တို့မြန်မာတွေ Steemit platform ပေါ်မှာ Reward များများတက်အောင်လုပ်နည်း

in #myanmar6 years ago (edited)

image
steemit ဆိုတာ Post ဖန်တီးသူတွေကို upvotes နည်းလမ်းဖြင့် အမှန်တကယ်ငွေပေးချေတဲ့ blockchain-အခြေခံတဲ့ blogging ဆိုရှယ်မီဒီယာ ပလက်ဖောင်းဖြစ်ပါတယ်။ upvotes အနည်းအများ ဆိုတာကတော့ အခြား Steemit အသုံးပြုသူ Voters တွေကို တည်မှီရတာဖြစ်ပြီး သူတို့မှာ ဘယ်လောက် Steem Power ရှိပါသလဲ ဆိုတာက အဆုံးအဖြတ်ပေးပြီး ရရှိနိုင်တာဖြစ်ပါတယ်။ ဒါတောင်မှ သူတို့ရဲ့ စိတ်စေတနာ အရသာ ရာခိုင် နှုန်းနဲ့ ရရှိနိုင်တာပါ။ဒါပေမယ့် ဒီအချက်ကပဲ ကမ္ဘာကြီးကလူတွေကို Steem မှာ ပိုမိုလာရောက်ရင်း နှီးမြှုပ်နှံ ရန်အတွက်သူတို့ကိုသြဇာလွှမ်းမိုးမှုပေးနိုင်ရန်တွန်းအားပေးပါလိမ့်မည်။
image
Steemit Platform အပေါ်မှာသြဇာလွှမ်းမိုးမှုရှိနိုင်ရန် မိမိမှာ ပိုပြီးSteem Power ရှိဖို့လည်း လိုအပ်ပါတယ်။ သို့သော်ကျွန်တော်တို့အများစုက ရင်းနှီးမြှုပ်နှံဖို့ပိုက်ဆံ များများရှိကြသည် မဟုတ်သောကြောင့် blogging လုပ်ပြီး ငွေရှာဖို့ရန် Steemit ကို ဝင်ရောက်လာခဲ့ပါ တယ်။ ဒါကြောင့် Steemit platform ပေါ်တွင်ပြားဂဏန်း ဝင်ငွေလေးသာရရှိနေခြင်းအတွက် အံ့သြစရာတော့ မဟုတ်ပါဘူး။
ဤနေရာမှာ Steemit မှ Upvote Reward တိုးမြှင့်ရရှိဖို့နည်းလမ်းအချို့ကိုတင်ပြလိုပါတယ်။ ဒါဟာတကယ်တော့ ကိုယ်လုပ်နိုင်တာလေးတွေပါပဲ။

