မလေးရှားနဲ့ စင်္ကာပူ

in #myanmar6 years ago (edited)

မလေးရှားနဲ့ စင်္ကာပူ
image
image
မလေးရှားနဲ့စင်္ကာပူဟာ ဗြိသျှကိုလိုနီဘဝကနေအတူတူထွက်လာခဲ့ကြတာမို့ ဖွံ့ဖြိုးတိုးတက်မှုအနေနဲ့ တန်းတူအနေ အထားမှာရှိနေခဲ့ကြဖူးပါတယ်။ ၁၉၆၅ ခုနှစ်ရောက်တော့မှ ဒီနှစ်နိုင်ငံဟာ မတူညီတဲ့လမ်းကြောင်းတွေကို ကိုယ်စီရွေး ချယ်လျှောက်လှမ်းခဲ့ကြပါတယ်။ မလေးရှားက မလေးစကားပြောနိုင်ငံအဖြစ်ရွေးချယ်လိုက်ကြပြီး စင်္ကာပူကတော့ အင်္ဂလိပ် ဘာသာကိုရုံးသုံးစကားသတ်မှတ်ကာ လူမျိုးပေါင်းစုံ လူ့အဖွဲ့အစည်းပုံစံကို ရွေးချယ်ခဲ့ပါတယ်။

ပြီးတော့ စင်္ကာပူကို လီကွမ်ယုကခေါင်းဆောင်ပြီး မလေးရှားကိုတော့ တန်ကုကဦးဆောင်ခဲ့ပါတယ်။ ဒီနေရာမှာသူတို့ နှစ်ဦးရဲ့သိသိသာသာကွဲပြားမှုကိုတင်ပြချင်တာဖြစ်ပါတယ်။ စင်္ကာပူကို ဦးဆောင်တဲ့လီကွမ်ယုက လူမျိုးပေါင်းစုံလူ့အဖွဲ့အစည်း ပုံစံကိုကြိုက်နှစ်သက်တယ်။ မလေးရှားကို ဦးဆောင်တဲ့ တန်ကုက မလေးမှမလေး တခြားလူမျိုးရောနှောတာကိုမကြိုက်ဘူး။ ဒီအချက်ကပဲ မလေးရှားဟာစင်္ကာပူကို မမီနိုင်တော့ပဲနောက်ကောက်ကျစေခဲ့ပါတော့တယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အရည်အချင်းတွေကို လူမျိုးပေါင်းစုံဆီကနေဆွဲထုတ်ယူနိုင်ဖို့ရာမှ မလေးရှားအဖို့ ခွန်အားလျော့နည်းသွားပါတယ်။ မလေးလူမျိုးသာဦးစီးဦးဆောင်ပြုနေရမယ်ဆိုတဲ့ပေါ်လစီက အခြားအရည်အချင်းရှိသူတွေကို လက်လွတ်သွားစေခဲ့ပါတယ်။ တို့နိုင်ငံမှာ စစ်သားတွေသာဦးဆောင်ရမယ်ဆိုပြီး ဌာနဆိုင်ရာတိုင်းမှာ စစ်သားလူထွက်တွေထည့်ထားလိုက်လို့ အရည် အချင်းရှိသူတွေဘေးရောက်သွားကြသလိုပါပဲ။

နောက်ပိုင်းမှာတော့ မလေးရှားဟာဒီအချက်ကိုသဘောပေါက်သွားပြီး နိုင်ငံခြားရောက်နေတဲ့ မလေးတရုတ်၊ အင်ဒီယန်းတွေကို ပြန်ခေါ်ဖို့ စည်းရုံးပါတော့တယ်။ ဒါပေမယ့်ဒီကြိုးစားမှုကအလွန်နောက်ကျသွားပါတယ်။ ဂလိုဘယ် လိုက် ဖြစ်လာတဲ့ ကမ္ဘာထဲမှာ ဘယ်နိုင်ငံမဆို အရည်အချင်း၊အရည်အသွေးနဲ့ ဦးနှောက်ကောင်းကောင်းတွေကို ရအောင် စည်းရုံးပြီး စီးပွားရေးကိုမောင်းနှင်ဖို့ကြိုးစားနေကြပါပြီး။ မြန်မာပြည်ကို ပညာရှင်တွေ အမေရိကန်ပြည်ထောင်စုမှာ အများကြီးရောက်နေ ကြပါတယ်။ ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေရှိတဲ့ နာဆာလိုနေရာမှာတောင် မြန်မာလူမျိုးတွေရှိနေကြတာပါ။တကယ့်ကို နှမြောစရာကောင်းလှပါတယ်။ မှတ်မှတ်ရရ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတော့ ဆိုဗီယက်ပညာရှင်တွေကို တရုတ်က လစာ ကောင်းကောင်း ပေးမယ်လို့ကြေညာလိုက်ပါတယ်။ သူတို့နိုင်ငံက ပညာရှင်တွေတောင်မရနိုင်တဲ့လစာမျိုးနဲ့ပါ။ အဲဒီအချိန်က ဆိုဗီယက်က ပညာရှင်တွေကလည်း တိုင်းပြည်အခြေအနေအရ လစာတွေလျော့ချခံထားရပါတယ်။ ကျွန်တော်တို့နိုင်ငံ ကတော့ ခုအချိန် အထိ ပညာရှင်တွေတန်ဘိုးထား ရမှန်းသိပုံမရသေးပါဘူး။

