MSC gathering နှင့် အမှတ်တရများ

in #myanmar6 years ago (edited)

MSC gathering နှင့် အမှတ်တရများ

...

  • 03 . 08 .2018, Friday *

နေ့လည်(၁)နာရီခွဲဆိုသည့်အချိန်ကား မန္တလေးမြို့တွင်
ခြစ်ခြစ်တောက်ပူသော အချိန်ဖြစ်သည်။ ကြက်ဥကိုခွဲကာ
ကတ္တရာလမ်းပေါ် ပစ်ချလိုက်လျှင် ထိုကြက်ဥမှာ
ကြော်ပြီးသားဖြစ်သွားပေလိမ့်မည်။
ပြောချင်သည်ကား ကြက်ဥမဟုတ် ၊ ထိုကဲ့သို့ ပူအားကြီးသော
အချိန်တွင် ဘာကိုမှမမှုဘဲ ပေတစ်ရာလမ်းမပေါ်တွင်
ရည်းမှန်းချက်အပြည့် ယုံကြည်မှု အပြည့်နှင့် ဆိုင်ကယ်မောင်းနှင်နေသော လူတစ်စုအကြောင်းဖြစ်သည်။ ဆိုင်ကယ်၃စီး လူခြောက်ယောက်ဖြစ်၏၊ ရှေ့ဆုံးကဆိုင်ကယ်ကတော့ @billionaireheinကိုဟိန်းနှင့် သူ၏ဇနီးဖြစ်သည်။
အလယ်ဆိုင်ကယ်က @aunggyi100ကိုအောင်ကြီး
နှင့်MSC admin ဦးစိုးဖြစ်သည်။ နောက်ဆုံး
ဆိုင်ကယ်ပေါ်တွင်တော့ ကျွန်တော် မောင်ကိုကိုမိုးဟိန်းနှင့် @konyinyitun ဖလော်ဆော်ဖီ ကိုညီညီတို့ဖြစ်ကြသည်။ သူတို့အားလုံး၏ ဦးတည်ရာကား ရှေးဟောင်းယဉ်ကျေးမှု
မြို့တော် ပုဂံ သို့ဖြစ်သည်။ အကြောင်းမှာ ပုဂံတွင် MSC gathering ကျင်းပမည်ဖြစ်သောကြောင့် ယခုလို မန္တလေးမှ MSC members ၀င်များအတူတူ ပုဂံသို့ ခရီးနှင်နေခဲ့ခြင်း
ဖြစ်သည်။

IMG_20180804_101714.jpg

ထိုကဲ့သို့ ခရီးသွားနေချိန်တွင် ကျွန်တော်၏စိတ်တွင် အံ့သြနေမိ၏။ အကြောင်းကား တခြားမဟုတ် ကိုအောင်ကြီး
ကြောင့်ပင်ဖြစ်၏။
ကိုအောင်ကြီးမှာ အသားမည်းသည်ဆိုတာထက် အညိုဘက်
ကိုသန်းသည်။ ဆံပင်က ဘုတ်သိုက်၊ တီရှက်အင်္ကျံအတိုနှင့် ပုဆိုးကို ခပ်တိုတို ၀တ်ထားသည်။ တကယ်ကို ရိုးရှင်းသော
ပုံပန်းသဏ္ဌန်ဖြစ်ပြီး အလွန်ကို သဘောမနှောကောင်း၏။
အံ့သြရခြင်းဆိုသည်ကား ယခုလို မိုင်ရာချီဝေးသော ခရီးကို အပေါ်အင်္ကျံဘာမှမပါပဲ တီရှက်လက်ပြက်နှင့် ခရီးထွက်လာ
ခဲ့ခြင်းကိုဖြစ်သည်။ သိပ်မကြာပေ တစ်နာရီကျော်လောက် ခရီးနှင်ပြီးခဲ့ချိန်တွင် ကိုရွှေမိုးက ရွာသွန်းလေတော့သည်။
ကျွန်တော်တို့မှာ ခရီးကျန့်ကြာမည်စိုး၍ မိုးထဲလေထဲပင် ဆက်လက်ခရီးနှင်ခဲ့ကြသည်။ ကိုအောင်ကြီးတော့ မသိ အပေါ်
အင်္ကျံအနွေးထည်ပါသော ကျွန်တော်ပင် ခိုက်ခိုက်တုန်အောင်ချမ်းနေခဲ့၏၊
ကိုအောင်ကြီးကား ဘာမှဖြစ်သည့်ပုံမပေါ် ကွမ်းတမြုံ့မြုံ့နှင့်
အေးအေးဆေးဆေးပင်ဖြစ်၏။ ကျွန်တော်၏စိတ်တွင်
ကိုအာင်ကြီးကို သံမဏိလူသားဟုပင် ထင်မိလေသည်။