  1. တခြားသူတွေကိုဆွဲဆောင်ပါ
    Steemit ဆိုတာ အခြားဆိုရှယ်မီဒီယာတွေလို တူညီတဲ့အရာတွေရှိပေမယ့် မတူခြားနားတဲ့ WordPress ရှိတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကို သင်သတိပြုမိတယ် ဆိုရင်အခြားသူများအားပေါင်းသင်းမိတ်ဖွဲ့တတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီတော့ Discover Section ကို အသုံးပြုပြီးအခြားသူများ၏ပို့စ်များကိုသွားရောက်ဖတ်ရှုပါ။ Discover Section ဆိုတာက tag တွေကိုအသုံးပြုပြီး ရှာဖွေခိုင်းတာဖြစ်ပါတယ်။ #story #travel #food #crytocurrency #steem စသည်ဖြင့် tags အမျိုးမျိုးတို့ကိုတွေ့မြင်နိုင်ပါတယ်။ ဤ tags များအသုံးပြု၍ ရာပေါင်းများစွာ သောပို့စ်များကို ရှာတွေ့ရှိနိုင်ပါသည်။ လူတော်တော်များများကတော့ whale အဆင့်ရှိသူများ၊Power အပြည့်ရှိသူများနှင့်သာ ထိတွေ့ဆက်ဆံဖို့သာလိုအပ်သည်ဟုထင်ကြသော်လည်း တကယ်တော့ မည်သည့် အဆင့်ရှိသည်ဖြစ်စေလူတိုင်း နဲ့မိတ်ဆွေဖွဲ့ရမှာသာဖြစ်ပါတယ်။
    သင်က အခြားသူတွေအပေါ်ဘယ်လောက်အထိ တုန့်ပြန်မှုဘယ်လောက်ရှိသလဲဆိုတာကသာ သင်ရ ယူနိုင်မယ်ဆိုတာ အံ့သြစွာ တွေ့ရပါလိမ့်မယ်။ အခြားသူများနှင့်ဆက်ဆံခြင်းအားဖြင့်သင်နှင့်အတူသင့်လို ကွန်ယက်အား စိတ်ဝင်စား နေသူအများအပြား ကိုတွေ့ရပါမယ်။ လူသစ်များရဲ့ follower များစွာကိုရှာဖွေနိုင်ပြီး သင့်ရဲ့ပို့စ်များအပေါ် ကိုပိုပြီးမျက်လုံးများစွာရောက်ရှိလာအောင်ဖန်တီးကြိုးစားရပါမယ်။
    ဒီအချက်ကို လုပ်ဆောင်ဖို့ English စာအနည်းငယ်ပြောတတ်ဆိုတတ်ဖို့တော့လိုပါတယ်။အရင်က ဘယ်လိုပဲမတတ်ခဲ့သည်ဖြစ်စေ၊ ကြိုးစားလေ့ကျင့်ပေးကြစေလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ Steemit platform ပေါ်မှာ မြန်မာတွေချည်းရှိတာမဟုတ်ပဲ နိုင်ငံပေါင်းစုံက လူမျိုးစုံရောက်ရှိနေကြလို့ဖြစ်ပါတယ်။ သူတို့ဆီက Upvote တွေကိုမလိုချင်ပဲ Promotion လေးပဲ စောင့်ယူနေချင်ရင်တော့ English မရလဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Pro က ဘယ်အချိန်အထိ ပေးနေဦးမလဲဆိုတာ ဘယ်သူ့မှ အာမခံနိုင်မယ်မ ထင်ပါဘူး။ဒါကြောင့် တတ်နိုင်ရင်တော့ English စာကိုလေ့လာကြစေချင်ပါတယ်။ ကိုဟင်နရီက (@kachinhenry) Pro တွေမရတော့ပါဘူး။ ရပ်ပါပြီ လို့ကြေငြာတဲ့နေ့ရဲ့နောက်နေ့မှာ MSC ဆိုတဲ့ အသင်းအဖွဲ့လေးတစ်ခု ပျောက်ကွယ်သွားမှာ အလွန်စိုးရိမ်မိပါတယ်။

  2. Steem ကိုအစပျိုး ပူးပေါင်းခြင်း
    လူတွေကိုကူညီတတ်တဲ့ ကွဲပြားခြားနားသောလူပေါင်း စုံရှိတဲ့ Steemit Platform ပေါ်တွင် အခုမှအ စပျိုးအသုံးပြုရန်ရောက်ရှိလာသော ထူးချွန်တဲ့အရည် အချင်းကိုယ်စီ ရှိသူတွေရှိကြပါတယ်။ Steemit မှာ အစပျိုးဝင်ရောက်လာသူတစ်ယောက်ဟာတစ်ယောက်ချင်းစွမ်းအားဖြင့်ရပ်တည်ဖို့ရန်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကွဲပြားခြားနားတဲ့ သူတွေနဲ့ Group ဖွဲ့ခြင်း၊ အပြန်အလှန် အကူအညီပေးခြင်းများပြုလုပ် ဖို့ရန်လိုအပ်ပါတယ်။ အခြေခံအားဖြင့်ကျနော်တို့အရည်အသွေးကိုဖော်ထုတ်ပြီး ပို့စ်တွေ ရေးသားခဲ့ပေမဲ့ အများကြီး reward ရဖို့မျှော်လင့်ထားလို့မရပါဘူး။ တစ်ဦးချင်းစီရဲ့ ပို့စ်များကိုတွေ့ရှိရန် ပူပေါင်းကူညီပေးကြရန်လို အပ်ပါသည်။ ကောင်းမွန်တဲ့ ပို့စ်များကို Resteem ပြုလုပ်ပေးခြင်းစတဲ့ အကူအညီများလည်းပေး ရန်လိုအပ်ပါတယ်။

