ကံကိုတွန်းလှန်ခြင်း

in #myanmar5 years ago (edited)

image
လူ့အသက်သည် ကံ၊စိတ်၊ဥတု၊အာဟာရအပေါ်မူတည်နေကြောင်း ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားကဟောသည်။ ကျွန်တော်တို့သည် ရောဂါဖြစ်ဖို့ကံပါလာလျှင် ရောဂါဖြစ်မည် သေဖို့ကံပါလာလျှင်သေမည်။ ထို့အပြင် ဥတုဖေါက်ပြန်လျှင်လည်း ရောဂါဖြစ်နိုင်သည်သေ နိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့်လည်းရောဂါများဖြစ်ပွားနိုင်ပြီး အသက်ဆုံး ရှုံးရသည်အထိဖြစ်တတ်သည်။ သို့သော် လူ့အသက်သည် အဟာရအပေါ်တွင် ပို၍မူတည်သည်။ ထမင်းအသက် (၇)ရက်ဟုဆိုသည်။ မည်သို့ဆိုပါစေ အဟာရပြတ် တောက်သွားလျှင်အသက်ဆုံးရှုံးရမည်မှာသေချာလှသည်။

အဟာရပြတ်တောက်သွားခြင်းမရှိသည့်တိုင် အစာအာဟာရအမှားများကြောင့်လည်း ရောဂါဘယများဝင်ရောက်လာနိုင်ပေသည်။ မတည့်သောအစာများအတူတူစားသုံးမိခြင်း ကြောင့်လည်းကောင်း၊ ခန္ဓာကိုယ်ကိုယ်တိုက်ရိုက်အဆိပ်သင့်စေသော ဆေးများကြောင့် လည်းကောင်း၊ ရောဂါကုသသော ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်းကောင်း ရောဂါဘယများရရှိလာနိုင်စကဲသို့မိမိတို့နေ့စဉ်စားသုံးနေသည့် ထမင်းနှင့်ဟင်းများမှာလည်း ရောဂါဘယများဖြစ်လာစေနိုင်ပါသေးသည်။

မိမိတို့ငယ်စဉ်ကလေးဘဝမှစားသောက်လာခဲ့ကြသည့် ထမင်းဟင်းများသည်။ ထမင်း ၊ကာဗိုဟိုက်ဒြိတ်။ဟင်း၊ ပရိုတင်းများကိုတွဲဖက်စားသောက်လာခဲ့ကြခြင်းဖြစ်သည်။ တကယ် တော့ ယင်းကာဗိုဟိုက်ဒြိတ်နှင့်ပရိုတင်းကို အစာအိမ်မှတွဲဖတ်၍အစာမချေဖျက်နိုင်ပါ။ပရို တင်းကို အက်စစ်ကအစာခြေဖျက်ပြီး ကာဗိုဟိုက်ဒြိတ်ကိုဘေ့စ်ကအစာခြေဖျက်ရခြင်းဖြစ်ရာ အစာချေဖျက်၍မရသော ဘေ့စ်က အချဉ်ပေါက်ပြီး၊ အစာချေဖျက်၍မရသော ပရိုတင်းက အစာအိမ်ထဲတွင် ပုပ်သွားသည့်သဘောရှိသည်။

အဆိုပါပုပ်သွားသည့် ပရိုတင်းနှင့် အချဉ်ပေါက်သွားသည့် ကာဗိုဟိုက်ဒြိတ်တို့ကြောင့် ကျွန်ုပ် တို့သည် မကြာခဏဆိုသလိုဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းရောဂါအမျိုးမျိုးဖြစ်ရခြင်း များဖြစ်ခဲ့သည်။ သို့သော်ထိုသို့ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းရောဂါအမျိုးမျိုးမဖြစ်ပဲ အ ဆိပ်အဖြစ်အူအတွင်းကျန်ရစ်ပြီး အစာအိမ်မှစုတ်ယူကာ အစာချက်ရန်လုပ်ငန်းစဉ်အတွင်းသို့ ဆွဲယူလိုက်သောအခါ ထိုအဆိပ်များသည် ပထမဦးစွာ အသည်းထံသို့ရောက်ရှိလာလေ တော့သည်။ အသည်းသည် သွေးကြောများအတွင်းပို့လွှတ်ရမည့် အဟာရများထဲမှာ အဆိပ်များကို စစ်ထုတ်ချေဖျက်ပေးပါသည်။သို့သော် နေ့စဉ်နှင့်အမျှကြိမ်ဖန်များစွာ အဆိပ်များကို စစ်ထုတ်ဖယ်ရှားလာရသည်အခါ အသည်းသည်ဒါဏ်မခံနိုင်ပဲ အသည်း လုပ်ငန်းစဉ်များပျက်ယွင်းလာပြီး ၊အသည်းကြီး၊အသည်းရောင်၊အသည်းအဆီဖုံး၊ စသည့် အသည်းရောဂါများတစ်ခုပြီးတစ်ခုဖြစ်လာစေတော့လေသည်။

