Point Token တွေအသုံးပြုမလား

in #myanmar5 years ago

image

Point Token တွေအသုံးပြုမလား

MSC က MSC Token တွေထုတ်ပြီတဲ့ သို့သော်လည်း Steemit အသုံးပြုသူနည်းချိန်မို့ ထူးထူးခြာခြားတော့မဖြစ်သေး ။ Steemit အပေါ် မှီပြီးရပ်တည်နေသည့် actifit က AFIT token ၊ Steemhuntက hunt token၊ Partiko က Partiko point token အသီးသီးထုတ်ကြပြီး Token များအား ကံစမ်းမဲသဖွယ်။ Free ပေးသရောင် Marketing ပြုလုပ်၍ သူတို့ apk များ လူစိတ်ဝင်စားမှုရရန်ကြိုးစားနေကြပါသည်။
တစ်နည်းအားဖြင့် Steemit platform အားလူ စိတ်ဝင်စားမှုမြင့်တက်ရန်ဆွဲဆောင်ကြိုးပမ်းနေကြပါသည်။
Actifit က AFIT token အပြင် သူတို့ Apk မှပို့တင်သူကို မည်သူမဆို upvote လည်းပေးပါ သည်၊၊
Steemhunt ကလည်း သူတို့ webpage မှပို့တင်သူကို Hunt token လည်းပေးပါသည်၊ သူတို့စည်းကမ်းလိုက်နာ၍ ပို့စ်တင်လျှင် Upvote ပေးပါသည်။
Partiko ကတော့ထူးဆန်းသည်၊ သူတို့ Apk မှ Upvote, Comment, Post များအတွက် Point များထုတ်ပေးသလို Upvote လည်းပေးသည်။ထို့အပြင် သူတို့ကြော်ငြာများကြည့်ပေးလျှင် Point တွေထုတ်ပေးပါသေးသည်၊ ထူးဆန်းသည်ဟုဆိုခြင်းမှာ သူတို့ကြော်ငြာဖြစ်သည်။ Steemit ကို အသုံးပြုသူ မြန်မာ user များရှိသော်လည်း တကယ်တန်းဆက်လက်အသုံးပြုနေကြသူများမှာ ရေတွက်လို့ရအောင်နည်းပါးလှသည်။ ဤနည်းပါးလှသော User အချို့အတွက်မြန်မာ ကြော်ငြာများ ရရှိနေခြင်းအတွက် ထူးဆန်းနေခြင်းဖြစ်ပါသည်။ ပြီးတော့ Steemit သည် youtube, facebook တို့ကဲ့သို့ လူတိုင်းဖုန်း တစ်လုံးရှိရုံဖြင့် အကောင့်တစ်ခုရရှိရန်လွယ်ကူ လှသည်မဟုတ်ပါ၊၊သေသေချာချာ သင်ပြပေးမှ အကောင့်ဖွင့်၍ရနိုင်သဖြင့် မိမိ၏မိတ်ဆွေအချို့ လက်လျော့သွားကြသည်၊ အကယ်၍သာ Partiko ကဲ့သို့ မိမိတို့ Steemit user များအတွက် ကြော်ငြာလေးများရရှိပြီး Youtube လိုငွေပေးချေခြင်းမျိုးရှိမည်ဆိုလျှင် အတော်ကို တိုးတက်ကြီးပွားသွားနိုင်ပါသည်။
MSC က Token တွေကိုဘယ်လိုထုတ်ပေးသလဲ မသိရသေးပါ၊ စည်းကမ်းလည်းညီပြီး အဖွဲ့ဝင်လည်းဖြစ်မှသာ upvote ကို promotion အဖြစ်ပေးသည်။
ထို့ထက်မိမိမသိရသေးပါ။

Sort:  

ကိုယ့်ဘာသာကိုယ် steemနဲ့ဝယ်တာ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66407.27
ETH 3219.07
USDT 1.00
SBD 4.34