received_1043459609147548.jpeg

(၂)နာရီကျော်ကြာအောင် ခရီးနှင်ခဲ့ပြီးသော် မြင်းခြံမြို့သို့
ရောက်ခဲ့လေသည်။ လမ်းမှာကျဉ်းလှပြီး ဆိုင်ကယ်များနှင့်
စည်းကားနေ၏။ ခရီးတစ်ထောက်နားရန် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြသည်။ ကိုယ်စားချင်တာကို မှာကြ၏။ ဦးစိုးသည် စားပွဲထိုးကို "လက်ဖက်ရည်တစ်ခွက်"ဟုမှာလိုက်လေသည်။ ထိုအခါ ဘေးနားမှ ကိုဟိန်းက" ဟာ ဦးစိုးက စစ်ကိုင်းမှာလည်း လက်ဖက်ရည်သောက်ခဲ့သေးတယ်မလား "ဟုမေးရာ
ဦးစိုးက" အေ ဟုတ်တယ်လေ… ။ ဘာတုန်း လက်ဖက်ရည်
နှစ်ခွက်မသောက်ရဘူးလား၊ ။ဘီယာနှစ်ခွက်သောက်ရင် ဘာမှမပြောဘူး။ လက်ဖက်ရည်နှစ်ခွက်သောက်တော့ ပြောခံရတာ
ပေါ့ကွာ" ဟု စစနောက်နောက် ပြောလိုက်သောကြောင့် အားလုံးဝိုင်းရယ်ကြ၏။ ခရီးပန်းလာသော အမောများပင်ပျောက်သွားချေ၏။ MSCအဖွဲ့ဝင်များသည် Steemit ပေါ်တွင်သာမဟုတ်ပဲ တကယ့်အပြင်လက်တွေ့တွင်လည်း စိတ်သဘောထားပြည့်ဝကြကာ ညီရင်းနှမတဖွယ် ပြောဆိုဆက်ဆံကြသောကြောင့် ကျွန်တော်၏စိတ်တွင် သူစိမ်းဆိုသောစိတ် စိုးစေ့မျှပင်မကျန်တော့ပေ။

ဆက်ရန်>>>

IMG_20180805_082527.jpg

received_883613235166140.jpeg

ဖတ်ရှူပေးပါသော စာဖတ်သူ စတီးမစ် မိသားစုဝင်များအား
အထူးကျေးဇူးတင်လျှက်

ကိုကိုမိုးဟိန်း
သစ်အယ်သီး

MSC no. 118

Sort:  

Good trip with best friends !

Yep bro saw, but I met you short time. Next year I want to spend time for a long time.

Hi @myanmarkoko, I'm @checky ! While checking the mentions made in this post I noticed that @nyinyitun doesn't exist on Steem. Did you mean to write @nyinyiaung ?

If you found this comment useful, consider upvoting it to help keep this bot running. You can see a list of all available commands by replying with !help.

Thanks your support.

ဆက်ဖတ်ချင်ပါသည်မဆုံစည်းရသောကျမတို့လိုလူများအတွက်အကြောင်းအရာများကိုရေးပြပေးတာသိရှိခွင့်ရသောဝမ်းသာမိပါသည်

ဟုတ်ကဲ့ အတက်နိုင်ဆုံး ပြည့်စုံအောင်တင်ပေးပါ့မယ်
ကျေးဇူးပါဗျ@moewaikamawet

သစ်အယ်သီးက ဘာတုန်းတော်

ဟီး နာမည်လေးကြိုက်လို့ သုံးထားတာပါဗျာ။
နောက်တစ်ခုက အမှတ်တရတစ်ခုလည်းရှိခဲ့လို့ပါ

gathering အကြောင်းလေးတွေ ဖတ်ချင်နေတာ။ဆက်တင်ပေးပါဦး။

ဟုတ် ဆက်သင်ပေးပါမယ်ဗျ

ဘာကို သင်ပေးမှာလဲကိုကို

ဟီးမှားလို့ တင်ပေးမှာပါဗျ 😀😀😀
ကျေးဇူးဦးစိုး

ခရီးလဲတစ်ထာက်နားသလို စာလဲတစ်ထောက်နားတာပေါ့ အဲလိုလား hee hee

ဟိဟိ နားနားပြီးရေးရတာပေါ့ဗျာ 😂😂😂

အရမ်းကို​ပျော်​ခဲ့ကြမှာ​နော့။

ဟုတ် အရမ်းကိုပျော်ခဲ့ကြပါတယ် မအိရေ...

တကယ့်​ ညီအကို​မောင်​နှမ အရင်း​တွေကြလို့ ကိုကိုမိုးဟိန်း အခုမှ​တွေ့ကြ​ပေမည့်​ စိမ်း​နေတာမျိုးမရှိတာ အံသြစရာ

ဟုတ်တယ် ကိုအောင်ကြီး
နောက်နှစ်လည်း အတူတူသွားကြပါစို့ 😄😄😄

စိတ်တူရင် လူခြင်းရင်းနှီးလွယ်ကြပါတယ်

ဟုတ်ပါတယ် ကိုဟိန်း
တကယ်ကို ညီကိုမောင်နှမတွေလိုပါပဲ

အော် လက်ဖက်ရည် နှစ်ခါတဲ့လား ကွောင်ကြီးကတော့ သံမဏိလူသား တစ်ကယ် သံလိုက်အနားထားရင်တောင် သူ့ကပ်လောက်တယ် ။

ကပ်ပြီးရင်လည်း ခွာလို့မရလောက်ဘူး 😜😜😜

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64777.26
ETH 3101.53
USDT 1.00
SBD 3.84