ရွာသာကြီးမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေသလား

in #myanmar6 years ago

ရွာသာကြီးမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေသလား
YarThar Gyi.jpg
အိမ်ကညီအငယ်ဆုံးတစ်ယောက် ကြောက်စိတ်ဝင်လာပြန်ပြီ။ဒီသတင်းကြားကတည်းက စိတ်တထင့်ထင့် ဘယ်နေ့ပြန်ပို့ရဦးမလဲ။ သူကြောက်စိတ်ဝင်လာလျှင်သူများတွေကို သံသယစဝင်သည်။ ငါ့ကို ဘယ်သူတွေပြုစား ထားတာလည်း၊၊ခြေထောက်ကြီးကလှုပ်မရဘူး။ အစားအသောက်တွေစားပြီးတော့ အန်တယ်ဆိုရင်သူများ အဆိပ် ခပ်ထားတာလား။သူ့သံသယကမဆုံးနှိုင်။ အနီးကပ်နေသူချက်ပြုတ်ကျွေးမွေးနေသူကို စပြီးသံသယဝင်သည်။ နောက် စေတနာဖြင့်မေးမြန်းစုံစမ်းသူများ၊ညီအကို မောင်နှမသားချင်းအားလုံး သူ့ကိုမကောင်းကြံနေကြပြီ။ သေစေ ချင်နေကြပြီ ထင်နေတော့သည်။ထိုသို့ဖြစ်လာလျှင်အထူးခြားဆုံးမှာ သူ့လက်များကို အထိအကိုင်မခံတော့ခြင်း ဖြစ်သည်။သူ့ကိုချုပ်၍ တစ်ခုခုလုပ်မှာစိုးရိမ်နေသည်။ “အနားမကပ်နဲ့နော် ၊အနားမကပ်နဲ့နော်” ဆိုပြီးရန်ပြုလိုသည့် ပုံဖြစ်လာသည်။
ပထမဆုံးကြောက်စိတ်ပြန်ဝင်စက သတိထားနေပုံတော့ရသည်။ပြနေကျဆရာဝန်ကို သူ့ဘာသာသွားပြ သည်။သူတစ်ခါတစ်ရံကြောက်စိတ်တွေပြန်ဝင်နေကြောင်းပြောသည်။အိပ်မပျော်ကြောင်းပြောသည်။ ဆရာဝန် (စိတ်ကု)က အခြေအနေမဟန်မှန်းသိ၍ ဆေးပြင်းလေးပြောင်းပေးလိုက်လျှင် အအိပ်အစားပြန်မှန်လာပြီး နေ ကောင်းသွားတတ်သည်။ဆရာဝန်ကအကဲခပ်မှားပြီး ဆေးလျော့ပေးလိုက်လျှင်မကြာမီ ရောဂါထလာတတ်သည်။ တစ်နှစ်တစ်ကြိမ်ပြန်ပြန်ဖြစ်တတ်ပြီး၊ တစ်နှစ်တစ်ကြိမ် ပြန်ပြန်ပို့ရတတ်သော်လည်း သူ့ဘာသာသတိထားတတ်မှု ကြောင့် ဒီတစ်ကြိမ်တွင် တစ်နှစ် နှင့် ဆယ်လကြာအောင်ကောင်းနေခဲ့သည်။ ခုတော့ အိမ်ကအမကြီးဖုန်း ဆက်ပုံ အရ အခြေအနေသိပ်မကောင်းလှ။ တစ်နေ့တခြားဆိုးရွားလာပုံရသည်။အစားမစားရေမသောက်တော့၊ အဆိပ်ခပ် ထားပဲထင်နေသည်။
အိမ်ကအမကတော့ ဆေးရုံမြန်မြန်တင်ဖို့တွင်တွင်ပြောနေသည်။ ဒါမျိုးက ကိုယ် တင်ချင်တိုင်းလည်းတင် လို့မရ ၊သူကကောင်းနေသည့်အခါ ဆရာဝန်တွေကစစ်ဆေးလိုက်လို့ လူကောင်းဖြစ်နေလျှင်တော့ ဆေးရုံက လက်မခံပါ။ ဒီတော့ လူမှန်းမသိအောင်ရှုးပါစေတော့ဆိုပြီးစောင့်ကြည့်ရသေးသည်။လူမှန်းသူမှန်းမသိပြန်တော့ ဆေးရုံကိုခေါ်မရပြန်။ သူ့ကိုချုပ်၍ခေါ်ပြန်တော့ သတ်ကြတော့မှာလားဆိုပြန်သည်။ခေါ်သွားရင်းလမ်းမှာ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီးခုန်ချမှာလည်းစိုးရိမ်ရသည်။သည်တော့ ရပ်ကွက်ထဲကလူတွေကို ချုပ်ဖို့ဖမ်းဖို့ခေါ်ရသည်။ ဆရာ ဝန်ကို အိပ်ဆေးထိုးပေးဖို့ခေါ်ရသည်။ဆေးရုံပို့ပေးမည့်ကားကိုလည်းအဆင်သင့်လုပ်ထားရသည်။ အားလုံးအဆင် သင့်ဖြစ်လျှင် လူစု၍ ဝိုင်းချုပ်ဖမ်းရသည်။ချုပ်ထားစဉ် ဆရာဝန်က အိပ်ဆေးထိုးရသည်။ ပြီးလျှင် ကားပေါ်အမြန် ပွေ့တင်ပြီး ဘေးကညှပ်ကာချုပ်၍ ခေါ်ရသည်။ လမ်းခရီး အိပ်ဆေးပြယ်လျှင် ငါ့ကိုဘယ် ခေါ်ကြ တာလည်းဆိုပြီး သောင်းကြမ်းတတ်သေးသည်။ဒီနှစ်တော့ တော်တော်အခြေအနေဆိုးသည်။ ဆရာဝန်က အိပ်ဆေးထိုးလိုက်သော် လည်း သူကလုံးဝအိပ်ပျော်မသွား။ငုတ်တုတ်ကြီးထိုင်နေသည်။ခက်ကပြီ။အထိလည်းမခံ။
မတတ်သာသည့်အဆုံး ရပ်ကွက်ကလူကြီးလုပ်နေသူ သူငယ်ချင်းကို ရဲ (၂)ယောက်လောက်မဖြစ်မနေ ခေါ်ပေးပါရန်အကူအညီတောင်းရသည်။ဒါတောင်မနက် (၁၀)နာရီကတောင်းဆိုတာကို ညနေ(၄)နာရီမှ ရဲ (၂) ယောက်ရောက်လာသည်။ ရဲနဲ့ကျတော့ အတော်ကလေးအဆင်ပြေလှသည်။လွယ်လွယ်ကူကူပင်လက်ထိပ်ခတ်၍ ခေါ်ဆောင်နိုင်ခဲ့သည် လမ်းခရီးတွင်ပင် သိပ်မသောင်းကြမ်းလှတော့။ ရွာသာကြီးဆေးရုံပို့နေသည်ကိုပင်သူသိနေ သည်။ဆေးရုံသို့ ည ၁၁ နာရီခန့်တွင်ရောက်သည်။ တာဝန်ကျဆရာဝန်က လူနာရှင်ကိုအရင်ခေါ်ပြီးမေးသည်။၎ ကြိမ်မြောက်ဆိုတော့ အစစအရာရာ သိနှင့်ပြီးသားတွေအတိုင်းလုပ်သွားရုံပဲရှိသည်။အခက်အခဲသိပ်မရှိလှ။ နောက်လူနာကို အခန်းအပ်ရန်၊Free ခန်း၊ ၂၀၀၀ တန်ခန်း၊ ၅၀၀၀ တန်ခန်းစသည်ဖြင့် ရှိသည်။Free ခန်းမယူလျှင် အခန်းတန်ဘိုးကျသင့်ငွေကို တစ်ခါတည်းရှင်းပေးရသည်။ ၂၀၀၀ တန်ခန်းမို့ ၁၅ ရက်စာ ၃၀၀၀ ပေးသွင်း ရသည်။Free အခန်းက ဟောတိုက်ကြီးမို့ ပစ္စည်းပျောက်ခြင်း၊အစားအစာလုစားတတ်ခြင်းတို့ကြောင့် ၂၀၀၀ တန် အခန်းကိုယူရခြင်းဖြစ်သည်။
ခါတိုင်းလည်း ပို့နေကျမို့ သူနေရမည့်ကုတင်အထိ လိုက်ပို့မိသည်။ ပို့ပြီးပြန်ထွက်တော့ အခန်းသံတံခါး ကိုအစောင့်က သော့ခတ်ပိတ်ထားသည်။“လာပါဦးဟ ငါထွက်မလို့တခါးဖွင့်ပါဦး”ဆိုတော့ လူနာစောင့်က အပြင် မထွက်ရဘူးဆိုလေသည်။“ဟေ..ငါပို့လာတာ ၄ ကြိမ်ရှိနေပြီ တစ်ခါမှဒီလိုမရှိခဲ့ပါဘူး၊ ဝင်ချင်တိုင်းသာဝင်မရတာရှိခဲ့ ပေမယ့်၊ ထွက်မရဘူးဆိုတာတော့မရှိပါဘူး”
