လူကိုလူလိုမြင်ဖို့လိုသည်

in #myanmar5 years ago (edited)

image

လူကိုလူလိုမြင်ကြပါ

လူတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့သေသွား သည်ဟုကြားသိ မိတိုင်း ရင်ထဲမှာဆို့နင့်ခံစား မိဖြစ်မိတယ်၊ ထို့ထက်ပိုတာက ရက်ရက်စက်စက် အသတ်ခံရတဲ့ video မျိုးတွေဆိုပိုပြီးထိတ်လန့်မှု လည်းဖြစ် ကြေကွဲမှုလည်းဖြစ်မိတယ်။ တကယ်တော့ ကိုယ်နဲ့သွေးသားတော်ဆပ်သည် တော့မဟုတ်ပါ။
သို့သော် ထို့ရက်ရက်သက်စက်သတ်ဖြတ်ခံရခြင်း အပေါ် ဝမ်းသာအားရဖြစ်နေသူ အားပေးအား မြှောက်ပြုနေသူများကိုဖြင့် ဘယ်လိုမှနားမလည် နိုင်ပါ။ ခရစ္စယန်ဖြစ်သူ အမေရိကန်က သူတို့တပ်သားတွေ၏အရိုးအိုးကိုတန်ဘိုးထား အလေးပြုနေချိန်တွင် တို့မြန်မာ ဗုဒ္ဓဘာသာတွေက ကြက်ငှက်တွေသေသလိုမြေမြှပ်ခွင့်တောင်မပေးနိုင်ပဲ ပစ်ထားခဲ့ကြရတယ်ဆိုပါလား။
တစ်ခါတစ်ရံမိမိမြန်မာလူမျိုးဖြစ်ရလို့ဂုဏ်ယူမိ ခဲ့သော်လည်းမြန်မာလူမျိုးဖြစ်လို့ ဂုဏ်ငယ်ရတာ လည်းအကြိမ်ကြိမ်၊တစ်ခါတစ်ရံ မိမိ ဗုဒ္ဓဘာသာ ဖြစ်ရလို့ဂုဏ် ယူမိသော်လည်း အယူလွဲနေသည့် လူအချို့ကြောင့်ဗုဒ္ဓဘာသာဖြစ်ရတာ ရှက်မိရ တာလည်းရှိသေး။ ဗုဒ္ဓတရားတော်များကို ကိုယ်လို ရာတွေးပြီးပြောဆိုရေးသားခြင်း၊ နိုင်ငံရေးတွင်အ သုံးချခြင်း အကောင်းဆုံးမြတ်တရားကို ဝဒမှိုင်းသဖွယ်အသုံးချနေမှုများကိုကြားရသိရ သည့်အခါပိုလို့ပင် အရှက်ရမိပါသည်။ တကယ်တော့ ဗုဒ္ဓသည် လူ၏အမျိုးအနွယ်ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုများကိုပယ် ထားပြီးဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင် အဆင့်အတန်းဟူသည် ကိုယ်ကျင့်သီလပေါ်တွင် သာခွဲခြားထားသည်။ သံဃာတော်များကိုမူဝါအရ သာ အဆင့်ဆင်ရိုသေစေပြီး လူ့ဘဝက ချမ်းသာ ခြင်းအမျိုးမြတ်ခြင်းများသည်။ လူတို့သတ်မှတ် မှုများဖြစ်၍ဘောင်မဝင်ပါ။
လိမ်လည်ခြင်း၊သူများအသက်ကိုအလွယ်တကူ လုပ်ကြံသတ်ဖြတ်နိုင်ခြင်း လုပ်နိုင်သူ ငါးပါးသီလမျှကိုပင်မလုံခြုံသူတို့က သူတို့မှသာ ဗုဒ္ဓတရားတော်နှင့်အညီနေထိုင်သူများဖြစ်ကြောင်း ပြောဆိုကြသည့်အခါ တို့မြန်မာပြည်မှာသာသနာကွယ်ချေပြီကောလို့ ဝမ်းနည်းယူကြုံးမရဖြစ်ရပါလေသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဘယ်လိုပြောရမှန်းကိုမသိတော့ပါဘူး
ပြောစရာစကားကို ရှာမရတော့ပါဘူး

မပြောနက်တော့

Posted using Partiko Android

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

လူကို လူလို မမြင်တာ လူမဟုတ်လို့ပါဗျ😁

Posted using Partiko Android

အဲလိုလား

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98