Myanmar Steemit ဘယ်လိုလဲ

in #myanmar5 years ago (edited)

image
Steemit platform ပေါ်တွင်ပို့စ်တင်သူရှားပါးလာပါသည်။ မြန်မာတွေကပိုနည်းပါးသွားသည်။ အဓိကအကြောင်းက တော့ Steem ဈေးကျပြီးပြန်မတက်လာခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာ့ကုန်ဈေးနှုန်းနဲ့တော့အလွန်ကွာပေသည်။ မြန်မာ့ကုန်ဈေးနှုန်းကတော့ တက်ပြီးပြန်မကျတာပဲရှိသည်။ ကျပြီးပြန်မတက်တာမရှိ။ မြန်မာ Steemit group များဖြစ်သည့် MSC, MSU များလည်း ခြောက်တိချောက်ချဲ့ဖြစ်လာသည်။ ထို့ထက်ပို၍ဆိုးသည်မှာ ရှိသမျှလူအနည်း ငယ်မျှလေးပင်စည်းလုံးညီညွတ်မှုအားနည်းခြင်းဖြစ်သည်။MSC သည် မိမိ၏ကနဦးသန္တေတည်မွေးဖွားရာဖြစ်သည့် အတွက် မဝေဖန်လိုသော်လည်း အများအကျိုးကိုရှေ့ရှု၍ အနည်းငယ် တော့ပြောချင်ပါသည်။ msc ၏စည် ကမ်းများ ကြောင့်ဖြစ်ပါသည်။ ကျွန်တော်တစ်ဦးတည်း၏အမြင်အရ စည်းကမ်းဟူသည်အခြေအနေအချိန်အခါပေါ်မူတည်၍ ပြောင်းလဲပေးရပါမည်။ ၂၀၀၈ အခြေခံဥပဒေလို ပြင်မရအောင်လုပ်ထားလို့မရ။ စည်းကမ်းတင်းကျပ်မှုကြောင့် လူများထွက်ကုန်ကြလျှင် မိမိထုတ်ပြန်ထားသည့်စည်းကမ်းများကိုပြန်သုံးသပ်သင့်သည်။ လူများလာ၍ စည်းကမ်းအချို့ ပြုပြင်ပြောင်းလဲပေးရသည်များရှိသလိုလူနည်းသွား၍ စည်းကမ်းအချို့ပြုပေးရသည် များလည်းရှိသင့်သည်ဟုထင်ပါ သည်။မိမိတို့ထုတ်ပြန်ထားသောစည်းကမ်းများသည် ထိုစဉ်အချိန်အခါက လိုအပ်၍ ထုတ်ပြန်ခဲ့ရသည်မှန်သော်လည်း ယခုအချိန်အခါတွင် စွဲစွဲမြဲမြဲပို့စ်တင်နေသူအချို့မှာ စည်းကမ်းသေဝပ်လိုက်နာတတ်သူများဖြစ်သည်။ စည်းကမ်းလျော့ ပေးလည်းလုပ်စားသွားမည့် သူများမဟုတ်ပါ။ msc တိုးတက်ရာတိုး တက်ကြောင်း သာပြုလုပ်မည့်သူများဖြစ်သည်။ ကျွန်တော်ဆိုလျှင် Steemit တွင် နေ့စဉ်မပျက်ပို့တင်နိုင်သူဖြစ်သည်။ မည့်သည့် Steem, SBD မျှလည်းရောင်းမစား သေးသူဖြစ်သည်။ သို့သော် မိမိဘာသာ မိမိပိုက်ဆံဖြင့်ဝယ်၍ SP ကို delegate ပြုလုပ်ချင်သည်ကိုပင် တရားဝင်ခွင့်ပြု ချက်မရသဖြင့် msc မှထွက်လိုက်ရသည်။

ယခုအခါ @mmunited က msc နှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောလာသည်။ သူလည်းစည်းကမ်းများဖြင့်ချုပ် ချယ်မှုကိုမိမိလိုပင်မနှစ်သက်သူဖြစ်သည်။ msc ၏ promotion တွင် မည်သူမဆို စည်းကမ်းချက်မထားပဲ Link ချမည် ။ပြီးတော့ လက်ရှိ Curie ၏ promotion အပြင်နောက်ထပ်ပိုမိုရရှိနိုင်မည့်နည်းလမ်းများကိုပူးပေါင်းရှာဖွေကြမည်ဟုဆို လာပါသည်။ သူ၏အဆိုကို ကျွန်တော့အနေဖြင့်သဘော မတူစရာမရှိပါ။ သို့သော် msc ကိုဦးဆောင်သူများက သဘောတူမတူကတော့ သူတို့၏ ဆန္ဒအတိုင်းသာဖြစ်ပါသည်။

ကျွန်တော်သည် ဆရာကြီးလုပ်၍ msc ၏ကယ်တင်ရှင်စတိုင်ဖမ်းနေခြင်းမဟုတ်ပါ။ မြန်မာတွေပူးပေါင်းစေလိုခြင်း ။ညီညွတ်စေလိုခြင်း၊ပြန်လည်တက်ကြွအသက်ဝင်စေလိုခြင်း စသည့်စိတ်စေတနာအရသာ ဖိတ်ခေါ်ညှိနှိုင်းနေခြင်းဖြစ် ပါသည်။ယခင် msc တွင်ကျွန်တော်ရှိစဉ်ကတည်းက curie ၏အကူအညီအပြင်အခြားရရှိနိုင်မည့်နည်းလမ်းများ ကိုရှာ ဖွေကြဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ဖူး ပါသည်။ထိုစဉ်က @mahaw ကအစီအစဉ်တွေရှိပါတယ်။ ဦးမင်းစိတ် ရှည်ရှည် စောင့်ပါဟုပြောခဲ့ပြီး နှစ်သိမ့်ထားခဲ့ပါသည်။ သို့သော်သူပင်လျှင် steemit ပေါ်မှပျောက်ချက်သားကောင်းသွားပြီး လွန်ခဲ့သော တစ်ပတ်ကျော်ကမှ ဗျို့ဆရာတို့ဟူသောခေါင်း စဉ်ဖြင့် ပို့စ်တင်လာတာတွေ့ပြီးပြန်ပျောက် သွားပြန်သည်။

