ဘတူနှင့် တွေးမိတွေးရာ အပိုင်း(၁)

in #myanmar6 years ago (edited)

ဘတူ တစ်ယောက် အလုပ်ပိတ်ရက် ဖြစ်သဖြင့် အားနေကာ steemit ရှိ postများကို လိုက်လံ ဖတ်ရှုနေမိသည်။ထိုအချိန်တွင် အိမ်ဘေးရှိ(၁၅)နှစ်ခန့်ရှိသော ကလေးတစ်ယောက်မှ သူ့ညီငယ်အား ပုံပြင်တစ်ခု ပြောနေသည်ကိုကြားမိ၏။ထိုသူငယ်ပြောနေသောပုံပြင်မှာ နိဂြောဓ သမင်မင်း ဇာတ်တော်ဖြစ်လေသည်။
credit image source
ဘတူသည်လဲ ထိုကလေး ပုံပြောနေမှ ထိုဇာတ်တော်ကို သတိရသွားသည်။ထိုဇာတ်တော်သည် ဘတူတို့ သတ္တမတန်းတွင် သင်ခဲ့ရဖူးသည်။ထိုစဉ်က ဆရာက ဇာတ်တော်ကို ရှင်းပြ(ဆရာမည်သို့ရှင်းပြခဲ့သည်ကို ဘတူ မမှတ်မိတော့ပါ) မှတ်စုရေးခိုင်း ကျွန်တော်တို့က ကျက်ဖြင့် သင်ခန်းစာပြီးဆုံးခဲ့သည်။ယ္ခုအခါတွင် ဘတူသည် ထိုသင်ခန်းစာ၏ မူရင်းကို ဖတ်လို၍ onlie၌လိုက်ရှာသည် မတွေ့ရ။ထို့ကြောင့် အနီးရှိ ဘုန်းကြီးကျောင်းသို့သွားကာ အကျိုးကြောင်းပြော၍ ဆရာတော်ထံမှ စာအုပ်ငှားခဲ့လေသည်။

ဇာတ်တော်ကို မြတ်စွာဘုရားရှင်မှ ဇေတဝန်ကျောင်းတော်တွင် ဟောခဲ့သည်။ဟောပြရန်အကြောင်းဖန်လာပုံမှာ-

ရာဇဂြိုဟ်ပြည်ရှိ သူဌေးသမီး တစ်ယောက်သည် အရွယ်ရောက်၍ လင့်အိမ်၌ လိုက်၍နေရလေသည်။သူမသည် သံဝါသကိုစွဲ၍ ကိုယ်ဝန်ရှိခြင်းကိုမသိ။ထိုအချိန်သည် ရာဇဂြိုဟ်ပြည်၏ နက္ခက် သဘင်ပွဲတော်ချိန်လည်း ဖြစ်လေသည်။လူအများတို့သည် ဝတ်ကောင်းစားလှတို့ ဝတ်ကာ နက္ခက်ပွဲကို ဆင်နွှဲကြလေသည်။သို့သော် သူဌေးသမီးမှာ ဝတ်ကောင်းစားလှ မဝတ်ပဲ နေလေသည်။ထိုသည်ကို လင်သားမှာ ပြောလေသောအခါ သူဌေးသမီးမှ ဝတ်ကောင်းစာလှ မဝတ်ခြင်းအကြောင်းကို ခန္ဓာကိုယ်၏ ဖောက်ပြန်မှု အပြစ်များကိုပြောပြ၍ ရှင်းပြလေသည်။ထိုအခါ လင်သားမှ အဘယ်ကြောင့် ဤဒုက္ခကို သိလျှက် ရဟန်းမပြု သနည်းမေးလေသည်။သူဌေးသမီးကလဲ ခွင့်ပြုလျှင် ဝတ်မည်ဖြစ်ကြောင်းပြန်ပြောလေသည်။

