အညာတွေကင်းတဲ့ မေတ္တာအိမ်ကလေးတော့ လိုချင်တာပေါ့။

Posted using Partiko Android

အမှန်ပေါ့

Posted using Partiko Android

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79