ဖုန် (dust)

in #myanmar6 years ago

ဖုန်
image
ဘယ်လောက်ပဲသန့်ရှင်းနေတဲ့ အခန်းဖြစ်သော်လည်း ရက်ကြာလာလျှင် ဖုန်မှုန့်လေးတွေတင်လာတတ် သည်။အသားအရေများပေါ်သို့လည်းဘယ်ကဘယ်လိုရောက်လာမှန်းမသိရသော ဖုန်မှုန့်များကြောင့် နေ့စဉ်ရေ ချိုးတိုင်း ချီးညော်ဖုန်မှုန့်များကိုထွက်လာတတ်မြဲဖြစ်သည်။အဝတ်အစားတွေဆိုနေ့တိုင်းလျော်ဖွတ်သန့်စင်ပေးနေရ သည်။ ထိုဖုန်မှုန့်ကလေးများသည် လေထုထဲသို့မည်သို့ပြန့်နှံ့ရောက်ရှိနေပါသနည်း။ ဘာကြောင့်မမြင်ရ မတွေ့ရ ပါသနည်း။ဘယ်ကစဖြစ်လာသနည်း၊ဖုန်ကလေးများအကြောင်းကို ဟိုဟိုသည်သည် အတွေးဆန့်ကြည့်မိသည်။
နေရောင်ချည်သံဇကာပေါက်နှင့် ထရံပေါက်တို့ကြားမှာသေးငယ်သော အလင်းတန်းလေးများအဖြစ် ထိုးကျနေစဉ်တွင်မူ ဖုန်မှုန့်ကလေးများကိုမျက်စိဖြင့်မြင်တွေ့ရတတ်သည်။ လှည်းလမ်းကြောင်းများ၊ လူသွားလမ်း များ၊ ကားလမ်းများပေါ်တွင်လည်း ဖုန်ထောင်းကနဲထသွားတာမျိုး၊ လွင့်ကနဲပြန့်လွင့်သွားတာမျိုးကိုမြင်ဖူးကြပါ မည်။ပုံမှန်အားဖြင့်တော့ မမြင်မတွေ့ရပါပဲ မိမိတို့အသက်ရှုလမ်းဝသို့တိုင်ရောက်ရှိနေနိုင်ကြသော ဖုန်မှုန့်များသည်။ လူ့လောကတွင်အရေးပါသော အဆင့်အတန်း၌ပါဝင်နေပါသလော ။
ဖုန်မှုန့်ကလေးများကို စု၍အရည်ဖျော်လိုက်လျှင် ရွံ့အနှစ်များထွက်လာပါသည်။ ရွံ့အနှစ်တွေပေါင်းစု လိုက်လျှင် ရွံ့အခဲတွေရလာလိမ်မည်။ထိုရွံ့အနှစ်များကိုအိုးတစ်လုံးတွင်ထည့်၍ သစ်ပင်ကလေးများစိုက်ပျိုးနိုင် သည်။ သူသည် သဲကြမ်းခဲများမပါဝင်သော်လည်း မြေကြီးပင်ဖြစ်သည်မဟုတ်ပါလား။
လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀၀ ခန့်က အခြားကြယ်ကြီးတစ်လုံးသည် ကျွန်ုပ်တို့၏ နေကြီးအနီးသို့ ရောက်လာခဲ့၏။ထိုအခါ လ၏ဆွဲအားကြောင့် သမုဒ္ဒရာမှ ဒီရေများ ကြွတက်လာသကဲ့သို့ နေ၏မျက်နှာပြင်တွင် ကြယ်ကြီး၏ ဆွဲအားကြောင့် ဒီလှိုင်းကြီးများ ထလာ၏။ ထိုဒီလှိုင်းကြီးများ ကြီး၍ကြီး၍လာပြီး ကြယ်၏ဆွဲအား အလွန်ပြင်းထန်လာသောအခါ ဓာတ်ငွေ့တန်းကြီးအဖြစ် နေ၏ ပင်မဒြပ်ထုမှ ပြတ်ထွက်သွားကြ၏။ ဤသို့ပြတ် ထွက်သွားပြီးနောက် အချို့မှာ ကြယ်ကြီးနောက်သို့ လိုက်ပါသွားသည်။ အချို့ကား နေ၏ဆွဲအားကြောင့် နေ၏ပတ် ပတ်လည်တွင်လှည့်လည်လျက် ကျန်ရစ်ခဲ့သည်။ ထိုဓာတ်ငွေ့အစုအဝေးများကားမူလက မီးတောက်လောင်လျက် ရှိသည်။ အေးသောအခါအရည်ဖြစ်သွားပြီး တဖြည်းဖြည်းခဲသွားကာ ကမ္ဘာမြေကြီး အပါအဝင်ဂြိုဟ်ကြီး ၉ လုံးဖြစ်ပေါ်လာသည်ဟုဆိုကြသည်။
နောက်အယူအဆမှာ ဂျာမန်ယထာဘူတပညာကျော် အင်မယ်ညူအယ်ကန့်က “ဤကမ္ဘာမြေကြီးသည် ပါးလွှာသောဓာတ်ငွေ့ဝိုင်းကြီးမှ ဖြစ်ပေါ်လာသည်”ဟုဆိုသည်။
နောက်အယူအဆမှာ ပြင်သစ် သဘာဝဓမ္မဆရာ ဒပ်ဖွန်က “နေနှင့် ကြယ်ကြီးတစ်ခုတိုက်မိရာမှ ကမ္ဘာကြီး စတင်ဖြစ်ပေါ်လာသည် ဆိုပြန်သည်။
နောက် ပြင်သစ် နက္ခတ်ဆရာ လက်ဖလေ့က “နေပေါ်တွင် ပြင်းထန်စွာပေါက်ကွဲရာမှ နက်ဗြူ လာခေါ်ဓာတ်ငွေ့တန်းကြီးပေါ်ပေါက်လာပြီး ကမ္ဘာနှင့်ဂြိုဟ်ကြီးများ ဖြစ်ပေါ်လာရသည်”ဟုဆိုသည်။
နောက်ဆုံး ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာ ဝှစ်ဝဲလ်ကမူ “ဖုန်တိုက်ကြီးမှ ကမ္ဘာစတင်ဖြစ်ပေါ် လာရ သည်”ဟုဆိုပါသည်။
အယူအဆဟူသည် အယူအဆသာဖြစ်ပြီး မိမိလည်းလွပ်လပ်စွာ ယူဆရလျှင် ဖုန်တိုက်ကြီးမှ ကမ္ဘာကြီးဖြစ် ပေါ်လာသည်ဆိုသောအဆိုကိုလက်ခံချင်သည်။