ထို့နောက် လင်သားမှ အလှုကြီးပြုကာ သူဌေးသမီးအား ဒေဝဒတ် အကြီမှုဖြစ်သော ရဟန်းအဖွဲ့တွင် ရဟန်းပြုစေသည်။သူဌေးသမီးသည် ရဟန်းဖြစ်ပြီးသော် အကျင့်သီလဖြင့်ပြည့်စုံစွာနေလေသည်။သို့သော် လူ့ဘဝက ပါလာသော ကိုယ်ဝန်သည် ကြာလေ ထင်ရှားလာလေဖြစ်ကာ နောက်ဆုံးတွင် ဒေဝဒတ် ထံသို့ ခေါ်ဆောင်ခြင်းခံရလေသည်။ဒေဝဒတ်သည် ရဟန်းမ၏ ကိုယ်ဝန်သည် လူဘဝမှရလာသည်လော ရဟန်းဘဝရောက်မှရသည်လော သိရှိနိုင်သော ပညာမရှိသည်ဖြစ်သောကြောင့် ရဟန်းမကို လူဝတ်လဲစေသည်။

သို့သော်ရဟန်းမသည် ဒေဝဒတ်၏ အဆုံးဖြတ်ကို မကျေနပ်၍ ဘုရားရှင်ထံသွား၍ အကျိုးကြောင်းလျှောက်တင်လေသည်။မြတ်စွာဘုရားသည် ရဟန်းမိန်းမ၏ ကိုယ်ဝန်သည် လူ့ဘဝမှ ပါလာသော ကိုယ်ဝန်ဖြစ်ကြောင်း သိသော်လည်း လူအများကြား ဝင်ရှာစေရန် နောက်နေ့တွင် ကောသလမင်း အနာထပိဏ်သူဌေး ဝိသာခါ စသော ထင်ရှားသူများကို စုစည်းစေပြီး ညအချိန်၌ ပရိတ်သတ်လေးပါ စုံသောအခါ အမှု့အား အရှင်ဥပါလိ မထေရ်အား စစ်ဆေးစေသည်။တဖန် အရှင်ဥပါလိ မထေရ်မှ ဝိသာခါ ကျောင်းအမအား စစ်ဆေးစေသည်။

ဝိသာခါ ကျောင်းအမသည် တင်းတိမ်တို့ကို ကာစေပြီး လက်ခြေ ဝမ်း အင်္ဂါ အစဆုံးတို့ကို စစ်ဆေးပြီး ရက်လ တွက်ကြည့်သော် လူ့ဘဝမှ ပါလာသော ကိုယ်ဝန် ဖြစ်ကြောင်း လျှောက်ထားသည်။နောင်သောအခါ ရဟန်းမမှ မွေးဖွားသောသူသည် ဆန်းကြယ်စွာ တရားဟောတက်သောအရာ၌ ဧတဒဂ် ရသော ကုမာရ ကသပ မထေရ်ဖြစ်လာပြီး သားမိနှစ်ယောက်လုံးသည်လဲ ရဟန်ကိစ္စ ပြီးစီးခဲ့လေသည်။

တစ်ညတရားသဘင်တွင် ရဟန်းတို့ သည် ထိုသားမိကို အကြောင်းပြု ဒေဝဒတ်သည် ပညာမရှိ၍ ခန္တီ မေတ္တာ ကရုဏာ မရှိကြောင်း မြတ်စွာဘုရားရှင်မှာ ကိုယ်တိုင် ဓမ္မရာဇ် ဖြစ်သောကြောင့် ခန္တီ မေတ္တာ ကရုဏာ တို့နှင့် ပြည့်စုံပြီး မထေရ်သားမိ နှစ်ပါးအတွက် အထောက်ပံ့ဖြစ်ပုံကို ပြောနေစဉ် မြတ်စွာဘုရား ရောက်လာပြီး မြတ်စွာဘုရား ရောက်မလာမီ အဘယ်အကြောင်းအား ဆွေးနွှေးနေးသနည်းဟု ရဟန်းတို့အားမေးလေသည်။ရဟန်တို့မှ မထေရ်သားမိအတွက် မြတ်စွားဘုရားသည် အထောက်ပံ့ဖြစ်ပုံအကြောင်း ဆွေးနွှေးနေကြောင်းလျှောက်ထားရာ မြတ်စွာဘုရားမှ အတိတ်ဘဝတွင် လည်း အထောက်ပံ့ဖြစ်စေခဲ့ဖူးကြောင်းကို အတိတ်ကို ဆောင်၍ "နိဂြောဓမိဂ"ဇာတ်တော်ကို ဟောတော်မူသည်။