“ဟုတ်ပါတယ်အန်ကယ် ကျွန်တော်တို့လည်းခုလိုလုပ်ရတာဆရာဝန်တွေခိုင်းလို့ပါ။ မနက်ရောက်လို့ လူနာရှင်မေးမြန်းဖို့ခေါ်တဲ့အခါ လူနာရှင်တွေက ထွက်ထွက်ပြေးကြတော့ မေးစရာလူမရှိပဲဖြစ်ဖြစ်နေလို့ပါ။”
“မဟုတ်သေးပါဘူးကွာ ဒီလိုဆိုလည်း ၄ ကြိမ်မြောက်ပို့တဲ့သူ၊ ပို့တဲ့သူကဝန်ထမ်း၊ ပြီးတော့မိသားစုဝင် ဒါတွေကိုတော့ ခွဲခြားဦးမှပေါ့။မင်းတို့ဟာက ဒီအတိုင်းကြီး လူကောင်းတစ်ယောက်ကို တံခါးပိတ်ထားခွင့်မှမရှိတာ။ ထိုသို့တစ်ခါမျှမကြုံခဲ့ရသဖြင့် အိပ်ယာခြင်ထောင်လည်းပါမလာပါ။ ပါလာရင်လည်း ကုတင်မရှိပါ။ တစ်ညလုံး ငုတ်တုတ်ထိုင်နေပြီးခြင်ကိုက်ခံခဲ့ရပါသည်။နံနက်ပိုင်း အိမ်သာတက်ရန်သွားကြည့်အခါတွင်လည်း အိမ်သာပေါက် များက တံခါးမရှိ ဟောင်းလောင်းတွေ။ ရေခွက်ထဲရေမရှိ၊ရေကန်ထဲလည်းရေမရှိ။
လူနာရှင်များက လူနာအားထားပြီးထွက်ပြေးတတ်သည်ဆိုသည်ကိုကျွန်တော်လက်ခဲ့ပါသည်။ တစ်ချို့ လူနာနှင့်မပတ်သက်ပါပဲစေတနာအလျောက်လာပို့ပေးကြသူလည်းရှိချင်ရှိနိုင်ပါသည်။ သူများတကာမလုပ်ချင် သောအလုပ်ကို အချိန်ပေး၍ လာပို့လုပ်ကိုင်ပေးပြီး၊ကိုယ့်အလုပ်ကိုအပျက်ခံပြီးတော့ ဘယ်သူမှလာနေနိုင်မမည် မဟုတ်ပါ။ပြန်ကြမည်သာဖြစ်ပါသည်။ လူနာစောင့်အဖြစ်လုပ်ပါမည်ဆိုသော်လည်း အများအားဖြင့်အပြင်ကသာ လိုတာတွေလုပ်ပေးနိုင်ကြမည်ဖြစ်ပါသည်။ အရူးတွေကြးထဲ၌ နေရဲသူလည်းရှားပါလိမ့်မည်။ အိမ်မှာ ဆေးတိုက်၍မ ရ။ လူတိုင်းကို အန္တရာယ်ပြုမည်စိုးရိမ်သဖြင့် အချုပ်ခန်းရှိသော စိတ်ကျန်းမာရေးဆေးရုံသို့ပို့ပေးရခြင်းဖြစ်ပါသည်။ အိမ်မှာကောင်းကောင်းနေ၍ ဆေးပုံမှန်သောက်လျှင် ဆေးရုံသို့ပင်ပြန်ပို့စရာအကြေင်းမရှိပါ။ ဤကဲ့သို့ဆိုးသွမ်း သောင်းကြမ်းသူများစုထားသော အခန်းထဲသို့ လူကောင်းတစ်ယောက်ကို ထည့်ပိတ်ထားသော အမှုကို ဘယ်လို အရေးယူသင့်ပါသလဲ ဆိုတာကို စဉ်းစားဆင်ခြင်ရပါမည်။
တစ်ညလုံးခြင်တွေလည်းကိုက်ပြီး၊ မအိပ်ရပဲ တစ်ယောက်ပြီးတစ်ယောက်လမ်းလျှောက်ပြီး ပွစိပွစိ လုပ်နေ ကြသူအရူးများထဲ၌ စိတ်ပျက်ညစ်ညူးစွာနေခဲ့ရသည့်တစ်ညတာအတွက်။
မင်းစိုးနိုင်
MSC-010
Photo –Google

