Steemit နှင့် သူ၏ ပတ်တနာများ

in #myanmar5 years ago (edited)

image

တကယ်တော့ Steemit platform သည်ပေါ့သေးသေးမဟုတ်ပါ။ သူ့ကိုမှီတွယ်ပြီး အလုပ်လုပ်နေသူများ နေ့စဉ်တိုးပွားနေသည်။ ဤ platform ပေါ်တွင်အချိန်ဦးစွာနေရာတစ်ခုရရှိနေရေး မိတ်ဆက်ပေးခဲ့သူ @chinhenry ကိုကျေးဇူးတင်ပါသည်။ သူချမှတ်ထားခဲ့သော MSC စည်းကမ်းများထဲမှ Delegate ပြုလုပ်ခြင်းကိုတားမြစ်ထားမှုအားချိုးဖေါက်ခဲ့မိခြင်းအတွက် အားနာပါသည်။ တောင်းလည်းတောင်းပန် ပါသည်။ သို့သော် အထက်ကဆိုခဲ့သည့် Steemit platform ကိုမှီတွယ်ထားသူများ ထဲမှ @actifit နှင့် @steembasicincome စသူတို့တွင် delegate ပြုလုပ်သူမှသာ Vote ပေးခြင်း၊ delegate များလျှင်များ သလောက် အဆင့်တိုး၍ vote ပေးခြင်းစသည်တို့ပြုလုပ်လာသောအခါ ကျွန်ုပ်၏ စူးစမ်းလေ့လာချင်သော စိတ်နှင့်ပေါင်းစပ်လိုက်သောအခါ စည်းကမ်းချိုးဖေါက်ခါ delegate ပြုလုပ်မိပါတော့သည်။

@actifit သည် Steemit နှင့်ချိတ်ဆက်ထားသည့် ကျန်းမာရေး အပလီကေးရှင်းတစ်ခုဖြစ်ပါသည်။ သူတို့ထံတွင်ပို့စ်တင်သည့်အခါ အင်္ဂလိပ်လိုရေးတင်ရပြီး Aerobics, Basketball, Boxing, Cricket, Cycling,Daily Activity, Dancing, Elliptical Football, Gardening, Geocaching စသည်ဖြင့် အခန်းကဏ္ဍများခွဲခြား၍ ပို့စ်တင်ရသည်။ Activity count ပြည့်မီသည့် သူဖြစ်လျှင် မည်သူမျှလာရောက် Vote ပေးသည်ဖြစ်ေ၊ မပေးသည်ဖြစ်စေ ရရှိထားသည့် Activity score ပြည့်မီတယ်ဆိုရင် လာပြီး Vote ပေးပါ တယ်။ သူက Vote ပေးတာကို User Rank နဲ့ Post score နဲ့ထိန်းချုပ်ပြီးပေးတာပါ။

· User Rank; which depends on your delegated SP,accumulated AFlT tokens,rewared post count and recent rewarded activity.

· Post score ; which depends on your activity count,post upvote, quality comments, moderator review and user rank.

ဆိုပြီး delegated SP နဲ့ activity count တွေအပေါ်မှာ မီခိုထားသည့်အတွက် မိမိအနေဖြင့် delegate ကိုမလွဲမရှောင်သာပြုလုပ်ခဲ့ရပါသည်။

@steembasicincome သည်လည်းထိုနည်းနှင်နှင်သာဖြစ်သည်။ သူ့မှာတော့ သီးသန့် အပလီကေးရှင်းမ ရှိပါ။ဘယ်နေရာမှပို့စ်တင်တင် သူထံမှာ delegated SP ပြုလုပ်ထားလျှင် SP ပမာဏအလိုက်အချိုးဖြင့် @steembasicincome, @sbi1, @sbi2, @sbi3, @sbi4, @sbi5, @sbi6, @sbi6, @sbi8 စသည်ဖြင့် ခွဲခြား၍ လာရောက် Vote ပေးကြပါသည်။ တကယ်တော့ Steemit platform ပေါ်တွင် Steem ရှာနေသူတစ်ယောက်အဖို့ Steem ရရှိနိုင်မည့်မည်သည့်နည်းလမ်းမဆိုသုံးစွဲသင့်သည်ဟု ကျွန်တော်ယူဆ မိပါသည်။ ထိုအယူအဆကြောင့်ပင်လျှင် မိမိအနေဖြင့် delegate ကိုမလွဲမရှောင်သာပြုလုပ်ခဲ့ရပါသည်။

