အ​လျှောက်​​ကောင်းလွန်းသူ

in #myanmar6 years ago (edited)

image

တစ်​ရက်​ ...
ဦးတင့်​တို့လင်​မယားနှစ်​​ယောက်
တစ်​ဖက်​ရွာက မင်္ဂလာ​ဆောင်​ကို
မောင်​မယ်​အတူ သွားတယ်​​ပေါ့ဗျာ ..

အိမ်​မှာရှိတဲ့ စူပါကပ်​​လေးစီး
ဦးတင့်​တစ်​​ယောက်​ ရှုမငြီးတဲ့
သူ့​မဟေသီကိုတင်​လို့
သီချင်း​လေးတ​ကျော်​​ကျော်​နဲ့​ပေါ့ ..

လမ်းမှာ ​​ရေ​ကျော်​ (လမ်း​ပေါ် ​ရေဖြတ်​စီး​နေ​သော ​ချောင်းငယ်​) ​တွေ့​ပါ​လေ​ရော ..

လမ်းကမညီ .. ​​ရေစီးကသန်​ ..
ကျောက်​တုံးများလည်းရှိပြန်​​တော့
ဦးတင့်​က ဆိုင်​ကယ်​​နောက်​မှာပါလာတဲ့ သူ့မ​ဟေသီကို ခဏ ဆင်းခိုင်းရပြီ ..
ရေ​ကျော်​ကို ဖြတ်​ပြီးမှ ပြန်​တက်​​ပေါ့ ..

image
Image credit - Original source

သူ့မ​ဟေသီ ဆိုင်​ကယ်​​ပေါ်ကဆင်းအပြီး
ဦးတင့်​ ​ရေ​ကျော်​ကို ဖြတ်​ ..
ဟိုဘက်​လည်း​ရောက်​​ရော ..
သူ့မ​ဟေသီကို တစ်​ချက်​လှည့်​မကြည့်​ ..
ဆိုင်​ကယ်​ကို​တအိအိနဲ့ 
မောင်းထွက်​သွားပါ​လေ​ရောလား ...

ဒီဘက်​မှာကျန်​​နေခဲ့တဲ့ သူ့မ​ဟေသီရဲ့
ခေါ်သံ ​အော်​သံ လည်းမကြား ...
ဘယ်​ဆီများအ​တွေး​​ရောက်​​နေသည်​မသိ ..
တစ်​​ယောက်​တည်း​မောင်းထွက်
တစ်​ချက်​မှ ​စောင့်​ငဲ့မကြည့်​ဘူးတဲ့ဗျာ ..

မင်္ဂလာ​ဆောင်​​ရောက်​​​တော့ ..
အားလုံးက
တစ်​ယောက်​တည်းလား ​မေးကြပြီ ..
အဲ့ဒီခါမှ သတိရ
သူ့မ​ဟေသီဆီ ပြန်​​ပြေးရပါ​လေ​ရော ..

ရေ​ကျော်​နံ​ဘေးထိုင်
ဒေါသ​တွေ အဖြိုင်​ဖြိုင်​ထွက်​​နေတဲ့
သူ့မ​ဟေသီ​တွေ့​တော့ ..
ပြုံးဖြီးဖြီးနဲ့
ဦးတင့်​အ​ပြော ​အောချ​လောက်​ပါရဲ့ ..
" ဟီး .. မိန်းမ စိတ်​ဆိုးတဲ့မျက်​နှာ​လေး
မ​တွေ့ရတာကြာလို့
မြင်​ချင်​လို့သက်​သက်​ စ တာပါတဲ့.." ​လေ ..

image
Image credit - Original source

image
Written by @myanmarpyithar
MSC 103

Sort:  

အလျှောက်ကောင်းတော့အထောင်းသက်သာသွားတာပေါ့။စကားပြောတာအရေးကြီးတယ်နော်။ဘုရင်နားနေတဲ့သူတွေဆိုတော်တော်သတိထားရတယ်ကိုမြန်မာရေ။

ဟုတ်​တယ်​ အစ်​ကို​ရေ ... နည်းနည်းမှားတာနဲ့​ ​ဆွေစဉ်​မျိုးဆက်​သတ်​​စေ လုပ်​​​တော့တာ ..

ရေးတတ်လိုက်တာဟယ်...လူတယောက်ကိုသဘာဝကျကျရီမောခြင်းဖြစ်စေတာဟာ..ကုသိုလ်ရတယ်သိလား..

ကျေးဇူးပါ တီ​ဆွေခင်​ဗျ ..ကျွန်​​တော့်​စာ​လေးဖတ်​ပြီး ခဏ​လေး ပြုံးမိရင်​ ဝမ်းသာလှပါပြီခင်​ဗျာ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အလျှောက်ကောင်းလို့ပေါ့မဟုတရင်တော့လွယါမှာမဟုတ်ပူး

ဟုတ်​ပါ့ဗျာ .. မဟုတ်​ရင်​​​တော့ .. မ​တွေးရဲစရာ .. 😂😂

ကျားတို့ ရဲ့ မာယာဟုတ်ဘူး
ကျားတို့ ရဲ့ စကား

ဟီး အဲ့တာ​ကြောင့်​လည်း မန်​ကျည်းကိုးပင်​ကို ​နှောက်​ပါလို့ရယ်​ လို့ ​ပြောကြတာကိုး ကိုကြီး​ရေ...😀

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66772.03
ETH 3237.54
USDT 1.00
SBD 4.25