ယခုထပ်မံဖိတ်ခေါ်စည်းရုံးပါသည်။ steemit Myanmar များပေါင်းစုဆောင်ရွက်ကြပါစို့။ စည်ကမ်းတွေကို ခေတ္တ ဘေးဖယ်ထားပြီး ဖြစ်ဖြစ်လေနော။

မှတ်ချက်။ ။မိမိစာကိုတွေ့နိုင်ဖို့ပင်သိပ်မလွယ်ပါ။အဘယ် ကြောင့်ဆိုသော် Steemit ပေါ်တက်သူပင်ရှားလာ သော ကြောင့်ဖြစ်ပါသည်။

မင်းစိုးနိုင်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ရေးထားတာ ကောင်းပါတယ်ဗျ။ ဘာပဲပြောပြော ဇွဲကောင်းကောင်းနဲ့ ရေးနေတဲ့သူတွေကိုဇွဲဆုတော့ ပေးသင့်ပါတယ်ဗျာ။ အခုကျန်နေတဲ့သူတွေက ကိုယ့်တာဝန်ကိုယ်ယူနိုင်ကြတဲ့သူတွေ ချည့်ပါပဲ။ ကို @bobokyaw ပြောသလိုပေါ့ဗျာ။ ဘယ်လိုလုပ်ရမယ်ဆိုပြီး စည်းကမ်းတွေ ထုတ်နေတာထက်စာရင် ဘာတွေ လုပ်ရင်တော့ ဘယ်လို အခွင့်အရေးတွေ ရမယ်ဆိုတာက ပိုပြီးတော့ ဖြစ်သင့်တယ်လို့ထင်ပါတယ်။ ဥပမာ wafrica ဆိုရင် သူ့ tag သုံးရုံနဲ့ upvote ပေးပါတယ်။ အဲဒိလိုပါပဲ esteem ဆိုရင်လဲ သူ့ app ကိုသုံးရုံနဲ့ upvote ပေးပါတယ်။ သူ့ tag ကိုတော့ တွဲသုံးပေးရတာပေါ့။ ဒါကလဲ သဘာဝကျပါတယ်။ တစ်ကယ်လို့ benefit ပြန်ယူချင်တယ်ဆိုရင်လဲ beneficinaries ထားပေးတဲ့ နည်းလမ်းကို စဉ်းစားရမှာပါ။ ဒါဆိုရင် ဘာစဉ်းမျည်းမှလဲ ချနေစရာ မလိုပါဘူး။ လုပ်နိုင်တဲ့ နည်းလမ်းတွေက အများကြီးပါ။ ဒါပေမဲ့ ခြေဥပြင်သလို့ပေါ့ဗျာ.....

ဘောင်ထဲကပဲ ပြင်ရမယ်ဆိုရင်တော့ မဖြစ်ဖူးဗျ။ ဘောင်အပြင်ကို ထွက်ကြည့်မှ ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။

အင်းဗျာ ဝင်ဖတ်ကြည့်ကြပါစေဆုတောင်းရမှာပဲ ၊ပြီးတော့ messenger ကနေတော့ပြောထားပါသေးတယ်

Posted using Partiko Android

မြန်မာတွေ ညီညွတ်ကြစေချင်ပါတယ်

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.18% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

MSC မှာ စည်းကမ်း အကြောင်း မပြောတာ အတော်ကြာပြီဗျ
ပူးပေါင်းဆောင်ရွက်မှုကတော့ အားနည်းနေဆဲပါ
တန်ဖိုးထားမှု ကွာခြားကြတော့ ညီညွတ်ဖို့ ပြောရတာတော့ အခက်သားလားဗျာ

Posted using Partiko Android

အင်း...ကိုစိုးနိုင်တော့ပြောထားသေးတယ်၊စည်းကမ်းကိစ္စလျော့ပေါ့နိုင်ရင်အဆင်ပြေသွားမှာပါ

Posted using Partiko Android

ဦးမင်း စာ ဖတ်သူရှိပါတယ်ဗျ ကောင်းစေချင် တိုးတက်စေချင်တာပဲဟာ ပူးပေါင်းရင်ကောင်းမယ်ဆို
ပူးပေါင်းကြပါဗျာ

ကျေးဇူးကိုထွေးရေ ကျွန်တော်တော့ပြောထားတာပဲအဆင်ပြေမပြေတော့မသိသေးဘူး

Posted using Partiko Android

ကျွန်တော်လည်း ဝင်ဖို့ အရည်အချင်း ပြည့်တယ်ဆိုရင် msc ကို ဝင်ချင်ပါတယ်။ ကျန်တာ က ကိုယ့်ဘာသာ တာဝန်ယုနိုင်ပါတယ်။

Posted using Partiko Android

ဘရို က ဝင်လို့ရမှာပါ။ ဘရို့ ပိုစ့်တွေကို msc leader က သဘော ကျတာပဲလေ။

msc ဝင်ချင်ရတော့ သူတို့နဲ့ဆက်သွယ်ကြည်ပါဗျာ။ကျွန်တော်ကထွက်ထားလို့ပါ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29