ဝါသနာနှင့် အလုပ် (Hobby and Job)

in #myanmar5 years ago (edited)

ဝါသနာနှင့် အလုပ်


လူတိုင်းလူတိုင်းတွင် ၀ါသနာကိုယ်စီရှိကြမည်ဖြစ်သည်။ ၀ါသနာဆိုသည်မှာ ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကို အမြဲတမ်းဖြည့်စွမ်းပေးနိုင်သော အလုပ်တစ်ခုဖြစ်သည်ဟု ကျွန်တော်သတ်မှတ်ထားသည်။ စာဖတ်သူတို့ရဲ့ ၀ါသနာအပေါ် နားလည်ထားပုံနှင့် တူချင်မှတူပေလိမ့်မည်။ မည်သို့ဆိုစေ စာဖတ်သူတို့၏ခံယူချက်ဖြင့် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။
ဝါသနာဟုဆိုရာတွင် နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါသည်။

(၁) မွေးရာပါ ၀ါသနာ
(၂) ပတ်ဝန်းကျင်က ရိုက်သွင်းပေးခြင်းခံရသော ၀ါသနာ တို့ဖြစ်ပါသည်။

ဤ၀ါသနာ ၂ ခု၏ အဓိပ္ပာယ်ကို ရှင်းလင်းရန်မလိုတော့ပေ။ ကျွန်တော့်၏မွေးရာပါဝါသနာမှာ ပန်းချီဆွဲခြင်းဖြစ်ပါသည်။ ပန်းချီဟုဆိုရာတွင်လည်း တောတောင်သဘာဝရှူခင်းများကို ရေးဆွဲရသည်ကို ပို၍နှစ်ခြိုက်ပါသည်။ ငယ်ရွယ်စဉ်ချိန်ခါက ပန်းချီများကို အားလျှင်အားသလိုရေးဆွဲခဲ့ပါသည်။ သို့သော် ယခုချိန်တွင် လုပ်ငန်းခွင်ထဲရောက်လာသဖြင့် အားလပ်ချိန်အများအပြားမရှိသောကြောင့် မရေးဆွဲဖြစ်တော့ပေ။

IMG_20190314_170856.jpg

ကျွန်တော့်၏ ပတ်ဝန်းကျင်မှရိုက်သွင်းခြင်းခံရသော ၀ါသနာမှာ ဂစ်တာတီးခြင်းဖြစ်ပါသည်။ ကျွန်တော်၏လူငယ်ဘ၀ ပြင်ဦးလွင်မြို့လေးတွင်နေထိုင်ခဲ့စဉ်ကဖြစ်သည်။ အေးချမ်းသော ဒီဇင်ဘာဆောင်းညတစ်ညတွင် ခရစ်ဘာသာဝင်များ စုပေါင်းကာ ကယ်တော်စင်း ထွက်ပြီးကျွန်တော်တို့အိမ်ကိုရောက်လာခဲ့ပါသည်။ သူတို့သီဆိုသော သီချင်းကိုနားမလည်ပေမဲ့ ဂစ်တာသံလေးနဲ့ ပေါင်းစပ်လိုက်သောအခါ သာယာနာပျော်ဖွယ်ကောင်းလှပါသည်။

ထိုအချိန်မှသာ ဂစ်တာဆိုတာကို မြင်ဖူးခဲ့ပြီး ဂစ်တာသီးသင်ကာ လူငယ်ဘ၀ကို သံစဉ်များဖြင့် ဖြတ်သန်းခဲ့ပါသည်။ ယခုချိန်လုပ်ငန်းခွင်ထဲရောက်ချိန်တွင်တော့ ဂစ်တာမတီးဖြစ်တော့ပေ။ ၀မ်းစာအတွက် အလုပ်လုပ်နေရသည်ကိုး။

ဆက်ရန် >>>
Photo by @myanmarkoko

ကိုကိုမိုးဟိန်း
သစ်အယ်သီး

KoKoMoeHein

MSC no. 118

Sort:  

လူတကိုယ်​ဝါသနာတမျိုး​ပေါ့ ကျွန်​​တော်​က​တော့ electronic ဝါသနာအပါဆုံးဘဲဗျာ

ဝါသနာကိုယ်စီနဲ့ ဘဝကို ဖြတ်သန်းရင်း စတီးမစ်မှာဆုံကြသည်ပေါ့
ဦးယုရေ

ဝါသနာကို ဘယ်လိုဖြည့်ဆည်းမလဲ ထည့်ရေးပါဦးဗျာ

Posted using Partiko Android

ဟုတ်ကဲ့ ကြိုစားပြီး ထည့်ရေးပါ့မယ် ကိုစော

ဝါသနာက စာဖတ်နေရတာပဲ😁😁😁

Posted using Partiko Android

ဟုတ် အရမ်းကောင်းတဲ့ ဝါသနာပဲ ကိုဟိန်းရေ

ကိုယ်တွေလည်း ငယ်စဉ်က ခရစ္စမတ်သီချင်းတွေမှာ ယစ်မူးဖူးတယ်

ဟုတ်တယ် ဦးထွေး သူတို့သီချင်းဆိုသံကြားရရင်ကို
အလိုလိုပျော်လာတယ်။

ဝါသနာနှင့်​အလုပ်​တစ်​ထပ်​တည်းကျရင်​အို​ကေ​ပေါ့...

Posted using Partiko Android

အမှန်ပါပဲဗျာ

ဝါသနာတစ်ခုနဲ့တော့ ရပ်တည်ဖို့မလွယ်ဘူး ကိုကိုရေ

ကျနော်တို့မှာ ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်ခွင့်မရှိသလောက်ကို
ရှားခဲ့ပါတယ် ။

မိတ်ဆွေ၏ ပိုစ့်အာ C2 Myanmar Curation အဖွဲ့မှ ရွေးချယ်လိုက်ပါသည်။

ကျေးဇူးပါ


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကျေးဇူးပါ

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70351.33
ETH 3563.43
USDT 1.00
SBD 4.72