ဇာတ်တော်တွင် နိဂြောဓ နှင့် သာခ သမင်မင်းတို့သည် သမင် ငါးရားစီကို ခြံရံလျှက် တော့အုပ်တွင် စံစားနေကြသည်။ဗာရာဏသီမင်းသည် အသားမပါဘဲ ထမင်းမစားတက်။ထို့ကြောင့် သမင်ပစ်ထွက်လေသည်။ထွက်သည့်အခါတိုင်း တောအနီးရှိ လူများကို ခေါ်၍ လိုက်တက်သည်။ကြာလာသောအခါ လူများသည် အလုပ်ကိုင် ပျက်သည်ဒဏ်ကို မခံနိုင်၍ ဘုရင့် ဥယျာဉ် အတွင်းသို့ သမင်တို့ကို ခြောက်လှန့်မောင်းသွင်း တံခါ ပိတ်ထားလိုက်ပြီး ဘုရင့်အား အကျိုးကြောင်း လျှောက်ထားကြသည်။

ဘုရင်မှာ သမင်အုပ်ထဲမှာ လွန်စွာလှပသော နိဂြောဓသမင်မင်းနှင့် သာခ သမင်မင်းတို့အား ဘေးမဲ့ပေးလေသည်။ကျန် သမင်များကို တစ်ရက်တစ်ကောင် ဘုရင်ကိုယ်တိုင်သော်လည်းကောင်း စားဖိုမှုးသော်လည်းကောင်း ပစ်ခတ်ဖမ်းဆီးတက်လေသည်။သမင်တို့သည် အသက်ဘေးကြောင့် ပြေးလွှားရာမှ ထိခိုက် ဒဏ်ရာရခြင်း ပျက်စီးခြင်းတို့ ဖြစ်ရလေသည်။ထိုအခြင်းအရာကို နိဂြောဓ သမင်မင်းမြင်သောအခါ သာခသမင်မင်းနှင့် တိုင်ပင်ကာ တစ်ရက် တစ်ကောင် အသက်ခံရန် စဥ့်တီတုံးပေါ်တွင် ခေါင်းတင်ပေးရန် ဆုံးဖြတ်လေသည်။

တစ်ရက်တွင် သာခသမင်မင်းအဖွဲ့မှ ကိုယ်ဝန်ရှိသော သမင်မတစ်ကောင် အသတ်ခံရရန် အလှည့်ကျလေသည်။သမင်မမှ မွေးပြီး သူ့အလှည့် ဖြစ်စေလို၍ အခြားသမင်အား အစားထိုးပေးရန် သာခသမင်မင်းအား ပြောလေသည်။သာခသမင်မင်းမှ သေမည့်အရေး အခြားတစ်ယောက်အစားရန်မဖြစ်နိုင်ဆိုကာ လက်မခံခဲ့ပေ။သမင်မသည်လဲ နိဂြောဓ သမင်မင်းထံ သွားပြီး အကျိုးကြောင်းပြောပြသည်။နိဂြောဓ သမင်မင်းမှ ကိုယ်ဝန်ရှိသော သမင်မ အလှည့်အားကျော်လွန်စေပြီး သူကိုယ်တိုင် စဥ့်တီတုံးတွင် ခေါင်းတင်ပေးသည်။

