တစ်သက်တာ အမှတ်တရ (၅)
ကျွန်တော်တို့တွေ အလွန်ရောက်ချင်နေသော မြစ်ဆိပ်ကိုရောက်ပေပြီ။ လွယ်အိတ်နှင့်
ထမင်းဗူးများကို ရေလွတ်သောနေရာတွင်
စုတင်ထားလိုက်ကြပြီး အလျင်အမြန်ပင်
ရေထဲသို့ ဆင်းရန် ပြင်ကြလေသည်။
ကျွန်တော်တို့တွေ သွက်လက်ဖျတ်လတ်
နေသော်လည်း တုပ်တုပ်မှ မလှုပ်သူက
ပြည့်စုံ ...
Image credit - Original source
" ဟေ့ကောင် .. ဘာလုပ်နေတာလဲ ..လာဟ ရေထဲဆင်းလေကွာ .." ငကောင်းက
ပြည့်စုံကို ရေချိုးဖို့လာရန် လှမ်းခေါ်လိုက်သည်။ ပြည့်စုံက ငကောင်းကိုလက်ကာပြလိုက်ပြီး အင်္ကျီအိပ်ထောင်ထဲမှ ကွမ်းတစ်ယာ ထုတ်ဝါးလိုက်သည်။ ထို့နောက် " အေးပါ .. ချို့နှင့်ကြ ငါခဏနေမှ ချိုးမယ် .." ဟု လှမ်း
အော်ပြောလိုက်၏။ ထိုစဉ် ငြိမ်းသူ ကျွန်တော်အနားရောက်လာပြီး .. " ဟေ့ရောင် .. ပြည့်စုံက ဘာသဘောလဲကွ .. ဒီကောင်ပဲ ငါတို့နဲ့
လိုက်ချင်လွန်းလို့ ပြာယာခတ်နေပြီးတော့ အခု ဒီရောက်တော့ ဒီကောင်က ရေမချိုးသေးဘူး .. ဒီကောင် ငါတို့ကို အိမ်ပြန်တိုင်မလို့လားမသိဘူးဟ .. " စိုးရိမ်မကင်းသံဖြင့်
ပြောလေသည်။ " ဒီကောင်လည်း ငါတို့နဲ့အတူတူ မြစ်ဆိပ်လိုက်လာတာပဲကွာ .. သူလည်း အပြစ်ကင်းတယ်ပြောမရပါဘူး .. ဒီကောင် ငါတို့ကိုတိုင်ရင် .. သူဆေးလိပ်
သောက်တာ ကွမ်းဝါးတာ ပြန်တိုင်မယ်ကွာ .." ကျွန်တော် ငြိမ်းသူကို ပြန်ပြောလိုက်ရင်း တစ်ယောက်တည်း ကျေနပ်စွာ
ပြုံးလိုက်မိသည်။
အမှန်တိုင်းဝန်ခံရလျှင် ကျွန်တော်တို့
သုံးယောက်စလုံး ရေမကူးတတ်ပေ။ ပြည့်စုံလည်း ကူးတတ်မည်မထင်ပါ။ မြစ်နဲ့ဝေးသူများမို့ ရေချိုးချင်ကြ၍သာ လာချိုးကြခြင်းဖြစ်သည်။ ကမ်းစပ်နားမှ ခြေထောက်ဖြင့် မရဲတရဲ ထောက်စမ်းကာ ရှေ့သို့ တစ်ရွေ့ရွေ့တိုးသွားပြီး ရေနည်းနည်းနက်လာလျှင် ထိုင်ချကာ ရေငုတ်လိုက်၏။ ထိုနေရာမှ ကမ်းစပ်ဆီ မကူးတတ်ကူးတတ်ပြန်ကူးလာကြခြင်းဖြစ်သည်။ ကျောင်းလစ်ကာ ရေလာချိုးရသည်မှာ အရသာရှိလိုက်သည့် ဖြစ်ခြင်း။ မောလာလျှင်ခဏနားကာ နည်းနည်းပူလာပြီထင်လျှင်
ရေထဲပြန်ဆင်းကြသည်။ ထိုပုံစံအတိုင်း
ကျွန်တော်တို့တွေ ချိုးနေသည်မှာ နှစ်နာရီ
ကျော်ကျော်ခန့် ရှိနေပြီ ။ ပြည့်စုံကို
လှမ်းကြည့်လိုက်တော့ ရေထဲဆင်းဖို့ အရိပ်အယောင်ပင်မမြင်။ ကမ်းစပ်တွင်ထိုင်ကာ
ကျွန်တော်တို့ကို ကြည့်နေ၏။ သေချာပါပြီ
ဒီကောင် ညစ်တော့မည် ဟု ကျွန်တော်တွေးလိုက်မိသည်။
Image credit - Original source
ထိုစဉ် ပြည့်စုံက " ဟေ့ကောင်တွေ .. ရှေ့ဆက်မသွားတော့နဲ့ ..အဲ့နေရာမှာ
ချိုင့်အကြီးကြီးရှိတယ် .. အရင်က ကမ်းက အဲ့ချိုင့်ကြီးအောက်ဘက်နားမှာ .. ခုက ရေတိုးလို့ ဒီအထိတက်လာတာ ..