အသည်းလုပ်ငန်းချို့ယွင်းမှုရှိလာသည့်အတွက် အသည်းမှစစ်ထုတ်ဖယ်ရှားခြင်းငှါ မစွမ်း သော အဆိပ်အတောက်များသည် ကျောက်ကပ်အထိရောက်ရှိလာပြန်သည့်အတွက် ကျောက်ကပ်မှတစ်ဖန် အဆိပ်အတောက်များကိုဖယ်ရှားစစ်ထုတ်ရပြန်ပါသည်။ ထို ကျောက်ကပ်သည်လည်း ကြိမ်ဖန်များစွာအဆိပ်သင့်ခံလာရသောအခါ ကျောက်ကပ်ပါ ပျက်စီးလာပြီး ရောဂါမျိုးစုံ ခန္ဒာကိုယ်အတွင်းသို့ရောက်ရှိလာကြလေတော့သည်။

ယခုအချိန်အခါတွင် မိမိတို့အသိနည်းစွာစားသောက်ခဲ့ကြသည့် အစာအာဟာရများက ဒုက္ခပေးနေကြပြီကိုသိရှိလာခဲ့သဖြင့် အသည်းကိုဒုက္ခရောက်စေသည့် အစားအသောက် များကို တတ်နိုင်သ၍ရှောင်ရှားကာမိမိခန္ဒာကိုယ်ကို ကယ်တင်ရပါတော့မည်။ မိမိထံရောက်ရှိနေသော ရောဂါဘယများသည် ကံကြောင့်ဖြစ်လာသည်ဆိုလျှင်တော့ အဲဒီကံကိုတွန်းလှန်ရပေတော့မည်။

Sort:  

ကံဆိုတာ အလုပ်ဆိုတော့ အလုပ်ကောင်းရင် ကံကောင်းမှာပါ

ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံရှိတော့ အတိတ်ကကိုတွန်းကြည့်တာပါ

Posted using Partiko Android

ပထဝီ တေဇော အာဘော ဝါယော ဓာတ်ကြီးလေးပါး နှင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ကြီးသည် ကံ စိတ် ဥတု အာဟာရ တို့ကြောင့် ဖောက်ပြန် ပျက်စီး တတ်ကြသည်မို့
ကျွန်တော်တို့ ဉာဏ်ဖြင့် ဆင်ခြင်နိုင်တာကို ဆင်ခြင်၊
ပြုပြင်နိုင်တာကို ပြုပြင်၊ ထိန်းသိမ်းကာကွယ်သင့်တာကို
ထိန်းသိမ်းကာကွယ်ခြင်းတို့ဖြင့် သက်တမ်းကို ရှည်စေလိုကြောင်းပါ ခင်ဗျာ

Posted using Partiko Android

ဟုတ်ပါ့ဗျာ အသက်ဉာဏ်စောင့်ဆိုတော့လေ

Posted using Partiko Android

တချို့က လျှာကို အလိုလိုက်ကြတယ်ဦးမင်းရေ
ဖြစ်ကာမှဖြစ်ရောတဲ့

ငယ်တုန်းကတော့ ကိုယ်တွေလည်း လျှာအလိုက်ခဲ့ကြတာပါပဲ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Hi, @minsoenaing!

You just got a 0.2% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66038.71
ETH 3178.89
USDT 1.00
SBD 4.05