စာဖိုမှုသည် ဘုရင်ဘေးမဲ့ပေးထားသော သမင်မင်းလာ ခေါင်းထိုးပေးသောအခါ မသတ်ရဲပဲ ဘုရင်အား သွား၍ လျှောက်ထားလေသည်။ဘရင်သည်လဲ ထူးဆန်း၍ ချက်ခြင်းလိုက်သည်။ထို့နောက် သမင်မင်းအား အကျိုးကြောင်းမေးသည်။သမင်မင်းမှ ကိုယ်ဝန်ရှိသော သမင်မ၏ အကူညီတောင်းပုံ ခေါင်ဆောင်တစ်ဦး တာဝန်ယူပုံကို ပြောသည်။ဘုရင်သည် နိဂြောဓသမင်မင်းအား ကြည်ညိုလွန်း၍ ကိုယ်ဝန်ဆောင် သမင်မနှင့် သမင်မင်းကို ဘေးမဲ့ပေးသည်။သမင်မင်းမှ အခြား သမင်များကို မည်သို့လုပ်မည်လောမေးသည်။ဘုရင်မှ ဘေးမဲ့ပေးမည်ဖြစ်ကြောင်းပြောသည်။ဤသို့ဖြင့် သမင်မင်းမှ ဆက်၍ ဆက်၍ ပြောဆိုမှုကြောင့် ကုန်းနေ ရေနေ လေနေ သတ္တဝါများ ဘေးမဲ့ရကြလေသည်။နောင်သောအခါ ကိုယ်ဝန်ရှိသော သမင်မမှ လှပသော သမင်လေးမွေးလေသည်။သမင်ငယ်သည် သာခသမင်မင်းအား ဆည်းကပ်သောအခါ မိခင်သမင်မမှ သာငယ်သမင်အား အကျိုးစီးပွားကို လိုလျှင် နိဂြောဓသမင်မင်းထံ ခစားဆည်းကပ်ရန် ဆုံးမသည်။

ဇာတ်ပေါင်းတွင် နိဂြောဓသမင်မင်းသည် မြတ်စွာဘုရား သာခသမင်မင်းမှာ ဒေဝဒတ် ရဟန်း ကိုယ်ဝန်ရှိသော သမင်မနှင့် သားငယ်သမင်သည် ယ္ခုရဟန်း သားမိ ဗာရာဏသီမင်းသည် ရှင်အာန္ဒာ ဖြစ်သည်ဟု ဇာတ်ပေါင်းလေသည်။

xxxxxxxxxxx

ဘတူ နိဂြောဓသမင်မင်း ဇာတ်တော်ဖတ်ပြီးနောက်တွင် ဇာတ်တော်ထဲမှ သမင်မပြောသော"အကျိုးစီးပွားကိုလိုလျှင် နိဂြောဓသမင်မင်းထံ ခစားဆည်းကပ် ရမည်"ဟူသော စကားကို ဘတူ၏ စဉ်းစားခန်းဝင်မိသည်။

သတ္တဝါတို့ ခေါင်းဆောင်ရွေးသည် ဆိုသည်မှာ သူတို့ အကျိုးစီးပွားဖြစ်လို၍ ရွေးကြခြင်း ဖြစ်ပေသည်ကို နိဂြောဓသမင်မင်း ဇာတ်တော်ကိုထောက်၍ သိနိုင်ပေသည်။

ဘတူ၏ လက်ရှိဘဝတွင် ဘတူ ခေါင်းဆေင် လုပ်ခဲ့ရသည်လဲရှိသည်။လက်အောက်ငယ်သား ဖြစ်ခဲ့ရသည်လဲရှိသည်။ဘတူ ခေါင်းဆောင် လုပ်ခဲ့ရချိန်တွင် ဘတူလုပ်ခဲ့သော အမှားများကို ပြန်တွေးမိသည်။ဘတူ ခေါင်းဆောင်လုပ်စဉ်က ခေါင်ဆောင်ဆိုသည်မှာ စေခိုင်းဖို့ရဖြစ်လာသည်ဟုပဲ ထင်ခဲ့မိသည်။ငယ်သားဆိုသည်မှာ ခေါင်းဆောင်၏ ထားရာနေ စေရာသွား ခိုင်းတာ လုပ်ဟု ထင်ခဲ့မိဖူးသည်။

