Rule of 72 တဲ့ဗျာ မိုက်တယ်

in #myanmar5 years ago (edited)

image

Rule of 72 တဲ့ဗျာ မိုက်တယ်

Youtube မှာတွေ့တဲ့ ရင်းနှီးမြုပ်နှံမှုအတွက် တွက်နည်းလေးတစ်ခု သဘောကျလိုပြန်ပြီးမျှဝေပေးတာပါ။ Rule of 72 တဲ့။ ဒီလိုဗျာ။ ကျွန်တော်တို့တွေ ရင်းနှီးမြုပ်နှံတာပဲဖြစ်ဖြစ် ငွေစုတာပဲဖြစ်ဖြစ် တစ်နှစ်မှာရာခိုင်နှုန်းဘယ်လောက်ရရင် မိမိရင်းနှီးမြုပ်နှံမှု (၂)ဆ ဖြစ်လာမလဲဆိုတာ လူတိုင်းသိချင်မှာပါ။ဆိုလိုတာက သိန်း(၁၀၀)စုရင် အမြတ်ရာခိုင်နှုန်း ဘယ်လောက်မှာ ဘယ်နှစ်နှစ်ကြာရင် အရင်း(၂)ဆဖြစ်လာမလဲ ဆိုတာကိုတွက်တာပါ။

ကိုယ့်မှာ သိန်း၁၀၀ ရှိတာဟုတ်ပြီ။ တစ်နှစ် ဘဏ်တိုး(၈)ကျပ်နဲ့ဆို သိန်းနှစ်ရာကို ဘယ်အချိန်မှာ ရလာမှာလဲ။ တွက်ကြည့်ရအောင်။

Rule of 72 ကိုသုံးမယ်နော်။

72÷8=9 နှစ်

ဟုတ်ပြီ နောက်(၉)နှစ်ကြာရင် ကျွန်တော်စုထားတဲ့ သိန်း(၁၀၀)ကနေ သိန်း(၂၀၀)ဖြစ်လာမယ်။

ဒီတော့ဗျာ၊ကြာတယ်။ (၂)နှစ်အတွင်းမှာပဲ သိန်း(၂၀၀)ပြည့်ချင်တယ်။ ကျွန်တော်တို့ဘာလုပ်ကြမလဲ။

72 ÷ 36 = 2 နှစ်

အဓိပ္ပါယ်ကတော့ တစ်နှစ်မှာ(၃၆)ရာခိုင်နှုန်းအမြတ်ရရင် ၂ နှစ်ဆို အရင်း (၂)ဆဖြစ်မယ်ဆိုတဲ့အဓိပ္ပါယ်ပါဘဲ။

အရပ်ထဲမှာတော့ တစ်လ (၅) ကျပ်တိုးတို့ (၁၀)တိုးတိုနဲ့ ဆင်းရဲတဲ့သူတွေငွေချေး ယူနေကြရတာကြားဖူးကြမှာပေါ့။ တစ်လ (၅)ကျပ်တိုးဆိုတာ တစ်နှစ်ကို ၆၀ ရာခိုင်နှုန်းအတိုးရှိနေတယ်ဗျ။ ဒါတောင် အတိုးက တစ်နှစ်ပြည့်မှပေါင်း ပြီးပေးရတာမဟုတ်ပဲ၊ လစဉ်ပေးသွားရတာ ။ဒါကြောင့်လည်း ဆင်းရဲသားတွေအကြွေးနွံ့ကမထွက်နိုင်တာ။

Rule of 72 ကိုသုံးပြီးတွက်ရင် ၆၀ ရာခိုင်နှုန်းအတိုးက.....

72 ÷ 60 = 1.2နှစ်တဲ့။တစ်နှစ်နဲ့ ၂ လလောက်ပဲရှိတယ်။ အရင်း(၂)ဆဖြစ်ပြီ။ ဒီကြားထဲ၊ ကြားဖူးမှာပါ။ ၁၀ တိုး၊ ၂၀ တိုးဆိုတာတွေ နေ့ပြန်တိုးဆိုတာတွေ။ တကယ်ကြောက်စရာကောင်းတယ်။ ဆင်းရဲသားတွေ ဘယ်တော့မှနာလံမ ထူနိုင်တဲ့ အတိုးနှုန်းတွေပေါ့။ ဒါကြောင့် အကြွေးဆိုတာနဲ့ရတိုင်းမယူကြနဲ့ဗျို့။ စားစရာမရှိရင်အငတ်နေတာကမှ တော်လိမ့်ဦးမယ်သိလား၊

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

ဗဟုသုတတစ်ခု ထပ်တိုးရပြီ

Posted using Partiko Android

Rule 72 က အတိုးမထုတ်ဘဲ ၊ဆက်ထည့်သွားမှ မှန်တာပါ။ ထည့်မပြောမိလိုက်လို့

Posted using Partiko Android

မှတ်ထား လိုက်ပါပြီ ဗျား

Posted using Partiko Android

Rule 72 က အတိုးမထုတ်ဘဲ ၊ဆက်ထည့်သွားမှ မှန်တာပါ။ ထည့်မပြောမိလိုက်လို့

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 71288.26
ETH 3580.30
USDT 1.00
SBD 4.77