နားမလည်တာကိုနားလည်အောင်လုပ်တဲ့စက်

in #myanmar5 years ago (edited)

image

နားမလည်တာကိုနားလည်အောင်လုပ်တဲ့စက်

စာရေးဆရာဇော်ဇော်အောင်ရေးတဲ့ ပီတာဇော်မြင့်အကြောင်းစာတွေထဲမှာ မသိနားမလည်တာကို သိနားလည်လာ အောင်လုပ်တဲ့စက်တစ်ခုလိုချင်တယ်တဲ့။အဲဒီစာကိုဖတ်ခဲ့တုန်းကတော့ ဘာလဲကွာ ဇော်ဇော်အောင်ကလည်း မသိနား မလည်တာကို သိနားလည်အောင်ပြောပြရင်ပြီးတဲ့ဟာကို စက်တစ်လုံးလိုချင်တယ်လို့ပဲလို့အပြစ်တင်ခဲ့မိပါတယ်။ဒီနေ့ ကိုယ်တိုင်သိနားလည်အောင်ပြောတဲ့အခါမှာတော့ နားမလည်တဲ့သူတွေများလှပါလားဆိုတာသိလာရပါတော့တယ်။ ခွင့်လွှတ်ပေးပါ ဆရာဇော်ဇော်အောင်။

ဒီကနေ့မှာမသိနားမလည်တဲ့သူတွေကို သိနားလည်အောင်ပြောပြခဲ့ပေမယ့်။ ထင်ချင်သလိုထင်၊တွေးချင်သလိုတွေး၊ နားလည်ချင်သလိုနားလည်ပြီးပြောချင်သလိုပြောလာတဲ့သူတွေကိုတွေ့လာရတဲ့ခါ။ ကိုယ်ချင်းစာနားလည်တတ်ခဲ့ပါပြီ။ တကယ်တော့ ဗုဒ္ဓဘာသာမှာလည်း ဘုရားဟောတွေကို ကိုယ်နားလည်သလိုပြန်ပြောကြရင်းနဲ့ လိုရင်းအဓိပ္ပါယ် တွေပျောက်ကုန်တာလည်းရှိသလို၊ နိုင်ငံရေးမှာ ဆို
ိုလည်း ကိုယ့်အတွေးကိုယ့်အယူသာအမှန်ဆိုပြီး ငြင်းကြခုန်ကြတယ်။ မိသားစုလူမှုရေးပြဿနာတွေမှာလည်း ဒီလိုပါဘဲ။ တွေးတွေ၊အမြင်တွေမတူကြတော့ ပဋိပက္ခတွေဖြစ်ကြ။ ရန်တွေဖြစ် ကြ။အဆင်ပြေအောင် နားလည်အောင်ဘယ်လိုလုပ်ပေးရမလဲမသိတော့ပါဘူး။ ဒီအချိန်ကျတော့ ဆရာဇော်ဇော် အောင် တောင့်တခဲ့တဲ့ မသားနားမလည်သူကို သိနားလည်အောင်လုပ်တဲ့စက် ကြီးလိုချင်သား။

ဒါပေမယ့်တစ်ခုတော့ရှိတယ်။ လူတွေဟာတစ်ဖက်နဲ့တစ်ဖက်သာ ဘယ်လိုမှမယုံကြည်တာ၊ လက်မခံတာ ကိုယ်ယုံ ကြည်လက်ခံထားပြီးသားအဖွဲ့တွေကျတော့ မှားနေရင်တောင်ခွင့်လွှတ်ပေးတတ်ပြီးသား ၊နားလည်ပေးတတ်ပြီးသား။ ခုခံကာကွယ်တတ်ပြီးသား။လာမထိနဲ့။

ဘာလဲဗျာ လူတွေက အမှန်ကိုတကယ်လိုချင်တာဟုတ်ရဲ့လား။ အမှန်ကိုပဲလိုတာဆိုရင် ကိုယ့်ဘက်ကမှားရင်လည်း ဝေဖန်ရမယ်။ သူ့ဘက်ကမှန်ရင်လည်းချီးမွန်းတတ်ရမယ်။ ဒါကစာထဲမှာပဲရှိတတ်တဲ့ သူရဲကောင်းတွေရဲ့စိတ်ဓာတ် လား။ အပြင်မှာတော့ မရပါဘူး။ သူများကိုချီးမွန်းရင် သစ္စာဖေါက်ပဲ။ ကိုယ့်အဖွဲသားကို မှားလို့အပြစ်တင်ရင်လည်း မရပြန်ဘူး။မှားတဲ့သူက အာဏာကြီးလွန်းရင်သေဒဏ်အထိတောင်သွားနိုင်သေးတယ်။ကြောက်နေရတယ်။ ကြောက် နေရတဲ့ ခေါင်းဆောင်ဆိုတာအာဏာရှင်ပဲမဟုတ်ဘူးလား။ အာဏာရှင်မဟုတ်ရင်ဘာကြောက်စရာလဲ။ ပြောစရာရှိပြောပေါ့။ ခင်ဗျားတို့က ခုထိကြောက်တတ်တုန်း။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ခုထိ အရှိန်မသေသေးကိုဗျ ကြောက်နေရတုန်း

ဟုတ်ပဆရာတွေးရေ

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 50000 upvotes. Your next target is to reach 55000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

အခြားသူတွေကို နားလည်ပေးတတ်ခြင်းဟာ ကောင်းမြတ်မှု တစ်ခုပါ

Posted using Partiko Android

နားလည်ပေးတယ် ဆိုတာက ယောနိသောမနသီကာရ သင့်တင့်လျောက်ပတ် စွာနှလုံးသွင်းပြီးနားလည်ပေးတာ သူ့ဘက်က တွေးတော့လည်းမှန်သားပဲ၊ မှန်မှာပေါ့ဆိုပြီးနားလည်ပေးတာ ကိုယ်ချင်းစာတရားပေါ့

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.13% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66791.24
ETH 3239.69
USDT 1.00
SBD 4.22