ပေါ်လစီအကြောင်း

in #myanmar5 years ago

image

ပေါ်လစီအကြောင်း

ပေါ်လစီဆိုတာ တကယ်တော့ အစိုးရတစ်ရပ်ရဲ့ မူဝါဒပေါ့။ သို့သော်လည်း အာဏာရှင်စနစ်နဲ့ သက်ဆိုးရှည်ခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံအတွက် ကတော့ ပေါ်လစီဆိုတာ အာဏာရှင်ရဲ့သဘော ထားပဲ ။မှန်တာမှားတာ အကျိုးရှိတာ၊အကျိုးမရှိ တာတွေနဲ့ဘာမှမဆိုင်ဘူး၊ပြောပိုင်ခွင့်လည်းမရှိခဲ့ ဘူး။ ဒီလိုလုပ်ဆို ဒီလိုလုပ်ပဲ အကျိုးတွေအ ကြောင်းတွေဘမှလာရှင်းပြမနေနဲ့ ကိုယ့်ကိစ္စ မဟုတ်ဘူး။ လုပ်ဆိုလုပ်ပဲ ။အဲ...ဒါပေမယ့် အာဏာရှင်ကြီးရဲ့ အကြံဉာဏ်သက်သက် တော့မ ဟုတ်ဘူး၊ အဲဒီမှာ လူယုံလို့ခေါ်တဲ့ ဘောင်းတော် ညိတ် စိတ်တော်သိတွေရဲ့ စနစ်တကျမရှိတဲ့ ထင်ရာမြင်ရာအကြံဉာဏ် တွေပါတယ်။
ဒီဘက်ခေတ်ရောက်လာပြီ၊ ဒီမိုကရေစီအစိုးရခေတ်၊ ပြည်သူ့အစိုးရခေတ် ဒီမှာကျတော့ ပေါ်လစီဆိုတာ အစိုးရရဲ့မူဝါဒဆိုတာမှန်တယ်၊သို့သော် တစ်ဦးတစ်ယောက်တည်းရဲ့ဆန္ဒသက်သက်မဟုတ်တော့ဘူး။ တကယ်လိုအပ်သလား မလိုအပ်သလား။ လက်တွေ့အသုံးဝင်မှုမဝင်မှု စတာတွေကိုဝေဖန်နိုင်တယ်အကြံပြုနိုင်တယ်၊ကန့်ကွက်သင့်ရင်ကန့်ကွက်နိုင်တယ်။
ဒါပေမယ့် ခေါက်ရိုးကျိုးသွားတဲ့သူတွေကတော့ ပေါ်လစီဆိုရင် မလုပ်မဖြစ်လုပ်ရမယ့် for show ပဲပြန်ဖြစ်သွားတယ်။ အကျိုးရှိရှိမရှိရှိ လုပ်နည်းမှန်မှန်မမှန်လုပ်ကြတာပဲ၊ ။
ကမ္ဘာကြီးပြောင်းလဲတိုးတက်သွားတာကို အပြေးမလိုက်ပဲ ငေးမောနေခဲ့ပြီး ၊ လိုက်မယ်ဆိုတော့ ဘာမှမသိ ၊အဝေးကကြည့်ပြီး မူတွေ ဝါဒတွေချချ၊ နောက်တော့ တလွဲတွေပဲဆက်ဖြစ်ကြတာ ။ ဒီမှာ သူက IT နဲ့ကျောင်းပြီးတာ ၊သူကတော့ IC ၊ သူ့ကြတော့ MP, EP, CIVIL သူ့ဘာသူဘာနဲ့ပြီးပြီး ခိုင်းလိုက်ရင်စောတကမတက်ပဲ လုပ်တဲ့သူထိုးထည့်လိုက်တယ်။အစိုးရဖြစ်ချင်တဲ့ ကိစ္စကဘာလဲညာလဲစဉ်းစားမနေတော့ဘူး။ ကိုယ့်လက်ကလွတ်ဗြွတ်ပဲ။
ဒီလိုမျိုးတာဝန်ခံမှု၊ တာဝန်ယူမှုလည်းမရှိတဲ့ ပေါ်လစီဆိုတဲ့ကိစ္စတွေကို ဘယ်အထိဆက်လုပ်နေကြဦးမလဲ ။စိုးရိမ်ပါဘိတော့။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85