ဥသျှစ်ပင်(bale tree)

in #myanmar5 years ago (edited)

image
Imagesource

ဥသျှစ်သီးကို ကျွန်တော်အလွန်ကြိုက်သည်။ သို့သော် ဥသျှစ်သီးစားသည့်အခါ အစေ့နှင့်အစေးများကို ဖယ်ရှားနေရသည်ကိုတော့မုန်းသည်။ငယ်ငယ်ကတော့ ဥသျှစ်သီးစားလျှင် သွားခေါမှအဆင်ပြေသည် ဟုလည်းစကြနောက်ကြသည်။ဥသျှစ်သီးအပြင် ဥသျှစ်ရွက်အား သရက်သီးငပိချက်ကလေးနှင့်တို့မြုပ် စားရသည်ကိုလည်း အလွန်နှစ်သက်ပါသည်။ကျွန်တော်သိသမျှ ဥသျှစ်သီးအကြောင်းမှာဤမျှသာ ဖြစ်သည်။ သေသေချာချာလေ့လာကြည့်သောအခါ သူ့မှာလည်းဆေးဘက်ဝင်ဂုဏ်သတ္တိတွေရှိပြန် သည်။

ဥသျှစ်ပင်သည် လိမ္မော်မျိုးရင်းတွင် ပါဝင်ပြီးလျှင် ယင်းကိုရုက္ခဗေဒ အလိုအားဖြင့် အီးဂဲမာမဲလို ဟုခေါ်သည်။ ဥသျှစ်သီးကို ရခိုင်လို ဝရာဇ်သီးဟု ခေါ်သည်။ အပင်လတ်မျိုးဖြစ်ပြီး ပေ(၃ဝ) မှ ပေ (၄ဝ) အထိမြင့်သည်။ အကိုင်းအခက်များ ရှုပ်ထွေးပြီး သန်မာသည်။ဥသျှစ်ပင်သည် အရွက်သေး ငယ်ပြီး အပင်လတ်မျိုးဖြစ်သည်။အခက်တစ်ခုတွင် အရွက် ၃ ခုမှ ၅ ခုအထိပါသည်။ အပွင့်များက ဖြူရော်ရော်တွင်အစိမ်းရောင်သန်းနေသည်။ အသီးစိမ်းကလေးများ သီးပြီး ရင့်မှည့်သည့်အခါ အဝါရောင်သို့ပြောင်းသွားသည်။အသီးသည်လုံးဝန်းသည်။ အရာသာချိုမွှေး သည်။ ဥသျှစ်သီးသည် အချင်းအားဖြင့် လေးလက်မမှခြောက် လက်မအထိရှိ၍ အခွံမှာချောမွတ်လျှက် မာသည်။ အသီးမှည့် အတွင်းတွင် လိမ္မော်ရောင်ရှိ အနံ့သင်းသော အသားနှစ်ရှိသည်။ ထိုအသား နှစ်ကို စေးကပ်သောအစေးက ဖုံးအုပ်ထား၍ အတွင်း ၌ အစေ့ပေါင်းများစွာရှိသည်။ အမျှင်လည်း ထူသည်။ ဥသျှစ် သီးမှည့်၏ အနှစ်သားမှ အစေ့အမျှင်နှင့် အစေးတို့ကိုဖယ်ရှား၍ အသားသက် သက်ကိုသာ စားလေ့ရှိကြသည်။ အစေးနှင့်အမျှင် တို့ကိုစားမိလျှင် အစေး၏ ပူစပ်သောသတ္တိကြောင့် နှုတ်ခမ်းနှင့် ပါးစပ်တို့တွင် အစေးလောင်တတ်သည်။

ဥသျှစ်ပင်၏ အသီး၊ အမြစ်၊ ပင်စည်၊ အရွက်၊ အပွင့်များအထိအသုံးပြုနိုင်သည်။

ငယ်စဉ်ကမိဘများက ဥသျှစ်သီးစားလျှင်အပူအပုပ်ကင်းသည်ဆို၍ပြောကြသည်။ အဟာရကိုဖြစ်စေ ပြီးဝမ်းကိုပျော့စေသည်။ အစာကိုကြေစေသည်။ဗိုက်နာကိုပျောက်စေသည်။ အခွံသည် အပူငုတ် ဖျားကိုပျောက်စေသည်။ ဥသျှစ်ပင်တွင် Glycosides အယ်ကာလွိုက် နှင့် Flavone ဓာတ်များပါ ဝင်သည်။

၁။ နာတာရှည်ဝမ်းကိုက်နှင့် ဝမ်းပျက်ရောဂါအတွက် သုံးရ၏။ အထူးသဖြင့် ဝမ်းချုပ်လိုက်၊ ဝမ်းဖော၊ဝမ်းရောင်ဖြစ်လိုက်ဖြစ်နေသူများအတွက်ကောင်းသည်။

၂။ အသီးမည့်မှပြုလုပ်သော ရှလပတ်ရည်သည် နာလန်ထစ လူမမာများအတွင် အတွင်းရှိ ဝမ်းကိုက်ပိုးများသေစေရန် ပေးရသည်။

၃။ မမှည့်သောအသီးနှင့် ဝမ်းရောင်အသီးတို့သည် ခံတွင်းနှင့်အစာကြေကျက်ခြင်းကို ကောင်းစေ သည်။

