မိခင် ဖခင်ဘယ်သူကျေးဇူးရှင်

in #myanmar5 years ago (edited)

image

မိဘကျေးဇူးဟုပူးတွဲ၍ ကျေးဇူးတရားကိုဖော်ညွှန်းကြသော်ငြားလည်း တခါတစ်ရံ တိရိစ္ဆာန်များမှာဖြစ်စေ၊ လူသားမှာဖြစ်စေ အမိကသာသားသမီးတာဝန်ယူရခြင်းမျိုး၊ အဖကသာလျှင်သူ့သား သမီးတာဝန်ယူရသည် မျိုး တွေ့ကြုံဖူးပါသည်။

ငါးရွေးဟူသောငါးသည်။ အမကဥချပြီးသည်နှင့် သူကရေစီကြောင်းအောက်ပိုင်းတွင် ကျင်းပြုလုပ်ခါ ဥများကို စောင့်ရှောက်ပေးပြီး၊ဥများကွဲထွက်မွေးဖွားလာသည်အထိ ခန္ဓာကိုယ်ကိုယ်ရစ်ခွေကာ ကာကွယ်စောင့် ရှောက် ပေးပါသည်။ fighter ဟူသော အိမ်မွေးငါးလည်းထိုနည်းတူစွာ ဖခင်ငါးထီးကဥများကို မပေါက် မချင်းစောင့်ရှောက်ပေးသည်။နောက် seahorse ခေါ်ရေမြင်းသည်လည်းဥများကိုဖခင်ကလွယ်ကာမွေးဖွား ပေးသည်။နောင်ပင်ဂွင်းငှက်များသည်လည်း မိခင်ဥချထားသည့် ဥများကို ဖခင်ပင်ဂွင်းက ဥများပေါက်လာ သည်အထိ စောင့်ရှောက်ပေးသည်။

မိခင်ကဥဥ, မွေးဖွားပေးကြသည်ကတော့ အများအားဖြင့်မို့သီးခြားမတင်ပြတော့ပါ။ ဆက်လက်တင်ပြလို သည်မှာ လူများအကြောင်းဖြစ်ပါသည်။ လူသည်အသိညာဏ်ပညာရှိသဖြင့် သတ္တလောကတွင်အကြီးမြတ် ဆုံးဟုခံယူထားသော်လည်း မိခင်ဖြစ်လျှက်မိခင်လိုမစောင့်ရှောက်၊ ဖခင်ဖြစ်လျှက် ဖခင်တာဝန်မကြေသူများ ကိုများစွာတွေ့ခဲ့ဖူးပါသည်။ မွေးစကလေးငယ်များကိုလမ်းဘေးအမှိုက်ပုံတွင်စွန့်ပစ်ထားကြသည်များကို မကြာခဏကြားရမြင်ရဖူးပါသည်။ထို့အတူ ဖခင်လုပ်ပြီး သားသမီး၏တာဝန်ကိုလုံးမယူပဲ ထားရစ်ခဲ့သည့် ဖခင်ဆိုးများလည်း တွေ့ဖူးပါသည်။

ထိုသူများသည် ခွေးလောက်ပင်မြင့်မြတ်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ခွေးထီးတစ်ကောင်သည် အစာ စားလာပြီးခွေးငယ်များကိုအံ၍ကျွေးမွေးသည်ကိုမျက်ဝါးထင်ထင်မြင်ဖူးပါသည်။ ခွေးသည်ပင်လျှင် မိမိ သားသမီးများရှာဖွေစားသောက်နိုင်ခြင်းမရှိသေးခင် ကျွေးမွေးစောင့်ရှောက်ရမည်မှန်းနားလည် သိရှိပါလျှင် လူသည်ပို၍ပင်သိသင်သည်မဟုတ်ပါလား။

ထိုသူမျိုးကို အမိအဖဟုခေါ်ဆိုထိုက်ပါသလား။ကျေးဇူးရှင်ဟုသတ်မှတ်သင့်ပါသလား။ဖြေပေးကြပါဗျာ။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အမေ အဖေ ဆိုသည်မှာ ဆိုးသွမ်ပြီး တာဝန်မကျေပါသော်လည်း မိမိအားမွေးဖွားပေးခြင်း
နှင့် ကိုယ့်ထက်အရင်းမွေးဖွာကြီးမြင့်သူများ
ဖြစ်သည်ကပင် ကျေးဇူးရှင်ဖြစ်ပြီး ရိုသေလေးစားရပါမည်။

မိဘက သားသမီးကို ရွေးချယ်လို့ရတယ်။ သားသမီးက မိဘကို ရွေးချယ်လို့မရဘူးတဲ့။ မိဘတွေကြောင့်နာကျင်ခံစားခဲ့ရတဲ့ သားသမီးတွေ ရှိသလို သားသမီးတွေကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ မိဘတွေလဲရှိပါတယ်။ နောက်ဆုံးမှာတော့ သူ့သဘော သူဆောင်သွားတာပါပဲလေ။ မိဘပီသရင် မိဘလို ဆက်ဆံခံရမှာ ဖြစ်ပေမဲ့ မိဘပီသပေမဲ့လဲ မိဘလို အလေးထားမခံရတာတွေလဲ ရှိပါတယ်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29