ကျွန်တော်နိုင်ငံခေါင်းဆောင်တစ်ယောက်

in #myanmar5 years ago (edited)

ကျွန်တော်နိုင်ငံခေါင်းဆောင်တစ်ယောက်

အဟီး စိတ်ကူးယဉ်တာတော့ ၆၆ဃ တွေဘာတွေ မငြိလောက်ပါဘူးနော်။ ဟိုတစ်လောကတော့ ဒီပကျော်က သူရဲ့ exchange မှာတင်သွားသည်။ သူသာဝန်ကြီးဖြစ်လျှင် Digistal crytocurrency တွေခွင့်ပြုသွားမယ်တဲ့။ ဟုတ်ကဲ့ကျွန်တော်လည်း ကျွန်တော်သာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လျှင် တစ်နိုင်ငံလုံး ပုံမှန်ရှိရင်းစွဲလုပ်ရင်းစွဲလုပ်ငန်းတွေ တစ်ခုမှမလုပ်ခိုင်းတော့ပါ။ တစ်နိုင်ငံလုံး စိုက်ပျိုးစရာမလို၊ မွေးမြူစရာမလို၊ စက်မှုလုပ်ငန်းတွေ စက်ရုံအလုပ်ရုံတွေမလို၊ ဘာပစ္စည်း (Product) တစ်ခုမျှ ထုတ်လုပ်စရာ လည်းမလို ။
ဒါဆိုတို့မြန်မာတွေဘာလုပ်ကြမှာလည်း ။ အကုန်လုံးတစ်နိုင်ငံလုံးက တစ်ကမ္ဘာလုံးက ငွေကြေးမျိုးစုံကို Trade လုပ်ရမည်။ မြန်မာ ကျောင်းတွေမှာ Trading တစ်ခုတည်းစပယ် ရှယ်သင်ကြားပေးမည်။ အစိုးရ ကလည်း ဘာကုမ္ပဏီလုပ်ငန်းမှမလုပ်ပဲ တစ်ကမ္ဘာလုံးက ကုမ္ပဏီတွေက Stock share တွေလိုက်ဝယ် ထားပြီး Stock share အရောင်းအဝယ် လုပ်နေ ရမည်။ ပြည်သူတွေက ကမ္ဘာငွေကြေးမှန်သမျှ ရောင်းကြဝယ်ကြမည်။ ဒေါ် လာကိုမူသေထားပြီး မြန်မာငွေလည်းဖျက်သိမ်း ပြစ်မည်၊ ကမ္ဘာ့ငွေ ကြေးပေါင်းစုံမြန်မာပြည်မှာ သုံးစွဲနိုင်မည်၊ ကျောင်းတိုင်းမှာအိမ်တိုင်းမှာ ကွန်ပျူတာတွေ၊ အင်တာနက်တွေသာရှိမည်။ ကမ္ဘာငွေကြေးအား လုံးမြန်မာပြည်မှာစုပုံရောက်ရှိလာအောင်လုပ်မည် နောက်ဆုံးတွင် ကမ္ဘာ့နိုင်ငံအများအပြားက သူတို့ ထုတ်တဲ့ငွေ သူတို့မှာမရှိတော့သဖြင့် မြန်မာပြည်က လာချေးရမည်၊ ကမ္ဘာနိုင်ငံအများအပြားက ကုမ္ပဏီတွေရဲ့ Stock Share. အများစုမှာ မြန်မာ နိုင်ငံ မြန်မာ လူမျိုးများသာပိုင်ကုန်သဖြင့် ကမ္ဘာအနှံ့တွင်ရှိသော ကုမ္ပဏီကြီးတော်တော်များ များသည် မြန်မာပိုင်တွေဖြစ်ကြသည်၊
ကုမ္ပဏီမျှသာမဟုတ်သေး ကမ္ဘာအကျယ်ဝန်းဆုံး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိမြေအများစုမှာ မြန်မာပိုင်မြေကွက်တွေသာဖြစ်ကုန်သဖြင့် သူတို့နိုင်ငံမြေများ မြန်မာပိုင်မဖြစ်စေရေး ဥပဒေ တွေအသစ်ရေးဆွဲပြဒါန်းခြင်း၊ ဆန္ဒပြခြင်းတွေဖြစ် ကုန်သည်၊၊ နယ်ချဲ့ခြင်းကို လက်နက်ဖြစ့်နယ်ချဲ့ခြင်း မှ စီးပွးရေးနယ်ချဲ့ခြင်းအထိ ပြောင်းလဲနယ်ချဲ့ခြင်း ကို တရုတ်ကကျင့်သုံးလာသဖြင့် မြန်မာပြည်က လည်းနယ်ချဲ့နည်းသစ်အဖြစ် အင်တာနက် ငွေကြေးရောင်းဝယ် ပြုလုပ်လိုက်ရာ တစ်ကမ္ဘာလုံးမြန်မာလက်အောက်ခံနိုင်ငံများဖြစ် ကုန်ကြပါတော့သည်။
ဤတွင်...ကျွန်တော်၏ စိတ်ကူးယဉ်မှုပြီးဆုံးပါသည်

Sort:  

ဖောလိုးပြန်ပေးပါဦးဗျ
ကျေးဇူးပါ ပျော်ပါစေ

Posted using Partiko Android

ဘာပို့စ်မှလည်းမတင်ရသေးဘူးလား

Posted using Partiko Android

မှတ်ထား အဲ့ဒါမြန်မာ စိတ်ကူးကာသာရှိသေးတယ်နော်
နော့ဦးမင်း

စိတ်ကူးတွေနဲ့ကမ္ဘာကြီးကိုတည်ဆောက်ခဲ့တာဆိုလို့

Posted using Partiko Android

အဟက် စိတ်ကူးလေးပါ ဘဲ
ဒါပေမယ့် အဲ့လိုသာဆို ဘယ့်လောက် ကောင်းလိမ့် မလဲ နော်

ဂွတ်ထ ဂွတ်ထ ပေါ့

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ငွေကြေးကုန်သည်တွေလုပ်ကြတာပေါ့ ☺

အင်း...ခက်တာက မရောင်းတတ်မဝယ်တတ်သေးတာ၊မုံရွာမှာတော့ stock share အကြောင်းဟောပြောပွဲရှိတယ်

Posted using Partiko Android

တော်ပီ တော်ပီ သွားတော့ဘူး 😂

Hi, @minsoenaing!

You just got a 0.16% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75