လျှပ်​တစ်​ပြက်

in #myanmar6 years ago (edited)

image

စတီးမစ်​နှင့်​ ​ဝေးကွာခဲ့သည်​မှာ ၁၄ ရက်​ဆို​သော အချိန်​တစ်​ခုရှိသွားခဲ့​ပေပြီ။
ထိုအ​တောအတွင်း မည်​သည့်​ ပို့စ်​ မှ မတင်​နိုင်​သလို မည်​သူ့ကိုမှလည်း ဗုတ်​ နှင့်​ ​ကွန်​မန့့်​မ​ပေးခဲ့နိုင်​​ခဲ့ပေ။ ကျွန်​​တော်​ မပျက်​မကွက်​ကြိုးစားမည်​ဟု SL အားကတိ​ပေးခဲ့​သော G4 ရဲ့ ပရို တွင်​ ပို့စ်​ မ​ရေးတင်​နိုင်​သည်​မှာလည်း
နှစ်​ပတ်​ဆက်​တိုက်​ဖြစ်​သွား၍ လွန်​စွာ အားနာမိပါသည်​။

လူဆိုသည်​မှာလည်း မရှိ ရှိတဲ့အလုပ်​နဲ့ အလုပ်​ရှုပ်​​နေသည့်​အမျိုးမို့ အလုပ်​ရှုပ်​​နေလို့ မတင်​နိုင်​တာပါ ဟု​တော့ မ​ပြောလို​ပေ။ တကယ်​က အလုပ်​ရှုပ်​ခြင်းထက်​ စိတ်​မ​ကောင်းဝမ်းနည်းလွန်း၍ ​ရေးစရာအ​ကြောင်းအရာ စဉ်းစားမရခြင်း၊ ​ရေးချင်​စိတ်​မရှိခြင်း​ကြောင့်​ ဆိုလျှင်​ ပိုမှန်​​ပေလိမ့်​မည်​။ အဘယ့်​​ကြောင့်​နည်း ??

ထို​နေ့က ယခင်​​နေ့များလိုပင်​ ပုံမှန်​အတိုင်း ဘာမှထူးခြားမှုမရှိ။ ​ဈေး​လေး​ရောင်းလိုက်​ စတီးမစ်​​လေး ဝင်​ကြည့်​လိုက်​၊ တစ်​ခါတစ်​ရံ
ဖေစ့်​ဘွတ်​​ခ်​လေးသုံးလိုက်​ ပုံမှန်​အတိုင်းပင်​။
ဖေ့စ်​ဘွတ်​ခ်​ သုံးရင်း ပို့စ်​​လေးတစ်​ခု ​တွေ့မိသည်​။ " သဘာဝနဲ့ ​တွေ့ဆုံခြင်း" ဆို​သောစာသား​လေးနှင့်​ တွဲကာတင်​ထား​သော ပုံ​လေးများ ။ မိမိတို့ အ​ဆောင်​မှ ပထမနှစ်​ ​ကျောင်းသား​လေး မြတ်​မင်း​ကျော်​၏ ပို့စ်​တစ်​ခု ဖြစ်​သည်​။ ပုံ​တွေက​တော့ ထန်း​တောပုံများနှင့်​ ထန်းရည်​အိုး အမြည်းများကို ရိုက်​ကာ တင်​ထားခြင်းဖြစ်​၏။ tag တွဲထားသူများကိုကြည့်​လိုက်​​တော့ 4BE, 5BE နှစ်​ကြီးသမားများ ။ " ဟာ .. ဒီ​ကောင်​​လေး​တွေ ခုမှ ​ရောက်​ခါရှိ​သေး ထန်း​တော​ရောက်​​နေပြီဟ ..ဆိုပြီး ​တွေးမိလိုက်​​သေး၏။

image

သင်္ကြန်​မတိုင်​ခင်​ ပထမတစ်​ဖြတ်​ပြီး၍ ဒုတိယ တစ်​ဖြတ်​တက်​ရန်​ ပြန်​လာခြင်းဖြစ်​သည်​။ ခါတိုင်​နှစ်​များလိုမဟုတ်​ဘဲ ငါးလပိုင်းတစ်​လလုံး ​ကျောင်းပိတ်​ခြင်းဖြစ်​၍ ယခုမှ ပြန်​​ရောက်
ကြခြင်းဖြစ်​သည်​။