ထို့အပြင် Whale တစ်ယောက်သည် OCD (Operation Curation Delegation )၏ခေါင်းဆောင်ဖန်တီး ထားသောအကောင်းဆုံးပို့စ်အား upvote ကိုပေးပါ လိမ့်မည်။ ဤ Group တစ်ခု တွင်ပူးပေါင်းပြီးနောက် မိတ်ဆွေသူငယ်ချင်းအသစ်ဖွဲ့ခြင်းနှင့်ကွန်ယက်ကိုကြီးစွာချဲ့သောနည်းလမ်းကသာ အောင်မြင်မှုကိုပေးစွမ်းနိုင် မှာဖြစ်ပါတယ်။

ထိုကဲ့သို့သောပို့စ်များအအပေါ် Curie, Sndbox, Utopian.io, စသူတို့မှကောင်းစွာအကူအညီပေးရန် အစီအစဉ်များစွာအစပျိုးလျက်ရှိပါတယ်။
ဒါဟာသင့်အား လူတွေပိုပြီးသိလာရန်နှင့် Steemit Platform ၌သင်၏မြင်ကွင်းတိုးမြှင့်ဖို့ အကောင်း ဆုံးနည်းလမ်းပါပဲ။ သင် Reward ငွေတိုးမြှင့်ဖို့ဆန္ဒရှိမယ်ဆိုရင် သင့်အား ကူညီနိုင်တဲ့ များစွာသောအဖွဲ့များ ဤပလက်ဖောင်း ပေါ်တွင်ရှိပါတယ်။

  1. Quility Content ရေးသားခြင်း
    တခါတရံမှာ Quility Content အားလုံးကို သတ္တုချကြည့်လိုက်ပါ။ မများလှသောလူအချို့သာလျှင် သာမန် ရေးသားချက်များအတွက် whale တို့၏upvoted ရသည့် လုံလောက်အောင်ကံကောင်း သူများဖြစ်ကြသည်။ ကျွန်တော်တို့အများစုဟာ ခက်ခဲအလုပ်ကိုနေ့စဉ် လုပ်ပြီး Quility Content များကိုရေးသားနေကြပါတယ်။
    Steemit သို့မဟုတ် WordPress သို့မဟုတ် အခြားပလက်ဖောင်းပေါ်မှာပဲဖြစ်ဖြစ် Quility Content ကို ပုံမှန်အားဖြင့် ထိုနေ့၏အဆုံးမှာတင်နိုင်တယ်။ အခြားသောသူတို့သည် ကျွန်တော်တို့ကို Steemit platform ပေါ်တွင် အရည်အသွေးပံ့ပိုးပေး သူဖြစ်ကြောင်း အသိအမှတ်ပြုသည်နှင့်တစ်ပြိုင်နက်၊ သင်သည်ကျိန်းသေ Steemit platform ကိုသာချစ်သူဖြစ်ကြောင်းသိသွားကြပါလိမ့်မယ်။
    အချို့သော အသုံးပြုသူများသည် Quility Content ရေးသားခဲ့သည့် post တိုင်း အတွက် Reward ရရှိသွားပါတယ်။ Steemit အပေါ်မှာ Reward တိုးမြှင့်ရရှိဖို့ Whale တစ်ယောက်ရဲ့ စိတ်ထဲမှာ သင့်ကို တွေ့ဖို့ ကံကလည်းလိုအပ်ပါတယ်။ သင်က ဘယ်လောက်ကောင်းအောင်ရေးသားထားသလဲ။ဘယ်လို အရည်အသွေး တွေပါသလဲဆိုတာ မရေရာသော်လည်းကြီးမားသောအချက်အလက်အဖြစ်ရွေးချယ်က သင့်ကံကိုကစားပေးရ ပါတယ်။ Steeming အပေါ်မှာတော့ စိတ်ပျက်အားငယ်မသွားပါနဲ့။
  2. voting bots တွေကို အသုံးပြုခြင်း
    Upvote ရရှိနိုင်သည့်နည်းလမ်းတစ်ခုမှာ Booster, Minnowbooster, Bellyrub, Randowhale နှင့် Buildawhale စသည်တို့ထံမှ Vote ပေးလာရန် bot တွေကိုအသုံးပြုခြင်းဖြစ်ပါသည်။ Steem သို့မဟုတ် SBD ကို ပေးသည့် အတွက်သူတို့ရဲ့ Vote ကို ရောင်းချပေးသည့်သဘောဖြစ်ပါတယ်။
    ဥပမာ။ သင်သည်ထိုသူတို့ထံသို့ 3 SBD ပေးပို့သည်နှင့် သင်က $ 5 upvote ရသည့်သဘောဖြစ်ပါသည်။ အခြေခံအားဖြင့်ထိုကဲ့သို့သောဝန်ဆောင်မှုကို Steem ပါဝါအများကြီးရှိကြသောWhale များကရောင်းချကြပါ သည်။သူတို့ကို သင်အသုံးပြုသင့်ပေမယ့် Steem ကျင့်ဝတ်တော့ မညီပါဘူ။
    လူတိုင်းကသူတို့ရဲ့ boot တွေကိုအသုံးပြုနေပါလျှင် Whale များသည်ချမ်းသာလာပြီး Steemit platform အတွက်မူအလားအလာ မကောင်းနိုင်တော့ကြောင်း စဉ်းစားစရာပါ။ သို့သော် မိမိတို့၏ post များကို ပိုမိုမြင်သာရရန်ဆန္ဒရှိလျှင်တစ်ခါတလေသူတို့ကိုအသုံးပြုပါ။ ပိုမိုမြင့်မားသော Reward ရရှိထားသူများသည် trending page နှင့် hot page တို့တွင် ပေါ်လာတတ်သောကြောင့်ဖြစ်ပါသည်။ဒါဟာ သင့်ပို့စ်ကို အများမြင်သာစေနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။ဒါပေမယ့် ဒါကို အချိန်တိုင်း သုံးစွဲဖို့ကိုတော့ အကြံမပြုချင်ပါဘူး။
  3. Steemit အပေါ်Reward တိုးမြှင့်ရရှိဖို့အလွယ်ကူဆုံးနည်းလမ်း

