လိုအပ်သောသတ္တိ

in #myanmar5 years ago (edited)

souce
ဝန်ကြီးဌာနတစ်ခုတွင် ဝန်ကြီးမှာ အကြီးဆုံးဖြစ်သော်လည်း အင်တာပရိုက်တစ်ခုအတွင်းမှာမူ MD (ဦးဆောင် ညွှန်ကြားရေးမှူ)က အကြီးဆုံးဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ဝန်ထမ်းများ ပြောလိုရာပြောနိုင်ရန် အတွက် MD များက ဝန်ထမ်းဒါဘာများပြုလုပ်လေ့ရှိသည်။ ဝန်ထမ်းအများစုသည်အဆိုပါဒါဘာများတွင် မိမိမကြေ လည်ချက်များကို ပြောလေ့ဆိုလေ့မရှိပဲ။ ကွယ်ရာရောက်မှသာ ဒါဘာဆိုတာ ဒါပါပဲကွာတို့၊ ပြောလည်းအရေး တယူလုပ်ပေးမှာ မဟုတ်ပါဘူးတို့၊ မင်းပြောရင်မင်းငြိုးထားလိမ့်မယ်တို့ပြောကာ အကြိမ်များစွာသော ဒါဘာတို့ပြုလုပ်ခဲ့သည်။ တင်ပြစရာရှိပါသလား၊ (၃)ကြိမ်မေးပြီး တင်ပြစရာမရှိပါဘူး ဟု(၃)ကြိမ်ဖြေရသည်။
ထိုခေတ်အခါသည် အာဏာရှင်တို့အုပ်ချုပ်သောခေတ်ဖြစ်သည်။ အမှန်ပင် တင်ပြလာရင်လည်း အရေးယူ ဆောင်ရွက်ပေးလေ့မရှိသလို တင်ပြလေ့ရှိသူအားလည်း ပြဿနာကောင်ဟုသတ်မှတ်ကာစောင့်ကြည့်ခံခဲ့ရ သည်။ ဝန်ထမ်းတို့၏အခက်အခဲများ၊ ဌာနဆိုင်ရာ အခက်အခဲများကိုပင်ဖုံးကာဖိကာ ကွယ်ကါဝှက်ကါဖြေ ရှင်းကြရသည်။ ၂၀၁၅ ခုနှစ်တွင်ခေတ်ပြောင်းစနစ်ပြောင်းဖြစ်လာသည်။
ခုဒါဘာတွေကအရင်လိုမဟုတ်ပါဘူး။ ပြောလို့ရပါတယ်ပြောကြပါ။ Top Down မဟုတ်တော့ပါဘူး Bottom up ဆိုလည်းပြောလာသူမရှိတော့။ သူတို့အကြောက်တရားသည် ရင်ထဲအသည်းထဲတိုင်စွဲမြဲနေကြလေပြီ။
ဆရာချစ်ဦးညိုပြောသည့် နမူနာကလေးဖြင့်ပြောရလျှင် နှံကောင်တစ်ကောင်ကို ဖန်ခွက်နဲ့ အုပ်ထား လိုက်ပြီးစောင့်ကြည့်နေသောအခါ နှံကောင်ကသူ့ထုံးစံအတိုင်းခုန်လိမ့်မည်တဲ့။ ဒါပေမယ်တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် လေးငါးဆယ်ကြိမ်လောက်ခုန်ပြီးလျှင် ခုန်လိုက်တိုင်း ခေါင်းနဲ့ဖန်ခွက်စောင့်ခံရသဖြင့် ခုန်လို့မရတာကို နှံကောင်ကမှတ်သွားသည်တဲ့။ နောက် အုပ်ထားသည့်ဖန်ခွက်ကိုဖယ်ရှားလိုက်သည့်အခါထို နှံကောင်သည် ဖန်ခွက်ဖယ်ရှားထားသည်ကိုမသိသဖြင့် ခေါင်းစောင့်ခံရဦးမည်ထင်ကာ မခုန်တော့ဟုဆိုပါသည်။
