မေတ္တာငတ်သူနဲ့ ပိုက်ဆံငတ်သူ

in #myanmar5 years ago (edited)

image
ခုတစ်လောမြန်မာဇတ်လမ်းအချို့တွင် ပိုက်ဆံချမ်းသာသည့်မိသားစုမှမွေးဖွားလာပြီး သားသမီးများအပေါ် ငွေနှင့်အခြားလိုအပ် သည်များ အလျံပယ်ပံ့ပိုးပေးသော်ကြလည်း မေတ္တာမပေးနိုင်ကြသော မိဘများအကြောင်း ဖွဲ့သည့် ဇတ်လမ်းများတွေ့ရသည်။
လူဆိုသည်ကလည်းအခက်သား မေတ္တာပေးနိုင်သော်လည်း ငွေမရှိလို့ ပြဿနာရှာသော သားသမီးရှိသလို ငွေပေးသော်လည်း မေတ္တာမပေးနိုင်၍ ပြဿနာရှာသော သားသမီးကလည်း တကယ်ရှိပြန်သည်။
လူသည်ဆင်းရဲလို့ စရိတ္တမကောင်းခြင်းဖြစ်ရသလို ချမ်းသာလို့အကျင့်ပျက်ရတာလည်းရှိသည်။ မရှိခိုးနိုးဟုဆိုရသော်လည်း ရှိလျှက်သူခိုးလည်းရှိသည်။ မိဘနှင့်သားသမီးလည်းစိတ်မချရ၊ မောင်နှမသားချင်းလည်းစိတ်မချရသည့် မိသားစုများလည်းရှိသည်။
မိမိအိမ်တွင် ဆိုင်အကူမိန်းကလေးတစ်ယောက် ရှိသည်၊ ဆိုင်အကူဆိုသော်လည်း မိမိ၏သားသမီးကဲ့သို့ ထားကာစားအတူသွားအတူ အဆင့်အတန်းမခွဲနေရသည်၊ သို့သော် သူမကို အလုပ်သမားဟူသည့်သဘောဖြင့် စည်းကမ်းထိန်းချုပ်မှုအချို့ထားရှိသည်၊ ထို့ကြောင့် သူမသည်မလွတ်လပ် ဖိနှိပ်ချုပ်ချယ်သည်ဟုမြင်လာသည်။ ငွေတွေ၊ရွှေတွေ၊ အဝတ်တွေချုပ်ပေးလည်းမ လိုချင်ဟုသာငြင်းပယ်သည်။ သူမသည်မေတ္တာငတ်နေသည်၊ သူမကို မချစ်ဘူးဟုထင်နေသည်။ အမှန်တော့ အတိုင်းအတာတစ်ခုအထိ သူမအား လင်မယားနှစ်ယောက်စလုံးမှချစ်ခင်တွယ်တာကြသည်သာဖြစ်ပါသည်။ သူမ၏အထင်မှားမူနှင့် ချစ်ခင်ခံယူလိုမှုမှလောဘအဖြစ်ပြောင်းလာပြီး အခြားသူများကိုမိမိတို့မှချစ်ခင်သည်ကိုပင်မနာလို မကြိုက်ချင်သည်အထိဖြစ်လာသည်။ ကြာတော့...ဒီမီးက သူ့ကိုလောင်မြိုက်သည်။ ထွက်သွားတော့မည် သည်မှာမနေနိုင်တော့ဘူး ဘာညာဖြစ်လာသည်။ နောက်တော့တကယ်ပြန်သွားသည်။
တကယ်တော့ သူမ၏ မိသားစုသည် ဆင်းရဲပြီး တစ်နေ့စာတစ်နေ့စာ မနည်းရုန်းကန်စား သောက်နေရသည်၊မိမိတို့က သူမ၏မိသားစုကို လည်းထောက်ပံ့ထားသေးသည်။ မိမိအိမ်တွင်မူလိုလေးသေးမရှိထားသည်၊ သို့သော်သူမက မေတ္တာလိုသည်ဆိုပြန်သည်။
မင်းစိုးနိုင်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.031
BTC 62166.63
ETH 3021.89
USDT 1.00
SBD 3.72