ကျွန်ုပ်၏နောက်ဆုံး၊အကောင်းဆုံး အကြံပြုခြင်းဖြစ် ပါသည်။ Reward တိုးမြှင့်ဖို့အလွယ်ကူဆုံးနည်းလမ်းမှာ Steem ပါဝါရင်းနှီးမြှုပ်နှံရန်ဖြစ်ပါသည်။ ပိုများသော Steem ပါဝါရှိလျှင် ပိုကြီး upvote တန်ဖိုးရရှိနိုင်ပါတယ်။ သင်သည် သင်၏ကိုယ်ပိုင် post ကို Self upvote ပြုလုပ်တဲ့အခါမှာသင့်ရဲ့ဆုကြေးငွေ ကျိန်းသေတိုးမြှင့်မည်ဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ကြိမ်မျှသာလုပ်သင့်ပါတယ်။
self-upvoting သည်လည်းအခြားကျင့်ဝတ်ဆိုင်ရာ ကိစ္စဖြစ်ပြီး၊ မိမိကိုယ်ကိုအလွန်အကျွံ upvoting ပြုလုပ်ခြင်းအတွက်ရေရှည်မှာအောင်မြင်နိုင်မယ်လို့မယုံကြည်ပါဘူး။ လူတိုင်းသာမိမိတို့ကိုယ်ကိုယ် upvotes လုပ်နေကြလျှင် Steemit platform ကျရှုံးသွား ပါ့လိမ့်မည်၊Steem လည်းတန်ဖိုးမဲ့ပါလိမ့်မယ်။ ဒီလိုပြော နိုင်တာကတော့ လူ့တစ်ဦးချင်းစီက တခြား post ကို upvote မလုပ်ကြလျှင် နောက်ဆုံးမှာ Upvote အများကြီးနဲ့ Quality content တွေတွေ့ရတော့မှာ မဟုတ်တော့ပါဘူး ဒါကြောင့်သာပဲ Steemit ဟာ ကြီးမြတ် စေသည့်အကြောင်းရင်းတစ်ခုဖြစ်နေတာပါ။ ဒါဟာ Steemit ကို ရှင်သန်စေတဲ့ အချက်တစ်ခုဆိုတာ မမေ့စေချင်ပါဘူး။

အတိုချုပ်ပြောရရင်တော့
Steemit blogging ဆိုတာ ငွေရှာဖို့အလွန်ကြီးစွာသော လမ်းကြောင်းရှိတဲ့ နေရာ ဖြစ်ပါတယ်။ အများကြီးကြိုး စားပြီး များများ Reward တွေရှာနိုင်ကြပါစေလို့။

မင်းစိုးနိုင်
MSC-010
Photo-google
မှတ်ချက်- မိမိ RP 40 , SP 100 ခန့်ရှိစဉ်က ခင်မင်ခဲ့ပြီး အပြန်အလှန် Upvote ပေးခဲ့ကြသူ နိုင်ငံခြားသား တစ်ယောက်၏ ပို့စ်ကို ကြိုးစားပြီး ဖြစ်ညှစ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ အမှားအယွင်းများပါရှိပါက မိမိသာဘာသာပြန်ညံ့သောကြောင့်ဖြစ်ကြောင်းဝန်ခံပါသည်။ ယခု သူက RP 62 , SP 4000 ကျော်သွားပါပြီ လိုက်မမီတော့ပါ။ English Skill က ဘယ်မျှအထိအရေးပါသလဲ သိစေချင်၍ဖြစ်ပါသည်။

Sort:  

upvoted! I'm come from Kryptonia @ziggy

Thank for your support

Posted using Partiko Android

မကြာမှီ လာမည်‌ ဦးမင်း။ ‌ရေးဘို့ အစီအစဉ်‌ရှိပါတယ်‌။

ကြိုးစားပါ မဟော်ရေ ကိုယ်တွေက english ကိုလုံးဝအစိမ်းသက်သက်မဟုတ်ကြဘူးလေ၊ လေ့လာရင်းသင်ယူသင်ယူရင်လေ့လာသွားကြတာပေါ့။တွန်းအားကသူများလာတွန်းတာထက်ကိုယ့်ဘာသာတွန်းမှရတော့မှာ

Posted using Partiko Android

Good Advise!
ကိုယ်ပြု့သည့်ကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်

Posted using Partiko Android

အင်းမျှော်လင့်ချက်တော့လုံးဝမထားပါဘူး Pro ရပ်တဲ့တစ်နေ့အားလုံးရပ်သွားမှာစိုးရိမ်မိပါတယ်။

Posted using Partiko Android

ဟုတ်​ကဲ့ပါ...ကြိုးစားပါ့မယ်​...

Posted using Partiko Android

pro. ရပ်တဲ့နေ့အားလုံးရပ်သွားကြမှာစိတ်ပူမိလို့ပါ

Posted using Partiko Android

ဟုတ်​ပါတယ်​...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/9cdhjc7

Congratulations @minsoenaing ! You received a 10% upvote from @kryptoniabot & @kryptonia for your task of 300 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

ကျေးဇူးပါ ဗျာ ကြိုးစားနေဆဲမို့

Posted using Partiko Android

ကြိုးစားနေဆဲဆိုရင် အားပေးနေဆဲပါ

Posted using Partiko Android

ဆရာတို့ရှိလို့သာ​ပေါ့ဗျာ
E လိုမကျွမ်းကျင်​တဲ့ကျွန်​​တော်​တို့ကို အခုလိုဘာသာပြန်​​ပြောပြတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

အဲလိုတော့ ဟုတ်ပါတယ် အဲလိုတော့မဟုတ်သေးပါဘူး။ အခြေခံရှိကြသူတွေပါ။အားမစိုက်သေးလို့

Posted using Partiko Android

ဟုတ်ကဲ့အကို။ကြိုးစားလျက်ပါ

Posted using Partiko Android

ကြိုးစားလျက်ဆိုအားပေးလျက်ပါ

Posted using Partiko Android

ကျေးဇူးတင်ပါတယ်။ ကြိုးစားဖျစ်ညှစ်ပေမယ့် အတော်လေးပြည့်စုံပါတယ်ဗျာ။

ဆရာတင်ရေ တကယ်ပဲဖြစ်ညှစ်ဘာသာပြန်နေတာပါ ။english စာမတတ်ရင် အသုံးမကျလွန်းလို့

Posted using Partiko Android

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61122.11
ETH 2972.46
USDT 1.00
SBD 3.66