၂၀၀၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီးမှာ မလေးရှားဟာ တကယ်အပြောင်းအလဲဆီကို ဦးတည်နေပြီဆိုပြီး ယူဆချက်အမျိုးမျိုး ရှိခဲ့ကြပါသေးတယ်။ အတိုင်အခံပါတီဟာလက်ရှိ လူမျိုးရေးဝါဒကနေ သွေဖီကျင့်သုံးသွားမယ်ဆိုတော့ ထောက်ခံမဲအများဆုံးရပြီး နာဂျစ်တွန်ရာဇတ်က ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ အချိန်ကြာလာတော့လည်း တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ မလေးရှားဆိုတာဖြစ်မလာပဲ မလေးလူမျိုးနဲ့ မလေးအသိုင်းအဝိုင်းပဲပြန်ဖြစ်နေပြီး မလေးကမလေး အချင်း ချင်း၊ တရုတ်က တရုတ်ချင်း၊ အင်ဒီးယန်း အင်ဒီယန်းချင်းပဲဆက်ရျိနေခဲ့ကြပါတယ်။ဒါကိုလည်း မြန်မာနိုင်ငံနဲ့ ခိုင်းနှိုင်းရရင် ပြည်သူတွေက စိတ်ကုန်တဲ့ မိုးကျရွှေကိုယ်တွေက မိုးကျရွှေကိုယ်တွေပဲဆက်ရှိနေသလိုမျိုးပါပဲ။ ဒီလိုမျိုး အဖွဲ့အစည်း စွဲလူမျိုးစွဲ စိတ်တွေမကုန်တဲ့အတွက်ရော အရင်ကကျင့်သုံးခဲ့တဲ့ ရုံးသုံးဘာသာစကား အင်္ဂလိပ်စာကို မလေးစကားနဲ့အစား ထိုးခဲ့တဲ့အတွက်ရော မလေးတွေရဲ့ အင်္ဂလိပ်စာအရည်အသွေးပါနိမ့်ကျသွားတဲ့အတွက် မလေး၇ှားဟာ စင်္ကာပူလို ဖွံဖြိုးတိုးတက်သင့်သလောက်မတိုးတက်နိုင်ပဲရှိခဲ့ရပါတယ်။ ခုနှစ်စောစောပိုင်းကတော့ အသက် ၉၀ ကျော်ပြီဖြစ်တဲ့ အရင်က မလေးရှားဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ မဟာသီယာက အာဏာပြန်ယူနိုင်ခဲ့ပြီး အကျင့်ပျက်ချစားမှုကအစ ဆိုးဆိုးရွားရွားပျက်စီး နေတဲ့ မလေးရှား အုပ်ချုပ်မှုအဖွဲ့ကို ပြန်လည်ပြင်ဆင်ပြီး ကြီုးစားပြုပြင်နေပြီဆိုပါတယ်။

အင်း ကျွန်တော်တို့နိုင်ငံမှာလည်း ဘယ်လိုတွေပြုပြင်ပြောင်းလဲကြမလဲဆိုတာ စောင့်ကြည့်နေကြရုံမှတပါး……..

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

မိမိက စ ပြောင်းရမှာ တစ်ကယ်ပါ
အကြံပေးတာကတော့ ကောင်းတာပဲ ရှိပါမယ်
လက်တွေ့ လုပ်နိုင်ကြမှ လက်တွေ့ ဖြစ်မှာပါပဲ...
သူ့ခြံက မြက် စိမ်းတာပဲ ကြည့်နေရင်တော့....

လက်တွေ့ဘာတွေလုပ်နေလဲဆိုတာ သူ့လည်းကိုယ်မသိနိုင်သလို ကိုယ့်လည်းသူမသိနိုင်ဘူး၊ဒါကို ဘယ်သူမှလည်းထုတ်ပြောမှာမဟုတ်ပါဘူး၊ပြီးတော့ သူ့ခြံကမျက်စိမ်းတယ်မပြောပါဘူး၊မလေးရှားအခြေအနေနဲ့နှိုင်းယှဉ်ပြယုံပါ၊

ဦးမင်း ပို့စ်ကို တိုက်ရိုက် ဝေဖန်ခြင်း မဟုတ်ပါ...
လက်ရှိ နိုင်ငံသားတွေရဲ့ စိတ်နေသဘောထား ၊ အကျင့် အကြံကို
ထပ်ဖြည့်ထည့်ခြင်းသာပါဗျာ