ထို့​နောက်​ အခြားသတင်းများဖတ်​လိုက်​ ၊ ဗွီဒီယို အတို​လေး​တွေကြည့်​လိုက်​လုပ်​ပြီး ​ဖေ့စ်​ဘွတ်​ခ်​ ထဲမှ ထွက်​လိုက်​သည်​။ ​နောက်​ပြီး ​အ​ဆောင်​​တွေဘက်​သို့ ​ရေတင်​​ပေးရန်​ လာခဲ့၏။ ထိုအခါ မြတ်​မင်း​ကျော်​ ပို့စ်​တွင်​ tag တွဲထား​သည့်​အထဲမှ နှစ်​​ယောက်​ကို ​တွေ့လိုက်​ရ၏။
" ဟာ ​ဟေ့​ရောင်​​တွေ .. မင်းတို့ ထန်း​တော
ရောက်​​နေပြီထင်​တာ .. မင်းတို့မပါဘူးလား .." ကျွန်​​တော်​​မေးလိုက်​သည်​။ "မပါဘူး အစ်​ကို .. မြတ်​မင်း​ကျော်​နဲ့ ​ဇော်​ထက်​ နှစ်​​ယောက်​တည်းသွားတာ .." 
" ​သြော်​ .. ​အေး​.. ​အေး .. အပြန်​ဆိုင်​ကယ်​စီးရအုံးမှာ .. မူးမ​နေနဲ့အုံးလို့ ဖုန်းဆက်​​ပြောလိုက်​အုံးဟ .." ဟု ကျွန်​​တော်​​ပြောလိုက်​သည်​။ " ဟုတ်​ .. အစ်​ကို .. ဆက်​လိုက်​မယ်​ .."
"​အေး .. ​အေး .. အရမ်းမူး​နေတယ်​ထင်​ရင်​ ငါ့ညီတို့ သွား​ခေါ်လိုက်​ကြအုံး .." ကျွန်​​တော်​ ဒီ​လောက်​သာ​ပြောပြီး ပြန်​လာခဲ့မိသည်​။
ဇော်​ထက်​ဆိုသည်​မှာ မိမိတို့ အ​ဆောင်​တွင်​​နေ​သော 5BE mechanical မှ ​ကောင်​​လေး
ဖြစ်​သည်​။ ​နောက်​တစ်​နှစ်​ တက်​ပြီးလျှင်
အင်​ဂျီနီယာ​လေးတစ်​​ယောက်​ဖြစ်​ပြီ​ပေါ့ဗျာ။ ကျွန်​​တော်​တို့နဲ့ စ လိုက်​ ​နောက်​လိုက်​ ၊ တစ်​ခါတစ်​​လေ ​ညကြီးမိုးချုပ်​မှ " အစ်​ကို .. ဗိုက်​ဆာလို့ပါ .. ​မာမား​လေး နှစ်​ထုပ်​​လောက်​​ရောင်း​ပေးပါအုံး .. ပိုက်​ဆံ​တော့ မှတ်​ထား​ပေးအုံး​နော်​ .. အိမ်​ကပြန်​လာမှ ​ပေးမယ်​ဗျ .. 
ကော်​ဖီမစ်​​လေး နှစ်​ထုပ်​​လောက်​​ရော ဟီး .."
ဆိုပြီး ​ပြောတတ်​သူ ။

image
Photo Credit - Zaw Htet

ထို့​နေ့ ည​နေပိုင်း ၆ နာရီခန့်​တွင်​ ​ကျောင်းသား​လေးတစ်​​ယောက်​မှ " အစ်​ကို .. ​ဇော်​ထက်​တို့ အက်​စီးဒန့်​ ဖြစ်​လို့တဲ့ဗျ .. အခု စစ်​ကိုင်း​ဆေးရုံမှာတဲ့.. ကျွန်​​တော်​တို့ လိုက်​သွားမလို့ .." " ​ဟေ .. ​အေး​ ..​ ​အေး .. ဖြည်းဖြည်း​မောင်းသွားကြအုံး .. အစ်​ကို့ဆီ အ​ခြေအ​နေ ဖုန်းဆက်​အုံး ..မင်းတို့ ဘယ်​လိုသိတာလဲ .. သူတို့ဖုန်းဆက်​လို့လားဟ .." "မဟုတ်​ဘူးအစ်​ကို .. ​ဖေ့စ်​ဘွတ်​​ခ်​ပေါ်မှာ ပုံ​​တွေတွေ့လို့ "
သူတို့လည်း အဲ့ဒီ​လောက်​သာ​ပြောပြီး ​မောင်းထွက်​သွားကြသည်​။

