Myanmar Standard မြန်မာစံသတ်မှတ်ရေး

in #myanmar5 years ago (edited)

image
ဒီနေ့တော့ဝမ်းသာစရာသတင်းလေးပါ၊အတည်ပြုချက်အထိမရောက်သေးလို့ အသေးစိတ်ထုတ်ပြောလို့တော့မရသေးဘူးပေါ့။ သို့သော်လည်း အကြမ်းဖျင်းတော့ပြောပြချင်ပါတယ်။ အနှစ်နှစ်အလ လကကျွန်တော်ပြောဆိုနေခဲ့ပြီးဒီနေ့အထိလည်း ပြောချင်နေသေးတဲ့ကိစ္စလေးတစ်ခုရှိပါတယ်၊ဒါကတော့ Myanmar Standard ကိစ္စပါ၊ အထူးသဖြင့်သွင်းကုန် ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး မြန်မာတွေမှာဘာ Standard မှမရှိတော့ တရုတ်နဲ့ ထိုင်းကနေပစ္စည်းတွေဝင်လာသမျှ မစစ်ဆေးနိုင်ခဲ့ပါဘူး၊ ဘာတွေစစ်ဆေးချင်တာလည်း မူးရစ်ဆေးတွေသွင်းနေလို့လားဆိုတော့ မဟုတ်ပါဘူး၊ တရားဝင်သွင်းကုန်တွေကိုပြောတာပါ၊ တရားဝင်သွင်းကုန်ပေမယ့်သူများနိုင်ငံတွေ ကိုတော့ ကျွန်တော်တို့က သွင်းချင်သလိုသွားသွင်းလို့မရပါဘူး၊ သူတို့နိုင်ငံတွေမှာက "စံ" သတ်မှတ်ချက်တွေရှိပါတယ်၊ ဥပမာ အမေရိကန်ပြည်ထောင်စုကို ကျွန်တော်တို့က ဆန်တင်ပို့မယ်ဆိုပါစို့ ၊သူတို့က ဆန်မှာ Aflatoxin ပါဝင်မှု၊ ဓာတုဓာတ်ကျွင်းပါဝင်မှုစတာတွေကို စိစစ်ကြပါတယ်၊ သူတို့သတ်မှတ်ထားတဲ့ Normal range ထက်ကျော်လွန်တာနဲ့ သွင်းခွင့်မရတော့ပါဘူး၊သဘောကတော့ သူတိုပြည်သူတွေစားသုံးရန်မသင်တဲ့ ကုန်ပစ္စည်းကို သူတိုင်းတိုင်းပြည်ထဲဝင်မလာစေရဖို့ကာကွယ်ထားတဲ့သဘောပါပဲ။
ကျွန်တော်တို့တိုင်းပြည်မှာကတော့ သိကြတဲ့အတိုင်း ဆိုးဆေးတွေပါလို့၊ ဆေးသကြားတွေပါလို့ ။ ဓာတုဓာတ်ကြွင်းတွေပါလို့ ပြည်သူတွေစားသုံးမိပြီး သေသူသေ ဆေးရုံရောက်သူရောက်တော့မှ လိုက်ဖမ်းခဲ့ရတာပါ၊ ချက်ချင်းလည်းမသေဘူး၊ဆေးရုံလည်းမရောက်ဘူး၊တစ်နေ့တခြားရောဂါတွေရလာစေတဲ့ အစားအသောက်ကုန်မျိုးဆိုရင်တော့ ခုထိဆိုင်တွေမှာမင်းမူနေကြဆဲပါ။
ခုတော့ လက်ရှိအစိုးရက ကုန်ပစ္စည်းတွေကို "စံ" သတ်မှတ်ဖို့စတင်နေပါပြီ၊ အခက်အခဲတွေကတော့အများကြီးပါ၊၊ ISO နဲ့အညီ international standard, ASIAN Standard တွေရဖို့လုပ်ရမှာတွေရှိသလို ဓာတ်ခွဲစမ်းသပ်နိုင်ဖို့ ခေတ်မီ ဓာတ်ခွဲခန်းတွေလိုဦးမှာပါ၊၊ လက်တွေ့အကောင်အထည်ဖေါ်ကြရမယ့် လူကြီးအချို့ကတော့ စမ်းတဝါးဝါး သန်းနေတုန်ုးပါ။သို့သော်လည်း စတင်နေပြီဆိုတော့ အရင်ကဘာမှမလုပ်ခဲ့တာနဲ့စာရင် အများကြီးကောင်းမွန်လာပါပြီ။ ကျွန်တော်တို့ဌာနကတော့ စားသုံးကုန်မဟုတ်ပါဘူး၊ သို့သော်လည်း ရေနံစိမ်း၊ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံဓာတ်ငွေ့ရည်စတာတွေကိုလည်း "စံ"သတ်မှတ်ပေးရမှာပါ၊
ကျွန်တော်တို့ပြည်သူတွေ ဘေးအန္တရာယ်ကင်းတဲ့ကုန်တွေ အစားအသောက်တွေ သုံးစွဲ စားသောက်နိုင်ကြပါစေဗျာ။
မင်းစိုးနိုင်
MSC-010

Sort:  

ဝမ်းသာစရာသတင်းပါဦးရေ။

ဟုတ်ပါတယ်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကောင်းပါတယ်​...စားသုံးသူများအတွက်​စိတ်​ချရပြီ​ပေါ့....

Posted using Partiko Android

Good တယ်ဆိုရင် do ပြီနော်

Posted using Partiko Android

မင်္ဂလာသတင်းလေးပါ ဦးမင်းရေ

လက်တွေလုပ်ငန်းခွင်ကကိစ္စလေးပေမယ့် ကိုယ့်လူတွေအရင်သိစေဖို့ပါ

Posted using Partiko Android

ဘာထုပ်​ထုပ်​ ဘာသွင်းသွင်း စံ ​တော့ရှိသင့်​ပါတယ်

အမှန်ပဲ

Posted using Partiko Android

အဲ့ဒီ စံလေး မြန်မြန် ပေါ်လာပါစေဗျာ။

ကြိုးစားနေုကြပါပြီ

Posted using Partiko Android

ကောင်းပါတယ်​...စားသုံးသူများအတွက်​စိတ်​ချရပြီ​ပေါ့....

Posted using Partiko Android

စံကတော့ သတ်မှတ်သင့်ပါတယ်

Posted using Partiko Android

လုပ်သင့်တာကြာပေါ့

Posted using Partiko Android

မြန်မြန်အတည်ပြုနိုင်ပါစေ

တော်တော်များများဌာနတွေတော့ပြီးကြပါပြီ

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.48% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85