ထိုနည်းတူစွာ ကျွန်တော်တို့ဝန်ထမ်းများသည်လည်း ဟိုးယခင်က အတိုင်းသာပြုကျင့်ခံရမည်ဟုအထင်ရှိကာ ဒါဘာများ၊ အစည်းအဝေးပွဲများတွင်ပြောဆို ရန်အလွန်ဝန်လေးတတ်ကြသည်။ ပို၍ဆိုးရွားသည့်အချက်မှာ ဒါဘာတွင် ဘော်လန်တီယာတစ်ဦးဦးက ထ၍ပြောသည့်အခါ ထိုသူပြောသည့်အချက်ကို မိမိတို့လည်း သဘောတူပြီး မိမိတို့လည်းလိုချင်သည့်ကိစ္စဖြစ်နေသည်။သို့သော် တစ်ဦးတည်းပြောဆိုနေရသည့် ထိုသူကို ဘယ်သူကမျှ ကူညီပြောဆိုမှုမရှိခြင်းဖြစ်သည်။ အကယ်၍ ထိုသူ၏ပြောဆိုမှုအောင်မြင်ပြီးအများအကျိုးခံစားရ သည့်အခါ ဝေစုမတည့်နိုင်ပဲအလုအယက် ခံစားကြသည်။ အကယ်၍ ထိုသူ၏ပြောဆိုမှုမအောင်မြင်သောအခါမူ ဒီကောင်လူမိုက်ပဲ၊ လူကြီးခံပြောနေတဲ့ကောင် ၊မကြာခင်နယ်ပြောင်းခံရမလား။ ရာထူးတိုးမပါပဲနေမလားကြည့် လိုက်ပေတော့ဟုဘေးထိုင်ဘုပြောကြလေတော့သည်။
မြန်မာတို့သည် အာဏာရှင်စနစ်အောက်တွင်ကိုယ်ဆင်းရဲမွဲတေကြရုံမဟုတ် စိတ်ဓာတ်တွေပါ စုတ်ပြတ်သပ် သွားသည်ကိုဝမ်းနည်းဖွယ်ရာတွေ့ရသည်။ ဒီမိုးဒီရေဒီလူတွေနဲ့ တိုင်းပြည်ကိုဘယ်လိုပြန်လည်ထူထောင်နိုင် ပါ့မလဲ တွေးပူမိပါသည်။ သူတို့သည် အာဏာရှင်စနစ်တွင်တော့ လွန်စွာကျင့်သားရနေသည်။ လူကြီးကို ဘယ်လိုပြောရမည်။ လူတွေကိုဘယ်လိုပေါင်းရမည်၊ အခွင့်အလမ်းကိုဘယ်လိုရှာရမည်။ ဘယ်လိုခွင်တွေ ဘယ်ဌာနမှာရှိသည် အကုန်လေ့လာသိရှိကြသည်။ ဌာနတိုးတက်ရာတိုးတက်ကြောင်းကိုမူ ဘယ်သူမှ ထည့်သွင်းစဉ်းစားလေ့မရှိကြပါ။ ဒါကိုတော့ သူတို့အလုပ်မဟုတ်ဘူးလို့ပင်ခံယူထားကြပုံရသည်။ မိမိဌာန တိုးတက်မှ မိမိတိုင်းပြည်တိုးတက်မည်။ မိမိတိုင်းပြည်တိုးတက်မှ မိမိလစာဝင်ငွေလည်းရေမြင့်ကြာမြင့် ဆိုသလို တိုးတက်လာလိမ့်မည်ဟု မခံယူလိုကြ။ မသေချာသည့် တိုင်းပြည်တိုးတက်လာမှရမည့် လစာငွေထက်လော လောလတ်လတ် သေချာသည့် အောက်ဆိုက်မန်းနီးကိုသာအလိုရှိကြကုန်သည်။
ထိုသူတို့သည် ဦးနု၏လူပေါ်လူဇော်လုပ်နည်းကို အလွန်ကျွမ်းကျင်ကြသည်။မရှုပ်၊မလုပ်၊မပြုတ်ဟုသော မူကိုလက် ကိုင်ထားကြသည်။ မိမိအတွက်သာစဉ်းစားလေ့ရှိပြီး၊ အများအတွက်လုံးဝစဉ်းစားလေ့မရှိပါ။ ပြောသင့်ပြော ထိုက်သည့် စကားများကိုလည်းပြောရန် ဝန်လေးသကဲ့သို့ အများအတွက်ပြောပေးနေ သူကိုလည်း အားပေး ကူညီလေ့မရှိပါ။သို့သော် ချွင်းချက်အနေဖြင့် မိမိမိတ်ဆွေ ကိုထွန်းမြင့်အကြောင်းပြောပြချင်ပါသည်။ထိုစဉ်က ဝန်ထမ်းများအတွက်ထုတ်ဆန်(၆)ပြည်ရသည့်ခေတ်ဖြစ်သည်။ ဆန်ထုတ်သည့်စာအုပ်ကလေးများထပ်၍ တန်းစီ နေကြသည်။ ဝန်ထမ်း ၇၀၀ ကျော်ရှိသည့်ဌာနတွင် ထိုနေ့က တန်းစီသူစုစုပေါင်း (၁၂)ဦးသာရှိသည်။ သို့သော် နံနက် ၈ နာရီခွဲမှ ၁၀ နာရီထိုးသည်အထိ ရှေ့ဆုံးမှစာအုပ်များဝယ်ယူထားသည့် ကုန်သည်နှစ်ဦး၏စာအုပ်များကို ထုတ်ပေးနေသည်။ထိုအခါ ကျွန်တော်က ဆန်ထုတ်ပေးသည့်တာဝန်ခံအား “ဒီလိုလုပ်ပါလားဗျာ၊ ဒီမှာတန်းစီနေတဲ့ ဝန်ထမ်းတွေကို အရင်ထုတ်ပေးလိုက်ပြီး ကုန်သည်တွေကို နောက်မှအေးအေးဆေးဆေးထုတ်ပေးလိုက်ရင် ပိုအဆင်မပြေသွားဘူးလားဗျာ”
ဆန်ထုတ်တာဝန်ခံက “ဒီမှာစည်းကမ်းအတိုင်းလုပ်နေတာ မကျေနပ်ရင်တိုင်ချင်ရာသွားတိုင်”တဲ့။
ဒါနဲ့စက်ရုံမှူးသွားတိုင်တာပေါ့။ ဒီတော့စက်ရုံမှူးရောက်လာပြီးမေးမြန်းပါတယ်။ ဆန်ထုတ်တာဝန်ခံက “ကျွန်တော် စည်းကမ်းအတိုင်းအရင်လာထုတ်သူ အရင်ထုတ်ပေးနေတာပါဆရာ” လိုပြောလိုက်တာနဲ့ စက်ရုံမှူးက “မင်းတို့က ဘာဖြစ်ချင်တာလဲကွ၊ သူဘာသာသူစည်းကမ်းနဲ့လုပ်နေတာပဲ”ဆိုပြီး ဒီဘက်ကိုမမေးတော့ပဲ ကိုယ့်ဘက်လှည့် ဆူပါတော့တယ်။ဒီအချိန်မှာကိုထွန်းမြင့် စက်ရုံမှူးဆိုပြီး သူများတွေလိုကြောက်မနေပဲ။ “ဒီမှာဆရာ ဆရာလုပ် ပုံနဲ့ မှန်တဲ့သူကအမှားဖြစ်တော့မယ်။ သူကစည်းကမ်းဖေါက်ဖို့ပြောနေတာမဟုတ်ဘူး။ ပိုပြီးအဆင်ပြေ အောင် ပြောနေတာ။ ဒါကိုဆရာကသေသေချာချာမမေးပဲ၊ တစ်ယောက်တည်းစကားနဲ့ ကို(-----)ကိုဆူတယ် ဆိုတော့ ဆရာကဘက်လိုက်တာလား ဒီမှာတကယ်ထုတ်စားမယ့်သူတွေက မနက်အစောကြီးထဲကစောင့်နေကြတာ လူလည်းများတာမဟုတ်ပဲ ၊အကြာကြီးစောင့်နေရလို့ပြောနေရတာ ဆရာသဘောပေါက်လား ”ဆိုပြီးပြောပါ တော့ တယ်။ ဒီတော့မှစက်ရုံမှူးလည်းနားလည်သွားပြီး၊ “အေးအေးဟုတ်ပြီ စားမယ့်သူတွေအရင်ထုတ်ပေးလိုက် ကုန်သည်က စုထုတ်မှာပဲ။ ချင်တွယ်နေစရာလည်းမလိုဘူး။ (၆)ပြည် စာ(၄)ပြည်ဆိုတစ်အိတ်ပဲ ချိန်နေ စရာ လည်းမလိုဘူး။အေးအေးလုပ်ရတယ်မှန်တယ်”ဖြစ်သွားရော။
ဒါကိုပြန်ပြောရတာက ဘယ်သူ့ဘယ်သူမှအပြစ်တင်ချင်လုပ်မဟုတ်ပါဘူး။ တို့လူမျိုးတွေပြောရဲဆိုရဲလာစေချင် ရုံပါနော်။
မင်းစိုးနိုင်
MSC-010