Sort:  

တစ်ညတာကတော့ သောကပဲ

ဟုတ်တယ်မညိုရေ အသေးစိတ်ဒုက္ခတွေရေးထားသေးတယ်

မလွယ်​ဘူး​နော်​။စိတ်​​တော်​​တော်​ညစ်​ခဲ့မှာပဲ

စိတ်လည်းဒေါသတွေလည်းဖြစ်ဘာမှမတတ်နိုင်ခဲ့ဘူး။Steemit ရောက်မှရင်ဖွင့်ရတော့တာပဲ

ရွာသာကြီးနက်ပက်သက်ရင်တော့ စီးပွားရေးတက္ကသိုလ်ကိုအရင်ပြေးမြင်မိတယ်ဗျာ

နီးနေလို့မဟုတ်လား

@moewaikamawet ရဲ့ဒီပို့စ်က cheetah မိနေလို့ vote လို့မဖြစ်ပါ ခွင့်လွှတ်ပါ ၊ကျွန်တော့ RP ပါထိခိုက်တယ်ဆိုလို့လေ

cheetah ကြောင်ပီပို့လိုက်တာပါcheetahပို့တဲ့linkကမှားနေပါသည်သူ့linkကိုဝင်ကြည့်လို့ရပါသည်

cheetahကကြောင်ပီးပို့တာပါcheetahပို့တဲ့linkကမှားနေပါသည်သူ့linkကိုဝင်ကြည့်လို့ရပါသည်

အေးဗျ ခုမှကြည့်မိတယ် ဒီကိစ္စတော်တော်ဆိုးတယ်

မလွယ်သောအရာပါလားနော်

တညလုံး အရူးများနဲ့

ဟီးးးအရူးများနှင့် တစ်ညတာပေါ့

အင်း အရူးတစ်ယောက်ကလာပြီးမိတ်ဆက်တယ် ၊မင်္ဂလာပါအန်ကယ်တဲ့ ၊သူ့လက်ထဲမှာဘာမြင်ရပါသလဲတဲ့ကြည့်လိုက်တော့ကျောက်ခဲ ၅ လုံး ၊ဒါနဲ့ကျောက်ခဲတွေပဲလို့ဖြေလိုက်တော့ ဒါဟာ ဘုရားလည်းဖြစ်နိုင်တယ်၊ နိုက်ကြီးတာကြီးလည်းဖြစ်နိုင်တယ် မဟုတ်ဘူးလားတဲ့။ အေးအေး ဟုတ်တယ်ဟုတ်တယ်လို့ဖြေခဲ့ရတယ်။

မလွယ်ပါလား

၁၀၆ တပ်က လူနာပို့သူနဲ့အတူနေခဲ့ရတာ သူလည်းအရူးပို့တဲ့ကိုယ်စားလှယ်တောင်ဖြစ်နေပြီ။ကောင်းလို့ပြန်ထုတ်ရမယ့် အရူး၊ ထပ်ပို့ရမယ့်အရူး။ သူမှာစာရင်းနဲ့

လမိုင်းက တပ်လား

သီးခံ၇မှာ​ပေါ့

သည်းမခံလို့မရတော့လည်း သည်းခံခဲ့ရတာပေါ့

အော် အဲ့ဂလိုလဲ ဖြစ်ခဲ့ဖူးတာဘဲလား

ကြုံရကြုံရ ဘုံဘဝပေါ့

အိပ်​​ဆေ​ကြာက်​တယ်

မကြောက်ပါနက်

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17