နိဗ္ဗိန္ဒတောင်တောရ

in #myanmar5 years ago

image

ပြည်မြို့အရှေ့တောင်ဘက်ရှိ၏ ဤမည်သော နိဗ္ဗိန္ဒတောင်တောရကလေးသည် ပကတိဆိတ်ငြိမ်အေး ချမ်းလှပါသည်။ရှေးယခင်မိမိတို့ငယ်စဉ်အခါက နိဗ္ဗိန္ဒတောင်တောရသို့လာဖို့ရာ တောလမ်းသာရှိသဖြင့် လမ်းမှားတတ် သည်။ ဝါဆိုလအခါတွင် ဝါဆိုပန်းခူးထွက်လေ့ရှိသည့် မိမိတို့အရပ်ဓလေ့တွင် နံက်စော စောကပင်လျှင် ထမင်းထုတ်များထုတ်ကာ ဤနိဗ္ဗိန္ဒတောင်တောရသို့တောလမ်းခရီးဖြင့်သွားလေ့ရှိကြသည်။ ကျောင်းတွေ လည်းပိတ်ထားချိန်မို့ ပြည်မြို့တစ်မြို့လုံးမှ လူငယ်လူရွယ်များသည် ကိုယ့်သူငယ်ချင်း အုပ်စုများဖြင့် အသီးသီး သွားရောက်လည်ပတ်ကြလေ့ရှိပါသည်။ တောထဲတွင်တွေ့သမျှတောပန်းကလေး များ ခူးစွတ်ကြပြီး နိဗ္ဗိန္ဒ တောင်တောရမှာဘုရားစေတီများတွင်ကပ်လှူပူဇော်ကြသည်။ သစ်ပင်ရိပ် များတွင် နေရာယူကြခါ ထမင်း ဝိုင်းဖွဲ့စားသောက်ကြသည်။
image
နိဗ္ဗိန္ဒတောင်တောရ၏ထူးခြားချက်တစ်ခုမှာဆင်ရုပ်ကြီးများနှင့် ခြင်ရုပ်ကြီးများရှိနေခြင်းဖြစ်သည်။ ခြင်ရုပ်ကြီး ၏ အောက်ခြေတွင် ကမ္ဘာ့အကြီးဆုံးခြင်ဟုစာတမ်းရေးထိုးထားသည်။အစကတော့ ဤအရုပ်များဘာကြောင့် ထားသည်ကိုနားမလည်ပါ။နောက်မှာ ဆင်ခြင်ညာဏ်ရှိဖို့သတိပေးလိုသည့်သဘောဟုသိရပါသည်။ နောက် ထပ်ထူးခြားချက်များမှာ နိဗ္ဗိန္ဒလ္ဘ္ဘက်၊တောလ္ဘက်၊သီလရင်လ္ဘက်ဟုနာမည်ကြော်ကြားသည့် လ္ဘက်ထုတ် များကိုယခုခေတ်တိုင်အောင်ဝယ်ယူရရှိနိုင်သေးခြင်းဖြစ်ပါသည်။ပြည်မြို့၏ လက်ဆောင်ပြည်လက်ဆောင်မွန် အဖြစ်လည်း ပြည်မြို့သားများက အခြားတစ်နေရာသို့ရောက်လျှင်လက် ဆောင်ဝယ်ယူသွားတတ်ကြသည်။

ယနေ့အချိန်အခါတွင်တောရကျောင်းကလေးသည် ရန်ကုန်ပြည်အဝေးပြေးလမ်းမပေါ်တွင်ဖြစ်လာသည်။ တောလမ်းခရီးမသွားရတော့ပါ။ ဝါဆိုပန်းခူလည်းထွက်လို့မရတော့ပါ။ သာမန်ကျောင်းကလေးမျှလည်း မဟုတ်တော့ပဲ၊လှပခမ်းနားသော ဧည်ခမ်းမဆောင်ကြီးနှင့် ဓမ္မာရုံကြီးများ၊သံဃဆေးရုံတော်ကြီးဆရာတော် နှင့်သီလရင်ကျောင်းတိုက်များဖြင့် စည်ကားလျှက်ရှိနေပါတော့သည်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97