NLP (Neuro-Linguistic Programming)

in #myanmar5 years ago (edited)

image

NLP (Neuro-Linguistic Programming)

စနေနေ့က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MICCII )မှာ NLP (Neuro-Linguistic Programming) သင်တန်းတက်ရောက်ခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ တကယ်တော့ ဒါသင်တန်းတော့မဟုတ်သေးပါဘူး။ သင်တန်းမိတ်ဆက်တဲ့ အခန်းအနားတစ်ခုပါ။ seminar တစ်ခုပါ။ သင်တန်းက မေလ ၁၃ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန်မြို့မှာကျင်း ပမှာပါ။ သင်တန်းကြေးက ဒေါ်လာ ၆၀၀ ဆိုတော့ မြန်မာငွေနဲ့ကိုးသိန်းကျော်လောက်ကျမှာပါ။ ဒါပေမယ့် ဒီသင်တန်းကိုဒီအတိုင်းဖွင့်မယ် ဆိုရင်တော့ NLP ဆိုတာဘာလဲမသိကြတော့ လူတွေကသွားပြီးတက်ရောက် ချင်ကြမှာမဟုတ်ပါဘူး။ ခုလို NLP ကို မိတ်ဆက်တဲ့အခမ်းအနား၊ လုပ်ပေးလိုက်တဲ့အတွက်တက်ရောက်သင့်တဲ့ သင်တန်းတစ် ခုဆိုတာကိုတော့ နားလည်ခဲ့ပါတယ်။

NLP ဆိုတာဘာလဲဆိုတော့ Neuro-Linguistic Programming ကိုဒဲ့ဘာသာပြန်ရင်တော့ စိတ်ပညာဆိုင်ရာ ဘာသာ စကားပရိုဂရမ် လို့ခေါ်ရမှာပေါ့။ သူတို့သင်ကြားပေးချင်တာက လူ့ဘဝအောင်မြင်ရေးတွေ၊ပျော်ရွှင်ရေးတွေလုပ်ဆောင် တဲ့နေရာမှာအောင်မြင် တဲ့သူတွေရဲ့စိတ်သ ဘာဝတွေကိုလေ့လာပြီးတော့ ပရိုဂရမ်ဆွဲ ထားတဲ့သဘောပါပဲ။ ဒီပရိုဂရမ် အတိုင်းလေ့ ကျင်ပေးသွားတဲ့အခါအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ကိုဖြစ်လာမယ်။ NLP ကိုတတ်မြောက်သွားရင် ဘဝမှာကြုံတွေ့ရမယ့်ပြဿနာမှန်သမျှကိုဖြေရှင်းနိုင်သွားပြီ။ဘဝဆိုတာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကိုဖြေရှင်းနေရတာကိုက ဘဝပဲလေ။ ဒီလိုမျိုးဘဝပြဿနာတွေကိုဖြေရှင်းပုံဖြေရှင်းနည်းလွဲတဲ့သူနဲ့မှန်တဲ့သူက ကွဲပြားသွားတဲ့အခါ အောင်မြင်သူနဲ့ကျဆုံးသူဖြစ်လာတာပဲပေါ့။

ကဲအခု ကျွန်တော်ကပဲ NLP အကြောင်းသူတို့ သင်ပေးသမျှဖေါက်သယ်ချပေးပါ့မယ်။

What is NLP?

A modeling technology that makes the difference between average and outstanding performance in the same field.

NLP is the owner’s manual for the brain.

နည်းပညာမော်ဒယ်တစ်ခုဖြစ်ပြီး တူညီသောနယ်ပယ်၌ သာမန်လူနှဲ့နှင့်အရမ်းကိုထူးချွန်သောစွမ်းဆောင်ရည် ရှိတဲ့သူ တွေအကြားခြားနားချက်ကို ပြုလုပ်ခြင်းကိုခေါ်ခြင်းဖြစ်ပါသည်။

NLP ကဦးနှောက်အတွက်ပိုင်ရှင်၏ လမ်းညွှန် လက်စွဲတစ်ခုဖြစ်ပါတယ်။ဖုန်းတစ်လုံးမှာ ဖုန်းအသုံးပြုနည်းလက်စွဲရှိသလို မျိုး၊ မိမိကိုယ်ကို အသုံးချဖို့လက်စွဲနည်းလမ်းတွေကို NLP လို့ခေါ်တာပါ။လူတိုင်းမှာကိုယ့်ကိုယ်ကိုယ်ဘယ်လို အသုံးချ ရမယ်ဆိုတဲ့လက်စွဲမရှိပါဘူး။ NLP ကတော့ ဘဝမှာအောင်မြင်တဲ့သူတစ် ယောက်ဖြစ်ဖို့လမ်းညွှန်ပေးမယ့် လက်စွဲတစ် ခုဖြစ်လာမှာဖြစ်ပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်နည်းလမ်းတွေကို သင်ကြားရရှိသွားမှာပါ။ NLP ကနေ အတွေးအခေါ်တွေ၊လုပ်ပုံကိုင်ပုံတွေပြောင်းလဲပေးသွားမှာဖြစ်ပြီး၊ ထူးချွန်တဲ့သူတွေ၊အောင်မြင်တဲ့ သူတွေရဲ့ တွေးခေါ် လုပ်ကိုင်ပုံတွေကို ရရှိသွား စေမှာဖြစ်ပါတယ်။

ဒါခြုံငုံပြီးဖွင့်ဆိုထားတဲ့အဓိပ္ပါယ်ပါ။ NLP တစ်ခုခြင်းရဲ့အဓိပ္ပါယ်ကြတော့ ဒီလိုပါ။
ဆက်လက်ဖော်ပြပါမည်>>>>>

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

Hi, @minsoenaing!

You just got a 0.14% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63754.85
ETH 3055.95
USDT 1.00
SBD 3.85