Posted using Partiko Android

Sort:  

Hi, @minsoenaing!

You just got a 0.11% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ပြောရဲအောင် လေ့ကျင့်ထားတယ် ဆာ

ပြောလိုက်တော့ ဆိုတော့ နတ်နဲ့ပဲပြောချင်ဆို ၅၀၀ ရပြီလား

Posted using Partiko Android

နတ်နဲ့တော့ပြောချက်တယ် နတ်ကတော်နဲ့တော့ဖြစ်ဖူး

နတ်နဲ့တော့ပြောချင်တယ် နတ်ကတော်နဲ့တော့ဖြစ်ဖူး

ပြောရဲဘူး ပြောရင် လူကြီးတွေက ချောင်ထိုးထားတက်လို့

Posted using Partiko Android

စုလှိုင်က ဇတ်လမ်းထဲကျ ဖိုက်တင်ကောင်းရဲ့နဲ့ ချပစ်ပါလားအကုန် ဟားဟား

Posted using Partiko Android

ပြောလည်း ပြောချင်တယ်။ ပြောလည်း ပြောရဲဘူး။ ဟီး

Posted using Partiko Android

ပြောစရာရှိတာတော့ ပြောပါဗျာ မဟုတ်တာ မမှန်တာမှမဟုတ်ရင်

Posted using Partiko Android

ဒါဘာ ကို ဒါပါပဲလို့ ပုံမှန်လုပ်နေကြဆဲလားဗျ

Posted using Partiko Android

ခုချိန်အထိ ဒါပါပဲ

Posted using Partiko Android

ဟားး! ‌နောက်‌ဆိုကူေ ပြာ‌ပေးပါ့မယ်‌ ဦးမင်းရယ်‌။

နေရာတိုင်းအတွက်ရည်ရွယ်တာပါ

Posted using Partiko Android

ပြောရဲ တဲ့သတ္တိနဲ့
လူကိုရိုက်​ရဲတဲ့ သတ္တိမတူပါဘူး ဗျာ
ပြောရဲတဲ့သတ္တိ က တကယ့်​သတ္တိ
လူကိုရိုက်​ရဲတဲ့သတ္တိ က ကိုယ်​ရိုက်​လိုက်​တဲ့လူက
ကို့်​ယ့်​ ကိုရိုက်​မှာ​​ကြောက်​လို့ရိုက်​လိုက်​ရတဲ့ လူ​​ကြောက်သတ္တိ။

ဒဿန ကောင်းတွေထွက်လာပါပြီ

Posted using Partiko Android

ဟုတ်ကဲ့။အယ်လိုသတ္တိမျိုးရှိအောင် လေ့ကျင့်ပါမယ်

Posted using Partiko Android

ကိုယ်လုပ်မှကိုယ်ရတာ ဘတုကြောက်ရမလဲ

Posted using Partiko Android

နည်းနည်းပြောရဲ ဆိုရဲရှိသွာပြီ

ဒါပဲလေ ပြောစရာပြောသာပြော

Posted using Partiko Android

လေ့ကျင့်ဦးမှ

လေ့ကျင်ထား

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94