မဟုတ်ပါဘူးဝေဖန်လို့ရပါတယ်၊သေသေချာချာဖတ်ဖို့ပဲလိုတယ်၊ကျွန်တော်ဆိုလိုတာက စင်္ကာပူက လူမျိုးမခွဲခြားပဲ ပညာရှင်တွေခေါ်တယ်၊မလေးရှားကလူမျိုးစွဲပြီး မလေးမှမလေးလုပ်တယ်၊ဒါကြာင့်မလေးရှားက စင်္ကာပူတိုးတက်မှုကိုမမီတော့ဘူး၊ထိုနည်းတူစွာ မြန်မာမှာလည်းပညာရှင်တွေကိုပစ်ပယ်ခဲ့တယ် ၊စစ်သားတွေအစားထိုးခဲ့တယ်၊ သူများဌာနမသိဘူးထားလိုက် ကျွန်တော်တို့ဌာနမှာပဲ MD ကဗိုလ်ကြီး စက်ရုံမှူးတွေက ဗိုလ်မှူး ဗိုလ်ကြီးတွေချည့်ပဲ ခုစက်ရုံအားလုံးအရှုံးပေါ်နေတယ်။ ဘယ်သူမှတာဝန်မယူဘူး ။အရှက်မရှိနေနေကြတယ်၊ ကျွန်တော့ဆရာတွေလက်ထောက်စက်ရုံမှူးတွေနဲ့ပင်စင်ယူကုန်ကြပြီ သူတို့ဗိုလ်တွေကအသက် လေးဆယ်လောက်နဲ့ တက်လုပ်နေကြတော့ ပင်စင်ကလည်းမယူနိုင်ကြတော့ဘူး ၊ဒါကြောင့်နောက်ပိုင်းပညာရှင်တွေမရှိတော့ဘူး ၊ကျွန်တော့်အသက် ၅၆ နှစ်ရှိပြီ ဘာတာဝန်ပေးပေးလုပ်နိုင်တယ်၊ လေကြီးတာမဟုတ်ဘူး၊ စက်ရုံတွေ သုံးနှစ်နဲ့အမြတ်မထွက်ရင် အလုပ်ထွက်ပါ့မယ်ဆိုပြီးလက်မှတ်ထိုးလုပ်နိုင်တယ်

ဆရာကတင်​တာ​နောက်​ကျလို့ပါဆရာအဲ့အချိန်​ကြလူ​တွေကပိုစ်​​တွေပြန်​ကြည့်​ကြ​တော့ဘူး​လေ

နောက်တော့ကျသွားတယ်၊ ဒါပေမယ့် သူများတွေတော့လိုက်မန့်ပေးပါတယ်

‌ပြောရမယ်‌ဆိုရင်‌ အများကြီးပါ ဦးမင်းရယ်‌။

များလည်ပြောရမှာပဲ Steem များများရတာပေါ့ဟားဟား

တကယ် ဗဟုသုတရတယ်ဗျို့
ရေမျှောကမ်းတင်တွေကတော့ မင်းမူဆဲပ

အင်းဒီစာတွေလာဖတ်ရင်ကောင်းမယ်နော

ကျွန်​မတို့နိုင်​ငံက​တော့စိတ်​ပျက်​စရာ​တွေကြီးပါပဲ။

နှိုင်းယှဉ်လေ့လာနိုင်အောင်ပါ

နိုင်ငံစုံရောက်ရတော့မယ် ပျော်ပါတယ်

အဓိကကျတဲ့နိုင်ငံလေးတွေရွေးရေးမလို့ပါ

ကိုယ့်နိုင်ငံအကြောင်းဖတ်ကြည့်ရင်,တွေးကြည့်ရင် ရင်လေးစရာတွေ အများကြီးမို့ တစ်ခါတစ်လေကျတော့ ကိုယ့်နိုင်ငံအကြောင်း မဖတ်ဘဲ,မတွေးဘဲတောင် နေချင်မိပါတယ်။

အရမ်းလဲစိတ်ဓာတ်မကျပါနဲ့ဒီလိုပဲလုပ်သွားကြတာပေါ့

ဗဟုသုတများရပါသည်

ရစေချင်တာပါ

ကိုမင်း​ရေ
ဘယ်​​နေ့မှာ အ​ကောင်းဆုံးဖြစ်​မလဲဆို​တာ ​မျှော်​​လင့်​လျှက်​ပါဗျာ 😊😊

အားလုံးဝိုင်းပြင်ကြရင်တစ်နေ့နေ့တော့အကောင်းဆုံးဖြစ်လာမှာပါ

ပညာရှင်တွေကိုဦးစားပေးလို့တိုးတက်လာခဲ့ရတဲ့
နိုင်ငံတွေပေါ့ဗျာ

ပညာရှင်တွေကပြစ်ကောင်းတဲ့သူတွေမဟုတ်ဘူးလေ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70797.92
ETH 3553.00
USDT 1.00
SBD 4.76