ရှေ့ဆက်မတိုးနဲ့တော့ .. "
(ဆက်ပါအုံးမည်)
Written by @myanmarpyithar
MSC 103
ပြည့်စုံကကြုံခဲ့ဖူးလို့ကြောက်နေတာနေမှာ။ထင်တာပြောတာပါဟီးဟီး။အားပေးတယ်ကိုမြန်မာရေဇာတ်လမ်းလေးကဆွဲဆောင်မှုရှိတယ်။
ကျေးဇူးပါဗျ .. အားပေးတာ ဝမ်းသာပါတယ် အစ်ကိုရေ .. နောက်တစ်ပိုင်း ဖတ်ပေးအုံးနော် .. ဇာတ်သိမ်းတော့မှာ ..
ဇာတ်လမ်းလေးတွေ
အောက်မေ့ တမ်းတ လွမ်းဆွတ် သတိရစရာ ဇာတ်လမ်းလေးတွေပေါ့ ကွာကာရေ .. စကားအစပ် ဘယ်တွေ ပျောက်နေတာတုန်းဗျ ..
စိတ်ဝင်စားစရာတော့ကောင်းလာပြီ။
ဟုတ် .. ကျေးဇူးပါ မအိ ခင်ဗျ .. ဘာတွေဆက်ဖြစ်မလဲ ဆိုတာ နောက်တစ်ပိုင်း အားပေးပါအုံးလို့ .. နော် 😀
အပျော်နဲ့ အဆော့အတွက် အန္တရာယ်ကိုမမြင်ကြတော့ဘူး
ဟုတ်တယ် ကိုကြီးရေ .. အပျော်ကနေ အပျက်ဖြစ်သွားတတ်တာကို ငယ်သေးတဲ့ အရွယ်ဆိုတော့ မစဉ်းစားတတ်ခဲ့ဘူးဗျာ ..
ဟုတ်တယ် ချောက်ထဲကျလိုက်လို့ကတော့ ရေနစ်ပီ
အဲ့ချိုင့်ကြီးက အရင်တုန်းက အမှိုက်တွေ ပစ်ဖို့ တူးထားတာတဲ့ဗျ .. တစ်ခါမှ မရောက်ဘူးတော့ မသိခဲ့ဘူး အစ်မရေ ..
စိတ်ဝင်စားမိ
ဦးအင်း ပျောက်နေတယ်နော် .. တော်တော်နဲ့ ပေါ်မလာဘူး .. ပေါ်လာပြန်ပြီး ပြန် ပြန်ပျောက်သွားတယ် .. 😀
နော်တို့ကျောင်းသားဘဝက ကျောင်းလစ်ပီး ဗွီရိုခိုးကြည့်တာ သတိရတယ်ဗျာ
အဲ့ချိန်တော့ ပျော်စရာ အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဂိမ်းတစ်ခု ဆော့နေရသလိုပဲ အစ်ကိုရေ ..
ပြည့်စုံဘာလုပ်ဖို့များစိတ်ကူးနေတာပါလိမ့်
နောက်တစ်ပိုင်းဆို သိရပါပြီဗျ .. ဆက်လက်အားပေးပါအုံးဗျာ ..ကြိုးစားရေးနေပါတယ်ဗျ ..
အဲ့ဒါပြောတာ ကလေးတွေ လူကြီးစကားနားမထောင်ဘူး
ဟုတ်တယ် မစုရေ .. ကလေးတွေ ဆိုတော့ မျက်ကန် တစ္ဆေမကြောက် ဆိုသလို ကြောက်ရကောင်းမှန်း မသိသေးဘူးဗျာ ..
အပျော်အပါးမက်ကြတဲ့အရွယ်တေဆိုတော့လည်း...ပြောရခက်ပါ့..
စူးစမ်းချင်ပြီး မလုပ်နဲ့လို့ တားထားတဲ့ အရာတွေကို လက်တည့်စမ်းလုပ်ချင်မိတဲ့ အရွယ်တွေပေါ့ အစ်ကိုရေ ..