၎။ ဥသျှစ်သီးကို လေး၊ ငါးရက်ဆက်စားလျှင် ဝမ်းလျှောရောဂါပျောက်စေ၏။ အဘယ်ကြောင့် ဆိုသော် mucilage နှင့် pectin တို့ပါဝင်သောကြောင့် ဖြစ်သည်။

၅။ အရွက်ပြုတ်ရည်သည် အဖျားပျောက်ဆေးဖြစ်သည်။ အထူးသဖြင့်ပန်းနာရောဂါအတွက် ချွဲသလိပ်ကိုပျော်စေသည်။

၆။ အမြစ်ခေါက်၏ ပြုတ်ရည်ကို အောက်ပါရောက်ဂါများအတွက်သုံးစွဲနိုင်သည်။
(၁) တက်ဖျားကျဖျား။

(၂) စိတ်ညှိုးငယ်ခြင်း။

(၃) နှလုံးတုန်၊ ရင်ခုန်ခြင်း။

(၄) သားအိမ်ရောင်ခြင်းရောဂါတို့အတွင် အသုံးပြုနိုင်သည်။

၇။ အသီးမှည့်သည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းကိုက်ရောဂါကိုပျောက်စေသည်။၎င်းအနှစ်သားကို လော လောဆယ်ဖြစ်သော ဝမ်းကိုက်ရောဂါတွင် နှစ်ဂရမ်မှ လေးဂရမ်အထိပေးပါ။ မြန်မာ ဆေးကျမ်းများ အလိုအရ ဥသျှစ်သီးမှည့် သည်ချို၏။ ပူ၏။ အနည်းငယ် စပ်ရှိန်း၍ သလိပ်ကို ယုတ်လျော့စေ၏။ သွေးကို ပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာ နှင့် အပူကို နိုင်၏။ ဝမ်းကို ရွှင်စေ၏။ အဖျားကို နှိမ်နင်းနိုင်၏။

ကျမ်းကိုး။ ဆရာမြင့်(စကြာမင်း)၏ သဘာဝဆေးပင်များနှင့် ရောဂါကုသနည်းများ
။ဝီကီပီးဒီဒယား

ဥသျှစ်ပင်နှင့်ပတ်သက်၍ လေ့လာရမိသလောက်ကိုတင်ပြပေးခြင်းဖြစ်ပါသည်။ မိမိသည်ဆေးဆရာ တစ်ယောက်မဟုတ်ပါသဖြင့် ပြည့်စုံစွာတင်ပြနိုင်သည်လို့မဆိုနိုင်ပါ။ သိုရာတွင်တင်ပြထားသမျှသည်။ စိတ်ကူးဖြင့်ရေးရသောစာအမျိုးအစားမဟုတ်ပါသဖြင့် အထောက်အထားများအတိအကျရှိပါသည်။ ယုံကြည်စွာစမ်းသပ်သုံးစွဲနိုင်ပါသည်။

မင်းစိုးနိုင်

MSC-010


Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps.

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
Join eSteem Community

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဥသျှစ်​သီးက ဘယ်​နှစ်​မျိုးရှိလဲမသိဘူး တချို့ကတအားစား​ကောင်းတယ်​ တချိုးက အ​စေ့​တွေများ လုံးဝစားမ​ကောင်း

အမျိုးအစားဘယ်လောက်ရှိလဲတော့မသိဘူး။ အချို့ဆို အကြီးကြီးတွေအထိရှိတယ်

Posted using Partiko Android

အဲ့အသီးက​တော့ သွား​ခေါတဲ့သူ​တွေပဲ အဆင်​​ပြေတယ်​ 😁😁

Posted using Partiko Android

သူက သွားနဲ့ခြစ်စားရတာကိုး

Posted using Partiko Android

ဟုဟု အဲအသီးတော့ မြင်လည်းမမြင်ဖူး၊စားလည်းမစားဖူးဘူးအကိုရေ

Posted using Partiko Android

ဟုတ်လား ဘယ်ဒေသမို့ပါလိမ့်

Posted using Partiko Android

ဥသျှစ်သီးတော့ မစားဖူးသေးဘူးဦး။

Posted using Partiko Android

စားကြည့် အစေးတွေများတယ်။ချိုတော့ချိုတယ်

Posted using Partiko Android

ဟုတ်။ဦး။

Posted using Partiko Android

ငယ်ငယ်က မယ်ကြည်နေတဲ့ နေရာမာ အရမ်းပေါတာ မကြိုက်ဘူး ခုထိလဲ မစားဘူး ရောဂါဖြစ်မှတော့ မပြောတတ်ဘူး ဦးမင်းရေ😁

Posted using Partiko Android

တချို့ကမကြိုက်ဘူးမှန်ပါတယ်

Posted using Partiko Android

ထန်းလျှက်နဲ့ ခေါက်စားတာ အရမ်းကောင်းကြိုက်တယ်

ထန်းလျှက်နဲ့တော့ ခေါက်စားဖူးသေးဘူး မြည်းကြည့်ဦးမှ

Posted using Partiko Android

ဥသျှစ်သီးက အလွယ်တကူ ဝယ်မရဘူး နော်
ငယ်ငယ်တုန်းကတော့ တစ်ခါစားဖူးတယ်
သူ့ အရသာတောင် မေ့နေပြီဗျာ
စားချင်သေးတယ်

ချိုတဲ့အရသာ စီးတဲ့အရသာ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28