ကျွန်​​တော်​ ​သူတို့​ပြော​သောပုံကို ​ဖေစ့်​ဘွတ်​ခ်​တွင်​လိုက်​ရှာသည်​။ ​တော်​​တော်​နဲ့ မ​တွေ့ပါ။ စစ်​ကိုင်းသတင်းနှင့်​ပတ်​သက်​​သော ​နေရာ​တွေလိုက်​ရှာသည်​။ မ​တွေး​သေး။ ​နောက်​ တစ်​​နေရာပြီး တစ်​​နေရာ ...
ထိုစဉ်​ ဖုန်းဝင်​လာ၏။ ​ဆေးရုံသို့ လိုက်​သွား​သော ​ကျောင်းသား​လေးတစ်​​ယောက်
ခေါ်ခြင်းဖြစ်​သည်​။
" ဟလို .. ​အေး ညီ​ ပြော .."
" အစ်​ကို .. ​ဇော်​ထက်​ နဲ့ မြတ်​မင်း​ကျော်​ နှစ်​​ယောက်​လုံး ဆုံးပြီအစ်​ကို .." ​ပြောရင်း သူက ငိုပါ​လေ​ရော ..
" ဟာ ....... ​သေချာလို့လားကွာ .. "
" ​ဟုတ်​တယ်​ အစ်​ကို .. ဖြစ်​တဲ့​နေရာမှာတင်​ ဆုံးတာ .. ​အိုးဘို ကျန်းမာ​ရေးကားနဲ့ ဆေးရုံကို သယ်​လာ​တာတဲ့ .."
" ​အေး .. ​အေး .. အစ်​ကို ​အခုလာခဲ့မယ်​ .. "
ပြောပြီး ကျွန်​​တော်​ ​ဆေးရုံသို့ ​ပြေးရပါ​​လေပြီ။
ရင်​ခွဲရုံ ဆီ​ရောက်​​တော့ မြင်​ရက်​စရာမရှိ​သော မြင်​ကွင်းက ဆီးကြို​နေ၏။ ​ဇော်​ထက်​က ဝဲဘက်​ဦး​ခေါင်းပွင့်​ထွက်​လျှက်​ .. ရုပ်​ပျက်​ဆင်းပျက်​ပင်​။ ​နောက်​တစ်​​ယောက်​က သူ့​လောက်​မဆိုး​ပေမယ့်​ ​ခေါင်း ​နောက်​စိမှ ​သွေး​တွေ အိုင်​ထွန်းလျှက်.. နှစ်​​ယောက်​လုံး အသက်​မရှိ​တော့​ချေ .. သူတို့​တွေကို ကြည့်​ကာ ကျွန်​​တော်​ ကြက်​​သေ​သေ​နေမိ၏။ ​ငို​နေ​သော သူတို့သူ
ငယ်​ချင်း​တွေကိုလည်း ဘယ်​လိုနှစ်​သိမ့်​ရမှန်းမသိသလို ကိုယ်​တိုင်​လည်း ရင်​ထဲ တစ်​ဆို့​နေ၏။ " ​ဟေ့​ရောင်​ မင်းဒီလို မဖြစ်​ရဘူးကွာ ..
မ​မောင်းနိုင်​ ငါတို့လှမ်း​ခေါ်လို့ရရဲ့သားနဲ့ကွာ ..ငါ့​ကောင်​ရာ .. " ငိုရင်း​ပြော​နေ​သော သူ့သူငယ်​ချင်းများ အသံကို နှစ်​​ယောက်​လုံး
ကြားနိုင်​စွမ်းမရှိ​တော့​ပေ။ ကွေး​သောလက်​မဆန့်​မီ ဆန့်​သောလက်​မ​ကွေးမီ ဆိုသည်​ကို
ကြားဖူး​ပေမယ့်​ ဒီ​သေခြင်းတရားက​တော့ တဆိတ်​ မြန်​လွန်းသည်​ ထင်​မိသည်​။

ထို့​နောက်​ တာဝန်​ကျ ရဲဝန်​ထမ်းများကို သူတို့ မိဘနာမည်​များ ဆက်​သွယ်​ရန်​ဖုန်းနံပါတ်​များ
ပေးကာ ဆက်​သွယ်​ရ​သည်​။ တိုက်​မိ​သော ကားနှင့်​ ကားသမားကိုလည်း ဖမ်းမိထားပြီ
ဖြစ်​​ကြောင်း​ပြော၏။ ကိုယ်​​တွေပင်
မျက်​စိ​ရှေ့မြင်​​နေရပါလျှက်​ မယုံနိုင်​​သေး သည်​ကို သူတို့မိဘများအ​နေဖြင့်​ ချက်​ခြင်း
လက်​ခံနိုင်​ဖို့ရာ အ​တော်​ ခက်​ခဲလိမ့်​မည် ဆိုတာကိုလည်း ကိုယ်​ချင်းစာမိ၏။ နောက်​ပိုင်းရက်​များတွင်​ သူတို့မိဘများမှ ​က​လေးနှစ်​​ယောက်​လုံးကို ကိုယ်​စီ အိမ်​ပြန်​သယ်​သွားကြ၍
တစ်​​နေရာစီ ဖြစ်​​နေ​သော နာ​ရေးများသွား
ခြင်း၊ ရက်​လည်​များသွားခြင်း၊ အ​ဆောင်​အ
နေဖြင့်​လည်း သံဃာများပင့်​ကာ အ​ဆောင်
တွင်းဆွမ်းကပ်​ တရားနာခြင်း တို့ကို
လုပ်​​ဆောင်​ရ​လေသည်​။

image
Photo Credit - Myat Min Kyaw

မဖြစ်​နိုင်​မှန်းသိ​သော်​လည်း​လေ ..

