မြန်ဆန်သောဝန်ဆောင်မှု

in #myanmar5 years ago

gsby8mi1we.jpg

မြန်ဆန်သောဝန်ဆောင်မှု

ကမ္ဘာကြီးကအလျင်အမြန်ပြောင်းလဲလာတဲ့အတွက် နှေးကွေးတဲ့ဝန်ဆောင်မှုတွေကို လူတွေကမနှစ်သက်တော့ပါဘူး။ ဒါကြောင့်မို့နေရာတိုင်းမှာ မြန်ဆန်တဲ့ဝန်ဆောင်မှုစနစ်တွေကိုကျင့်သုံးလာကြပါတယ်။ ဒါပေမယ့်လည်းသိကြတဲ့အတိုင်းမြန်မာအများစုဟာ ခေတ်ကြီးပြောင်းလဲရွေ့လျားနေတာကိုတောင် မသိမမြင်နိုင်ပဲငေးမောကျန်ရစ်ဆဲဖြစ်ပါတယ်။ ကျန့်ကြာနှောင့်နှေးမှုတွေကြုံနေပေမယ်လည်း မတုန်မလှုပ်အေးစက်စက် ဝန်ဆောင်မှုများကို ကြုံတွေ့ရဆဲဖြစ်ပါတယ်။
သိသူဖော်စားမသိသူကျော်သွားဆိုသလို သိတဲ့သူတွေကတော့ ဖေါက်သယ်တွေအကြိုက်ဆောင်ဖို့နည်းလမ်းတွေရှာဖွေနေကြပြီဖြစ်ပါတယ်။ မသိသူများကတော့ မိမိလုပ်ကိုင်နေတာ service ဆိုတာကိုပင်မြန်မာလိုကောင်းစွာ နားလည်ခြင်းရှိပါမည်လားမသေချာပါချေ။
မြန်ဆန်သော ဝန်ဆောင်မှုရရန် ပြာယာခတ်နေရမည်ဟုမဆိုလိုပါ။ မကြာသင့်သည်တို့ကို ဖယ်တတ်ဖို့သာဖြစ်ပါသည်။ ဥပမာ တွက်ချက် နေရမှုကိုဖယ်ထုတ်ရန် ကွန်ပျူတာအရောင်း software များသုံးရခြင်း ၊ငွေအကြွေများအသင့် စုဆောင်းထားရှိခြင်း၊ တိုတောင်းထိမိသော စာသားများကိုအသုံးပြုခြင်း၊ လေးပင်သောပစ္စည်းများကို လိုက်လံပို့ဆောင်ပေးခြင်းစသည့်လုပ်ငန်းများသည် မကြာသင့်သည်များကို ဖယ်ရှားခြင်းပင်ဖြစ်ပါသည်။
ယနေ့ခေတ်အခါတွင် အရာရာ၌ အချိန်လုသွားလာလုပ်ကိုင်နေကြရသည်ဖြစ်ရာ စိတ်ရှည် ရှည်ဖြင့်ဈေးဝယ်ထွက်သည့်အနေအထားရှိတော့မည်မဟုတ်တော့ပါ။ ပြောင်းလဲလာသော ခေတ်နှင့်အညီမပြောင်းလဲနိုင်ပါဘူးဆိုလျင် မိမိသာလျင်နေကျကျန်ရစ်နေမည်ဖြစ်လေသည်။

Sort:  

မြန်မာပြည်မှာ postal code တောင်မြို့တိုင်းအတည်မပြုနိုင်သေးတဲ့ so sad ကြီးတွေရှိနေပါတယ်။

မလိုက်နိုင်တဲ့သူကကျန်ရစ်ရမှာပါပဲလေ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64106.00
ETH 3129.71
USDT 1.00
SBD 4.16