ရေးသားသူ - မင်းစိုးနိုင်
MSC – 010
Photo – google

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by minsoenaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျွန်​မလည်းဖုန်​တိုက်​ကြီးက​နေကမ္ဘာဖြစ်​လာတယ်​ဆိုတာလက်​ခံတယ်​ရှင့်​။

တကယ်ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကတော့ဘယ်သူမှမသိနိုင်ပါဘူး ၊မှန်းဆချက်တွေပါ

ဗဟုသုတရပါတယ်

မှန်းဆချက်တွေပါ

ဒီကိစ္စမှာတော့ ကျွန်တော်ကွဲလွဲပါရစေ။တစ်ခုနှင့် တစ်ခု အပြိုင်ဆွငင်နေတဲ့ အာကာသထဲမှာ သေးငယ်တဲ့ ဖုန်တွေဟာ တစ်နေရာထဲ လာပြီး စုပြီး ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာဖြစ်လာဖို့တာ မလွယ်ကူဘူးလို့ထင်ပါတယ်ဗျာ။

မူရင်းဆောင်းပါးရှင်ကတော့ ဖုန်ထုကြီးကနေကမ္ဘာဖြစ်လာသလား ဆိုတဲ့အယူအဆကိုတင်သွင်းသူက ဖုန်တွေစုဝေးစေတဲ့ဆွဲငင်အား အကြောင်းရေးထားပါတယ်၊ကျွန်တော်ကတော့ အကျဉ်းချုပ်ဆိုတော့ မပါတော့ဘူး

ဗဟုသုတရပါတယ်

ကျေးဇူးပါ

အညာမှာတော့ဖုန်ပေါ၏ 😬

အဲဒီဖုန်တွေနဲ့ကမ္ဘာအသစ်တစ်ခုလောက်ဆောက်ကြည့်ပါလား

မုံရွာလည်းဖုန်ပေါတယ်
ကမ္ဘာတော့ဆောက်လို့မရဘူး
တစ်နေ့ ဆယ်ကြိမ်အနည်းဆုံး သုတ်သင်သန့်ရှင်းရေးလုပ်ရတယ်
ပင်ပန်းလွန်းလို့ ကိုယ်တောင်ကမ္ဘာ့အပြင်ရောက်လုလု

ဖုန်တွေကနေရာတကာမှာရှိတာပါ၊ အပူပိုင်းဒေသတွေကတော့ ပူလို့ကြွလွယ်တော့ ပိုပေါသလိုထင်ရတာပေါ့

ဗဟုသုတရပါတယ်။

ဟုတ်ပ ကိုကြီးစိုးရေ ကျ ဖုန်တိုက်ကြီးကနေ ကမ္ဘာဖြစ်ပေါ်လာတယ်ဆိုတာ တော်တော်ဖြစ်နိုင်တယ်ဗျ ကျွန်တော်တို့ ကမ္ဘာကြီးက ဖုန်မှုန့်တွေ အလွန်ပေါသကိုးလေ။

အနုမာနမှန်းဆချက်တွေပေါ့နော် ၊ဗုဒ္ဓအလိုကတော့ တမျိုးနေမှာပါ

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66569.64
ETH 3235.92
USDT 1.00
SBD 4.31