အကယ်​၍ ၅ မိနစ်​ခန့်​ ​စောပြန်​ခဲ့လျှင်​ ...
အကယ်​၍ ၅ မိနစ်​ခန့်​ ​နောက်​ကျပြန်​ခဲ့လျှင်​ ...
အကယ်​၍ ဆိုင်​ကယ်​ဦးထုပ်​သာ ​ဆောင်းထားခဲ့လျှင်​ ...
အကယ်​၍ ...
အကယ်​၍ ...

နောင်​ဘဝ ​နောင်​ဘဝများမှာ ဒီလိုအဖြစ်​ဆိုး​တွေနဲ့ ​ဝေးပါ​စေလို့ ဆု​တောင်းလိုက်​ပါတယ်
ညီ​လေးတို့​ရေ ...

ကောင်းရာမွန်​ရာ ဘုံဘဝကို 
ရောက်​ကြပါ​စေကွာ ..

image
Written by @myanmarpyithar
MSC 103

Sort:  

ဆန့်သောလက်မကွေးမီ ကွေးသောလန့်မဆန်ပခင်ဆိုတာတော်တော်မှန်တာနော် အစ်ကိုရေ။ဘယ်အချိန်မှာ ဘယ်လိုသေမယ်ဆိုတာကို ဘယ်သူ့မှမသိကြဘူးဗျာ။

ဟုတ်​တယ်​ အစ်​ကို​ရေ .. အ​သေမဦးခင်​ ဥာဏ်​ဦးမှ ​တော်​လိမ့်​မယ်​ဗျာ ..

နေ့မြင်ညပျောက် တဲ့ သေခြင်းတရားပါလား

ဟုတ်​ပါ့ အစ်​မ​ရေ .. မြန်​ဆန်​လွန်းတယ်​ဗျာ ..

စိတ်​မ​ကောင်းစရာပါလားဗျာ😢

တကယ်​ပဲ ကို​အောင်​ကြီး​ရေ .. ကိုယ်​​တွေ​တောင်​ ရင်​ထဲ ဆို့နင့်​ ​နေ​ရောဗျာ .. မိဘ​တွေဆို ...

သေခြင်းက မသိနိုင်ပါလားကွယ်

သူတို့ သူငယ်​ချင်း​တွေကို ထန်း​တောက​နေ ပြန်​ခါနီး video call လှမ်း​ခေါ်ခဲ့​သေးတာတဲ့ဗျာ ..

ခွဲခွာရမယ်ဆိုတာ သိကြတယ် ဘယ်နေ့ လည်း ဘယ်အချိန်လည်းဆိုတာ မသိတော့ ဖြေသိမ့်မနိုင်ကြဘူး ခံနိုင်ရည် မရှိကြဘူးပေါ့

ဟုတ်​ပါတယ်​ ဘုရား ..​သေခြင်းတရားကို ​မေ့ထားတာမဟုတ်​​ပေမယ့်​ အဲ့​လောက်​ မမြန်​နိုင်​​လောက်​ဘူး လို့ ထင်​​နေမိတာပါ ဘုရား ..

စိတ်မကောင်းစရာ ပါ ကြေချိန်မတန်ခင် ကြွေလွင့်ရတာ မိဘတွေဆိုရင်
ဘယ်လိုများ

ရင်​ကျိုးရပြီ​ပေါ့ အစ်​မ​ရေ ..​ဇော်​ထက်​အ​မေဆို နှလုံး​ရောဂါ အခံက ရှိ​သေးဗျာ ..😢

စိတ်မကောင်းဖြစ်ရပါတယ်ဗျာ

ဟုတ်​တယ်​ဗျာ .. ရင်​ထဲကို ဆို့နင့်​​နေတာပဲဗျာ ..

စိတ်မကောင်းစရာ

တကယ်​ကို စိတ်​မ​ကောင်းစရာပဲ အစ်​မ​ရေ ..

ကိုထက် ငယ်သူကြီးသူမရွေးပါလားနော်...ကံတရားရယ်

ဟုတ်​တယ်​ ကိုကြီး​ရေ .. အမှည့်​တဝင်းဝင်း အကင်း တဖြုတ်​ဖြုတ်​ဆိုသလိုပဲဗျာ ..

Congratulations! This post has been upvoted from the communal account, @minnowsupport, by myanmarpyithar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66579.21
ETH 3282.19
USDT 1.00
SBD 4.30