Steemit ပေါ်တွင်စိတ်အပျက်ဆုံးအရာ

in #myanmar5 years ago

image

ကျွန်တော်လည်း Steemit ကိုသုံးနေပြီး Steemit မကောင်းကြောင်းပြောနေမိပြီထင်ပါတယ်။ တကယ်လည်း ရေးစရာသိပ်မရှိလို့ပေါ့နော်။ဒါပေမယ့် ဒီကိစ္စက သူများတွေလည်းကျွန်တော်လိုဖြစ်မယ်ထင်ပါတယ်။ အဲတာ ကတော့ ရပြီးသား Vote တန်ဖိုးတွေ လျော့လျော့သွားတဲ့ကိစ္စပါဘဲ။စဉ်းစားကြည့်ပါဗျာ။ Redeem မလုပ်ရသေးပေမယ့် သူများ Vote ထားလို့ ရပြီးသားတွေက သူ့အလိုလိုလျော့လျော့သွားတယ်ဗျာ။ ပြီးတော့ Steem ဈေးကွက်မှာ သိပ်ကြီးအတက်အကျမရှိပေမယ့် ကိုယ့်ဆီက Steem တွေကရုပ်ပျက်ဆင်း ပျက်ပြုတ်ပြုတ်ကျသွားတတ်တော့ ကိုယ်တင်တဲ့ပို့စ်လေးကြည့်ပြီး စိတ်ချမ်းသာရမယ့်အစား စိတ်ဓာတ်တွေ ကျမိပါရဲ့။

ဒီနေ့လည်း SBD က ဈေးကွက်မှာ 0.87 ကနေ 0.84 ကျတာကို ကိုယ့်ရဲ့ ပို့စ်မှာ 0.89 လောက်ရှိနေတဲ့ Steem က0.78 လောက်အထိ ဆင်းသွားတာကို နားလည်မလည်တော့ပါဘူး။ဒီတစ်ချက်ဟာ User တွေကို အလွန်အမင်းစိတ်ဓာတ်ကျဆင်းစေပါတယ်ဆိုရင် ငြင်းဆိုနိုင်ပါ့မလား။ဒီကြားထဲ Bot ကလေးသုံးပြန်တော့ စေတနာပါတဲ့ Vote ကလုပ်သာလုပ်ကြည့်ရတာ မြတ်ဖို့ထက်ရှုံးဖို့ကသေချာပြီးသား။

ဒီနေ့ခေတ်က စာဖတ်ဖို့ထက် ဟာသတွေ၊ ဗီဒီယိုတွေကသာ လူဝင်အကြည့်များတဲ့ခေတ်ဆိုတော့ နိုင်ငံတာကာက လူတွေ ဝင်ကြည့်ချင်စိတ်ရှိလာအောင်စွဲဆောင်ရမှာလည်းမလွယ်လှပါဘူး။ မြန်မာလိုရေး ထား တဲ့စာကိုမြန်မာတွေတောင်ဝင်မဖတ်ကြတာ နိုင်ငံခြားသားကတော့ဝေလာဝေးပေါ့။အင်္ဂလိပ်လိုကတော့ အဖြစ်ရှိအောင်တောင်မရေးတတ်တာ နိုင်ငံတကာကိုစွဲဆောင်ဖို့ကပိုခက်ပြီပေါ့။ကဲဗျာ အကောင်းဆုံးအကြံ ညာဏ်တစ်ခုပေးမယ်။Steemhunt မှာ ကွန်မန့်တွေဝင်ရေးကြည့်ကြပါ။ မနေ့ကဆို တစ်ခုပေါ့နော် ဝင်ရေး ကြည့်တာ 0.453 Steem ရပါတယ်ဗျာ။ ဒီနေ့တင်တဲ့ပို့စ်တောင်မှ 0.27 Steem ဆိုတော့စဉ်းစားသာကြည့် မန့်ရတာတန်တယ်ဗျာ။ အင်္ဂလိပ်လိုလေးတော့ဖြစ်ညှစ်ရေးရတာပေါ့။ မတတ်နိုင်ဘူးလေ။ ဒါပေမယ့် ကျိုးကြောင်းဆီလျော်ဖို့သာလိုတာ ဆွဲဆောင်မှုရှိစရာမလိုဘူးဆိုတော့ သိပ်မခက်ပါဘူး။

အချင်းချင်းတွေမို့အားပေးရတာ ကိုယ်တောင်အားတော့သိပ်ရှိလှတာတော့မဟုတ်ဘူး။

မင်းစိုးနိုင်

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

စိတ်လည်းဝင်စား အားလည်းအားတဲ့အခါ ဝင်ဖတ်ပါတယ်ဗျာ
STU ကျတာတော့ တတ်နိုင်ဘူး
တတ်နိုင်တာက ရေးတင်နေတာပဲ😁

Posted using Partiko Android

ကိုယ့်လူတွေ ဝင်ဖတ်ကြတာတော့သိပါတယ်၊ ကြော်ငြာတင်လို့ရလောက်အောင် လူများစွာဝင်မဖတ်တာကိုပြောတာပါ

Posted using Partiko Android

ဂလိုလေးတွေ အားပေးစမ်းပ ဦးမင်းရယ်
ဘာတဲ့ sbd လေးတွေ ပြုတ်ပြုတ်ကျသွားတယ်ဆိုလား
အားတက်အောင် ပြုတ်ကျတာနေမှာပ

ပြုတ်ကျတာတွေကလည်းပြန်ကောက်မရတော့ခက်နေတာ

Posted using Partiko Android

ခု ဘဲ ပြေး ရေးတော့ မယ်

ဘယ်ကိုပြေးမလို့လဲ မလုပ်ပါနဲ့ မမရှိနေသေးလို့ အားတင်းထားနိုင်သေးတာ

Posted using Partiko Android

Hi, @minsoenaing!

You just got a 0.21% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63517.53
ETH 3062.83
USDT 1.00
SBD 3.81