မိတ်ဆွေစစ်

in #myanmar5 years ago

image
မိတ်ဆွေစစ်ဟူသည် ပုံမှန်ဆက်ဆံနေခိုက်ခွဲခြားသိရှိနိုင်ရန်ခက်ခဲပါသည်။ ဒုက္ခရောက်သည့်အချိန်မှသာ မိမိအပေါ်ဘယ်သူက ကူညီသလဲ စိုးရိမ်သလဲ ထပ်တူခံစားပေးနေသလဲ ဆိုတာတွေ ပေါ်လာတတ်သည်၊ ၊
မိမိဝန်ထမ်းဘဝစတင်ဝင်ရောက်ခါစက နေမကောင်းဖြစ်ဖျားနာဖူးသည်။
လူမှုရေးအရ ရုံးမတက်ဘူးလားဟုမေးကြ သော်လည်း နေမကောင်းလို့ခွင့်ယူတားတယ်ဟုပြောလိုက်သည့်အခါ "သြော်" ....
ဒီလောက်ပဲရှိသည်။ သူတစ်ယောက်တည်းနေမကောင်းဖြစ်နေ တာအဆင်မှပြေရဲ့လားလို့ လာကြည့်ပေးသူ တစ်ယောက်မှမရှိပါ၊၊ အဖျားတက်နေသည့် အတွက် ဆန်ပြုတ်ကိုပင်ကြို မသောက်နိုင်၊ ဆေးခန်းမသွားနိုင် ဆေးထမသောက်နိုင်ဖြစ် ခဲ့သည်၊ နောက်တော့မတတ်သာသည့်အဆုံး ကုန်းရုံးထပြီး ဆန်ပြုတ်ကိုမဖြစ်ဖြစ်အောင် ကြိုသောက်ခဲ့ရသည်။
နောက်တစ်ခါတွင် အဆောင်နေဖော်တစ်ဦး ကျွန်တော့်လိုဖျားသည်။ ကျွန်တော်က မိသားစုလို ပြုစုပေးခဲ့သည်။ ဆေးဝယ်ပေးသည်၊ဆန်ပြုတ်ကြို ပေးသည်၊ လိုအပ်မည်ထင်တာတွေလုပ်ပေးခဲ့သည် နောက်ဆုံးတော့ အခင်မင်ဆုံးသူငယ်ချင်းဖြစ်လာ ခဲ့သည်။ ခုတော့သူလည်းအလုပ်ထွက်သွားပြီဖြစ်၍ ဝေးကွာလှသောမြို့မှာနေသည်။
ကျွန်တော်ကရုံးချုပ်ရောက်လာသည်။
ရုံးမှာ လူများစွာနှင့်ခင်မင်သည်။ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင် နေကြသည်။ စားကြသောက်ကြ ပျော်ကြပါးကြသည်။သို့သော် တကယ်တမ်းအရေးဟဲ့အကြောင်းဟဲ့ဆိုလျှင် ကူညီမည့်သူမရှိတတ်၊ ဝန်ထမ်းသို့မဟုတ်ဝန်ထမ်း ၏မိဘများသေဆုံးလို့ နာရေးကူညီငွေကောက်သည့်အခါ ၅၀၀ တန်နှင့်တစ်ထောင်တန်ကို ရွေးနေတော့သည်။
လူမှုရေးခေါင်းပါးလာသည့်သဘောလား။ အပိုအလျံ မရှိသည့်ဝန်ထန်းလောက၏ သရုပ်သကန်လားတော့ မခွဲခြားတတ်ပါ။
မိမိနှင့်ခင်မင်သည့် ကလေးမလေး၏ မိခင်ရောဂါ အသည်းအသန်ဖြစ်နေသည့်အတွက် ကျွန်တော်က အစစအရာရာတတ်အားသ၍ လူရော စိတ်ပါအကူအညီပေးနေသော်လည်း သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များက သူမဘာကြောင့်ခွင့်တွေ ယူနေသလဲဆိုတာကိုပင်မသိကြသူရှိနေသေးသည်။
ယခုခေတ်အခါသည်၊ အဲသည်လောက်ပင်မိတ်ဆွေ စစ်တွေရှားပါးလာပေသည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

လူတွေ လောဘနောက်လိုက်နေကြသလားဗျာ

မပြေလည်မှုတွေကစတာပါ

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70557.88
ETH 3560.83
USDT 1.00
SBD 4.75