YSX ခေါ် ရန်ကုန်စတော့အိပ်ချိန်းရဲ့အခြေအနေ

in #myanmar5 years ago (edited)

image

YSX ခေါ် ရန်ကုန်စတော့အိပ်ချိန်းရဲ့အခြေအနေ

တကယ်တော့ စတော့အိပ်ချိန်းဆိုတာမြန်မာလူမျိုးတွေနဲ့ ကင်း ကွာခဲ့တာ နှစ်ပေါင်းကြာပြီဆိုတော့ လူတွေရဲ့စိတ် ဝင်စားမှုကအရမ်းနည်းပါတယ်။ အခုတစ်ခါ စတော့အိပ်ချိန်းပေါ်လာတာ ၃ နှစ်ပြည့်လာပေမယ့် စတော့အိပ်ချိန်းပေါ်မှာအရောင်းအဝယ်လုပ်သူ တွေ၊ ရင်းနှီးမြုပ်နှံနေသူတွေကတော့ နည်းပါးနေ ဆဲပါ ။ အဲသလိုလူတွေစိတ်ဝင်စားမှုနည်းပြီး အရောင်းအဝယ်တွေ၊ ရင်းနှီးမြုပ်နှံမှုတွေ နည်းပါး နေတာဟာ ကောင်းတဲ့လက္ခဏာတစ်ခုမ ဟုတ်ပါ ဘူး။ တကယ်တော့ စတော့ရှယ်ယာပေါ်လာတာ ဟာလူတိုင်း ငွေရှိသမျှကလေးနဲ့ ရင်းနှီးမြုပ်နှံလာ နိုင်ခြင်း ။ လူတိုင်း ကုမ္ပဏီတွေမှာ ဒါရိုက်တာဖြစ် ခွင့်ရလာနိုင်ခြင်းစတဲ့ အခွင့်အလမ်းတွေရှိရုံမကပဲ နားလည်အောင်လေ့လာပြီးရင် Stock share တွေဝယ်ရောင်းလုပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝနိုင်ဖို့ လမ်းစများလည်းဖြစ်ပါတယ်။ သို့သော်လည်း လူ အများစုဟာ နိုင်ငံစီးပွားရေးပုံစံပြောင်းလဲလာမှုနဲ့ အတူလိုက်ပါလာနိုင်ခြင်းမရှိကြပါဘူး။ ဒီလိုမျိုး လိုက်ပါလာနိုင်ခြင်းမရှိကြရတာကလည်းအကြောင်း တော့ရှိပါတယ်။ ဒါတွေကတော့....

    1. နားမလည်ခြင်း မှန်ပါတယ်၊အများစုကနားမလည်ကြပါဘူး၊ ပိုဆိုး တာကတော့ ခေတ်အဆက်ဆက်ဘာလုပ်လုပ် ရန်ကုန်မှာလုပ်ရင်ပြီးတယ်ထင်နေကြတာပါ။ တကယ်ကမပြီးပါဘူး။ နယ်ကဘာမှမသိလိုက်ရ တာမျိုးတွေလည်းအများကြီး၊မြန်မာနိုင်ငံဆိုတာ ရန်ကုန်တစ်ခုတည်းမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နားလည်အောင် ဆောင်ရွက်နိုင် မှာသာ အားလုံးပါဝင်လာပြီး အောင်မြင်လာမယ် လို့ယူဆပါတယ်။
    1. အမြတ်ဝေစုနည်းပါးခြင်း အမြတ်ဝေစုကို ဘဏ်တိုးလောက်တောင် ခွဲဝေမပေးနိုင်တာကလည်း Stock share ဈေး ကွက်အသက်မဝင်လာခြင်းရဲ့အကြောင်းရင်း တစ်ခုဖြစ်မယ်ထင်ပါတယ်။ Stock share ဈေးကွက်က ကောင်းကောင်း သက်ဝင်လှုပ်ရှားမှု မရှိသေးတဲ့အတွက် အမြတ်ဝေစုကို ဆွဲဆောင်မှု တစ်ခုအဖြစ် အနည်းဆုံး ၁၂ ရာခိုင်နှုန်းထက်မ နည်းခွဲဝေပေးနိုင်မယ်ဆိုရင်တော့ ဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လာနိုင်မှာဖြစ်ပါတယ်။ ဆုံးရှုံး နိုင်ခြေရှိပြီး ဘဏ်တိုးထက်လည်းနည်းနေမယ် ဆို ရင်တော့ ဘယ်သူမှ Stock share ဈေးကွက်ထဲ ကိုအလည်အပတ်တောင်လာမှာမဟုတ်တော့ပါ ဘူး။ ဈေးကွက် သက်ဝင်လှုပ်ရှားပြီး အတက်အ ကျများ ဖြစ်ပေါ်လာပြီဆိုရင်လည်း ဘယ်သူမှ အမြတ်ဝေစုကိုစိတ်ဝင်စားနေမှာမဟုတ်တော့ပါ ဘူး။
    1. အသုံးချခြင်းနည်းပညာ (educate) ဒါကတော့ လက်တွေ့ Stock share ဝယ်ယူပြီး သားလူတွေတောင် မကျွမ်းကျင်ကြသေးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီအတွက်ကတော့ စာအုပ်တွေ၊ Video. တွေ၊ အပြင် ဟောပြောပွဲတွေကနေ ကျယ် ကျယ်ပြန့်ပြန်ပညာပေးနိုင်မယ်တယ်ဆိုရင် တော့ ကျွမ်းကျင်လာကြမယ်ထင်ပါတယ်။ အခုလက် ရှိမှာလည်း အရင်ကထက်စာရင် Facebook မှာ Youtube မှာ web site မှာ ပညာပေး အစီအစဉ် တွေတင်ဆက်ပေးနေတာတွေ့ရကာတယ်။ ကြည့်ရှု သူပြန်ရှယ်သူ၊ မန့်ရေးကြသူတွေကတော့ သိပ်မများလှသေးပါဘူး။ ကြားရတဲ့သတင်းတွေ အရတော့ နောက်ထပ် စာ ရင်းဝင်ဖို့ကုမ္ပဏီတွေရှိနေပြီဆိုတာပဲဖြစ်ပါတယ်။ ဒါမှလည်းအပြိုင်အဆိုင်ရွေးချယ်စရာများလာပြီး ရှယ်ယာရှင်တွေအားတက်လာမှာပါ။ နိုင်ငံခြားကုမ္ပဏီတွေပါ ပါဝင်လာပြီး နိုင်ငံတကာရင်းနှီးမြုပ်နှံလိုသူတွေပါ ပါဝင်နိုင်တဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်နိုင်တဲ့ ဘဏ္ဍာရေးစနစ် ဖြစ်လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလို Stock share သမားတွေ ရဲ့ခေတ်တစ်ခေတ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ရောက်လာတေည့မှာအသေအချာပါပဲဗျာ။
Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @minsoenaing!

You just got a 0.14% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25