လူပျင်းများနဲ့နေနေကျ

in #myanmar5 years ago (edited)

image
လူသည် ကိုယ့်တာဝန်ကိုယ်ယူရသည်။ သို့သော် လူတိုင်းသည်ကိုယ့်တာဝန်ကိုယ်ယူ တတ်ကြ သည်မဟုတ် ။မိန်းမကမိန်းမတာဝန် ၊ယောကျာ်း ကယောက်ျား တာဝန်ကျေနေလျှင် မိသားစု သည်ဘာပြဿနာ မျှဖြစ်ပေါ်လာမည် မဟုတ်။ မိဘများက မိဘတာဝန်ကျေပြီး သားသမီးများက သားသမီးတာဝန်ကျေပွန်လျှင် မိသားစုဘဝလေး သည်အေးချမ်းနေမည် သာဖြစ်သည်။
ထို့အတူတိုင်းပြည်တွင်လည်းအစိုးရများကအစိုးရတာဝန်ကျေပြီး တိုင်းသူပြည်သားများကလည်း တိုင်းသူပြည်သားတာဝန်ကျေလျှင် နိုင်ငံဖွင့်ဖြိုးတိုး တက်ပြီးငြိမ်းချမ်းသာယာမည်သာ ဖြစ်သည်။ သို့သော်မိသားစုဖြစ်စေ တိုင်းပြည်ဖြစ် စေလူပျင်း များ(အပျင်းထူသူများ) လူကတ်များ၊ အပါးခို သူများ၊ အခွင့်အရေးသမားများမှာရှိတတ် မြဲသာဖြစ်ရာ ထိုကဲ့သို့သောသူများကြောင့် မိသားစုအတွင်းနှင့် တိုင်းပြည်အတွင်းတို့တွင်ပြ ဿနာများပေါ်ပေါက်တတ်လေ့ရှိပါသည်။
ထိုနည်းတူ လူပျင်းများရှိသလို အလုပ်ပိုလုပ်သူများလည်းရှိတတ်ပြန်ပါသည်။ထိုသူများက မိမိတာဝန်ကျေရုံမက သူတပါးတာဝန်ကိုပင်ယူလုပ်ပေးတတ်သည်။ယောကျာ်းဖြစ်လျှက်မိန်းမတာဝန်များပါ။လုပ်ပေးတတ်သည်။ မိန်းမဖြစ်လျှက်ယောကျာ်းတာဝန်များပါ ယူလုပ်ပေးတတ်သည်။ တချို့မှာ ဝန်ထမ်းဘဝ တွင်သူ့အလုပ်ကိုယ့်အလုပ်မခွဲပဲလုပ်ကိုင်ပေးတတ်သည်။ အချို့မှာမူ ကိုယ့်တာဝန်ပင်လျှင်တာဝန် ကျေအောင်မလုပ်နိုင်ကြပါ။
သို့သော် ပြဿနာတော့သိပ်မ
ရှိပါ။ ကျွန်တော်တို့ သည် လူပျင်းများနဲ့ နေနေကျဖြစ်သည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဝန်ထမ်းဘဝက လူပျင်းဖြစ်ဖို့ အလား အလာ များတယ်ဦးမင်း 😁

အရင်ကတော့ လစာနည်းလို့စိတ်တက်ကြွမှုအားနည်းလာတာကစပြီးအပျင်းထူကုန်ကြရော

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87