ဖုန်းအော်ပရေတာများနှင့်ရန်ဖြစ်ခြင်း

in #myanmar5 years ago (edited)

ဖုန်းအော်ပရေတာများနှင့်ရန်ဖြစ်ခြင်း

image
လူတစ်ယောက်ကိုဖုန်း Sim card 2 ကဒ်ထက်ပိုမကိုင်ရတော့ဘူးဆိုတဲ့ သတင်းလေးထွက်လာပါတယ်၊ တကယ်တော့ ကျွန်တော်တို့လည်း 2 ကဒ်ထက်ပိုမကိုင်ချင်ကြပါဘူး၊ ဘာကြောင့်လည်းဆိုတော့ ဖုန်းတစ်လုံးကို ၂ ကဒ်ပဲထည့်လို့ရတာကိုး။
ဒီတော့ Ooredoo ကဒ်၊ Telenor ကဒ်၊ MPT ကဒ်၊ Mytel ကဒ် ၄ ကဒ်ထဲက ဘယ်နှစ်ကဒ်ကိုရွေးမလဲဆိုပြီးစဉ်းစားရပါပြီ။ ရွေးတယ်ဆိုတော့ ဘယ်အချက်တွေအပေါ်မူ တည်ပြီးရွေးမလဲ၊စဉ်းစားရပြန်ပါတယ်။ ဟုတ်ပြီ ကျွန်တော်က အင်တာနက်အဓိကထားပြီးသုံးတဲ့ သူ။ ဒီတော့ အင်တာနက်ကောင်းရမယ်။ နောက်တစ်ခုက bill ဖြတ်တောက်တာ အနည်းဆုံး ဖြစ်ရမယ်။ဈေးအချိုဆုံးဖြစ်ရမယ်။ပြီးရင် အလိမ်အညာတွေနဲ့ bill ဖြတ်မသွားရဘူး။ ဟိုဝန်ဆောင်မှုအတွက်လိုလို ဒီဝန်ဆောင်မှု အတွက်လိုလိုနဲ့ ညာတာပါတေးမလုပ်ရဘူး၊ ဆိုတော့ဒီလိုမျိုးစိစစ်လိုက်တဲ့အခါ.....

MPT

အင်တာနက်မကောင်းပါ၊ bill ဖြတ်ချင်သလိုဖြတ် ရုံမက ဘယ်ကဘယ်လိုမှန်းမသိ bill တွေဖြတ်သွား တတ်သည်။

Telenor

အင်တာနက်လိုင်းထူးမခြားနားပါ၊ bill လည်းပျောက်တတ်သည်၊

Ooredoo

အင်တာနက်လိုင်းအခြားအော်ပရေတာတွေထက်သာသည်၊သို့သော်ခုတစ်လော တိုင်လည်းပျောက်၊ လိုင်းလည်းပျောက် မကြာခဏ၊ခဏခဏဖြစ်နေ သည်၊ အကြောင်ူအမျိုးမျိုးဖြင့် bill ဆုံးရှုံးတတ်သည်။

Mytel

သူကတော့ အင်တာနက်မိသည့်နေရာဆိုမဆိုးပါ။ bill လည်းမခိုးဟု အတွေ့အကြုံရင့်သူများက ဆိုကြသည်။ ဖုန်းဆင်းကဒ်များအတိုင်းအဆ မရှိထုတ်လုပ်ပြီး၊ ဘုံးဘောလအောရောင်းချသဖြင့် တန်ဘိုးနည်းသည်။လုံခြုံမှုမရှိသလိုခံစားရသည်၊ အချို့နေရာများတွင် လုံးဝဖုန်းလိုင်းမမိ။
ဆိုတော့ အမှန်ဆိုရလျှင် ဘယ်လိုင်းမှအမြဲတမ်းစွဲ ပြီးသုံးလိုသောဆန္ဒမရှိပါ၊ မသုံးလို့လည်းမနေနိုင်တော့ ဟိုလိုင်းမိလျှင်၊ဟို လိုင်းသုံးသည်လိုင်ူမလျှင် သည်လိုင်းသုံးနေရသည် ပြီးတော့ ပထမဝယ်သည့်ဖုန်းနံပါတ်များကိုမိမိအသိမိတ်ဆွေများကိုပေးထားခြင်း ဘဏ့်အကောင့်များတွင် register ပြုလုပ်ထားခြင်းတို့ကြောင့် Mytel ကိုအမြဲသုံးရန်လည်းခက်ပြန်သည်၊
မိတ်ဆွေတို့ရော ၂ ကဒ်ထဲသုံးရမယ်ဆို ဘယ်ကဒ်တွေသုံးကြမလဲ ပြောပေးကြပါဦး

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

data သုံးလို့တန်ရင် ဘာဖြစ်ဖြစ် သုံးနေပါတယ်ဗျား

Posted using Partiko Android

MPT and Telenor.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64029.44
ETH 3157.04
USDT 1.00
SBD 4.02