@steemhunt ကတော့ delegated SP မလိုပါ။ IT product အသစ်စက်စက်များကို မိမိနားလည် မိတ်ဆက်ပြီးပို့စ်တင်ပေးလျှင်၊ သူတို့ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်ညီညွတ်လျှင် သူများနှင့်မတူ သော Vote တန်ဖိုးကြီးကြီးများဖြင့်လာရောက် Vote ပေးတတ်ပါသည်။ ထို့အပြင် သူတို့ထံတွင်တင်သည့် Post များအား comment ကောင်းကောင်းပေးလျှင်လည်း esteem တွင် ပို့စ်တင်လျှင်ရသလောက် တန်းဖိုးရှိသည့် vote ကိုလာပေးတတ်ပါသည်။ကိုယ်ပိုင် အပလီကေးရှင်းမရှိသေးပါ။

@partiko သည် Steemit နှင့်ချိတ်ဆက်ထားသည့် သီးသန့်အပလီကေးရှင်းတစ်ခုဖြစ်ပါသည်။သူ့ထံမှ Post တင်လျှင် point 30 ပေးပါသည်။သူ့ထံမှ မန့်လျှင် Point 10 ပေးပါသည်။သူ့ထံမှ Vote ပေးလျှင် Point 5 ပေးပါသည်။ မြန်မာစာ font ကိုကောင်းစွာအထောက်အပံ့ပေးပြီး Notification များအားလုံးရရှိသဖြင့် ဘယ်သူကလာ vote ပေးသည်။ ဘယ်သူကလာ comment ပေးသည်။ ဘယ်သူက mention ခေါ်ထားသည်။ ဘယ်သူကလာပြီး follow လုပ်သွားသည်စသည်ဖြင့် အကုန်သိနိုင်သော အပလီကေးရှင်း ကောင်းတစ်ခုဖြစ်ပါသည်။မိမိရရှိထားသော POINT တန်ဖိုးဖြင့် POST တင်လျှင် တန်ဖိုးအချိုးအစား အလိုက် လာပြီးချက်ခြင်း VOTE ပေးတတ်ပါသည်။

@esteem ကအကောင်းဆုံးဖြစ်ပါသည်။ သို့သော် သူတို့ထံမှ Post တင်လျှင် 15% သူတို့ကိုပေးရပါသည်။ အခြားစည်းကမ်းချက်တွေသိပ်မများပါ။ follower များလျှင်တော့ Vote တန်ဖိုးပိုပြီးကြီးကြီးရနိုင်ပါသည်။

အထက်တင်ပြသည့် ပတ်တနာများအပြင် @dtube, steempress ,steemplus များလည်း ရှိပါသည်။ ရှာဖွေလေ့လာ၍ မိမိတို့ Steem များကို များစွာရှာဖွေနိုင်ကြပါစေကုန်။

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thanks for mentioning eSteem app. Kindly join our Discord or Telegram channel for more benefits and offers on eSteem, don't miss our amazing updates.
Follow @esteemapp as well!

Thank you so much for being an awesome Partiko user! We have just given you a free upvote!

The more Partiko Points you have, the more likely you will get a free upvote from us! You can earn 30 Partiko Points for each post made using Partiko, and you can make 10 Points per comment.

One easy way to earn Partiko Point fast is to look at posts under the #introduceyourself tag and welcome new Steem users by commenting under their posts using Partiko!

If you have questions, don't feel hesitant to reach out to us by sending us a Partiko Message, or leaving a comment under our post!

မိမိ လိပ်ပြာလုံပါလျှင် ကိုယ်ယုံကြည်ရာ လုပ်သာလုပ်ပါဗျာ

Posted using Partiko Android

ဘာပဲပြောပြော ကျေးဇူးတရားဆိုတာလည်းရှိတယ်လေ

Posted using Partiko Android

ဘာပဲပြောပြော ကျေးဇူးတရားဆိုတာလည်းရှိတယ်လေ

Posted using Partiko Android

ဗဟုသုတ ရပါတယ် ဘရို

အီး စ တင်း ကို အ သုံး ပြု ၍ စာ ရေး သား သည့် အ တွက် ကျေး ဇူး အထူး တင် ရှိ ပါ သည်။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28