ရင်မှာကြည်နူးမေတ္တာဦး

in #myanmar6 years ago

ရင်မှာကြည်နူးမေတ္တာဦး

     ကျွန်မသည် မိသားစုမောင်နှမနှစ်ယောက်တွင် သမီးကြီး ဖြစ်ပါသည်။ သမီးဦး ဖြစ်သည့်အတွက် မိခင်ဆီမှ မေတ္တာကို ဦးစွာ ခံယူရရှိသောသမီး ဖြစ်ပါသည်။ 

image photo by moe wai (kamawet) ကျမ၏မောင်လေးနှင့်အတူ

ယခုအချိန်တွင် ကျွန်မမိုးဝေ၏ မိခင်သည် အသက်၈၂ရှိပြီး ဖြစ်ပါသည်။ မိုးတွင်းအချိန် ဖြစ်သည့်အလျောက် မြေသားများ ပျော့နေပါသည်။ အမေသည် ရေချိုးရင်း လမ်းလျှောက်ချော်လဲကျသွားပြီး လက်ကောက်ဝတ် အရိုးကျိုးသွားပါသည်။ ထိုအခါ လက်အကြောပြင်ဆရာနဲ့ ကြပ်စည်းကုသလိုက်ရပါသည်။
ကျွန်မ၏မိခင် လက်ကျိုးသွားသည့်အခါ ထမင်းခူးကျွေးခြင်း ရေချိုးပေးခြင်း ဆံပင်ဖြီးသပ်ပေးခြင်း အ၀တ်အစားလဲပေးရခြင်း စသည့် ဝေယျာဝစ္စအစုံကို ကျွန်မလုပ်ခွင့် ရခဲ့ပါသည်။
image photo by moe wai (kamawet)ကျမ၏82အရွယ်မိခင်ပါ
ဤအချိန်တွင် စဉ်းစားမိသည်မှာ ကျွန်မငယ်စဉ်အခါက ကျွန်မကိုလူလားမြောက်အောင် ပြုစုပေးလာသည့် ကျွန်မမိခင်၏ မေတ္တာကို သွား၍ သတိရမိသွားပါသည်။
ကျွန်မအခုလို စာရေးတတ်အောင် ပညာပေးခဲ့သောမိခင်၏ ကျေးဇူးကိုဆပ်၍ မကုန်တော့ပါ။ ကျွန်မသည် မိခင်နှင့် မွေးကတည်းကမှစ၍ ယနေ့အထိ အတူနေထိုင်ခဲ့ပါသည်။ ငယ်ငယ်လေးကတည်းက ကျွန်မကို အသေအချာ ပြုစုစောင့်ရှောက်ခဲ့ပါသည်။
မိဘနှင့်သားသမီး အတုံ့အလှည့် ပြုစုကျွေးမွေး ကြရသည်မှာ လောကဓမ္မတာပါ။ ယခု ကျွန်မသည် မိခင်ကြီးကို ခလေးငယ်တစ်ယောက်လို ပြုစုစောင့်ရှောက်ခွင့်ရသွားသည့်အတွက် ရင်မှာ ကြည်နူးမိပါသည်။
ကျွန်မလိုမျိုး မိခင်အိုကြီးကို ပြုစုစော့င်ရှောက်ခွင့်ရသော လူတိုင်းကို ကျွန်မချီးကျူးဂုဏ်ယူပါရစေ။သာဓုခေါ်ပါရစေ။

                မြန်မာစတီးမစ်မိသားစုများရင်မှာကြည်နူးကြပါစေ
                ဆန္ဒမွန်ဖြင့်
                မိုးဝေ
Sort:  

မိခင်ကိုပြုစုရှောက်တာကုသိုလ်အမြဲရနေတာပါ

အမေက ချောလိုက်တာ... အမေ့ကို ပြုစုလုပ်ကျွေးခွင့်ရတုန်း စိတ်နှစ်ပြီး ပြုစုရလို့ ကြည်နူးရတဲ့ ပီတိဟာ ဘာနဲ့မှ တူမှာမဟုတ်ဘူးနော်... သာဓု သာဓု သာဓု ပါ မမရေ...။

ကျေးဇူးပါ

အမေ အမြန်နေကောင်းပါစေ
ညီမလည်း သိပ်လိမ္မာသူပါ သာဓု သာဓု သာဓုပါ

အမေ့ကိုတောင် သတိရသွားပြီရှင့်
ဒီသြဂုတ်ဆို အမေဆုံးတာ ၁နှစ်ပြည့်ပြီ

သမီးရေတန်ဖိုးမဖြတ်နိုင်သောအမေပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by moewaikamawet from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63617.36
ETH 3070.79
USDT 1.00
SBD 3.82