ဘတူ နောက်လိုက်ငယ်သား ဘဝတွင်လဲ ပြုပြင်လွယ်သော ကိစ္စလေးကိုသော်မှ အထက်လူကြီး၏ ညိုငြင်ခံရမှာ ကြောက်ပြီး တာဝန်မယူရဲ တာဝန်မခံရဲပဲ အောက်လက်ငယ်သားကို ထိုးချသော ခေါင်းဆောင်များကိုလဲ တွေ့ခဲ့ဖူးသည်။

အောက်လက်ငယ်သားများမှ လူတစ်ယောက်အား ခေါင်းဆောင်တင်ထားခြင်းသည် သူတို့အကျိုးစီးပွားကို ကာကွယ်ပေးရန် တင်ထားခြင်းသာဖြစ်ပေသည်။ထို့ကြောင့် ခေါင်းဆောင်နေရာယူထားသော နယ်ပယ် အသီးသီးမှ ခေါင်းဆောင်ကြီးများနှင့် ခေါင်းဆောင်နေရာယူရမည့် တက်လူ ညီငယ် ညီမငယ်များ သတိထား ဆင်ခြင်နိုင်ကြပါစေလို့ ဘတူနှင့်တွေးမိတွေးရာ အပိုင်း(၁)မှ တင်ပြလိုက်ရပါသည်။

MSC-224
@myintlwinsoe

Sort:  

စာရေးတာနဲနဲလောနေသလိုပဲ၊ အေးအေးဆေးဆေးရေးပါ များရင် အပိုင်းခွဲလိုက်ပါ၊ အခုရေးပုံက တစ်ပုဒ်ထဲဆန့်အောင်တက်သုတ်ရိုက်ရေးထားသလိုပဲ။

တော်တော်ရေးနိုင်တာပဲနော်

pro မှာပဲ ရေးဖြစ်တော့တာပါ ကိုချစ်ရေ

ကောင်းမွန်တဲ့အတွေးအခေါ်ရဖို့ ပုံပြင်လေးနဲ့မျှဝေပေးတာ ကောင်းပါတယ် Bro.

ဟုတ်ကဲ့ အခုလိုအားပေးတာဟကျေးဇူးတင်ပါတယ် ခင်ဗျာ

ပညာအမြော်အမြင်ရှိပြီး ဖြောင့်မတ်မှန်ကန်တဲ့ကိုယ်ကျိုးမဖက် အနစ်နာခံတတ်တဲ့ ခေါင်းဆောင်ကောင်းတွေနောက်ကိုပဲ ရွေးချယ်လိုက်သင့်ပါတယ်။

အဲ့လို ခေါင်းဆောင်ကို တွေ့ခွင့်ရသူက ကံထူးရှင်ပါဗျာ

အလုပ်လုပ်ရတော့မှာဆိုတော့ ခေါင်းဆောင်းကောင်းကိုမျှော်မိတယ်

ကံကောင်းရင်တော့ တွေ့ရမှာပါညီ။

အ​တွေး​ကောင်းတယ်​ဗျ

ကျေးဇူးတင်ပါတယ်ဗျာ

ဒေဝဒတ်ကတော့ တကယ်ပါပဲ နော်

ဆရာရယ် ကျွန်တော်စဉ်းစားကြည့် ဒီသံသရာ ထဲမှာ လည်ပတ်နေတဲ့ အလျှောက်လုံးမှာ ဒေဝဒတ်လဲ ကောင်းတာလုပ်ခဲ့ဖူးမှာပါ ဒါပေမယ့် စာတွေထဲမှာ မတွေ့ဖူးဘူးဆရာ။ဆရာတွေ့ဖူးရင် မျှဝေပေးအုံးခင်ဗျာ။

တာဝန်ယူတတ်သူများနှင့်တွေ့ဘူးချင်ပါသည်

ကံကောင်းရင်တွေ့ရမှာပေါ့ဗျာ

Keasons and judgentare the qualities of a leader.

ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိဖို့ဆိုတာ ခေါင်ဆောင်တစ်ဦးရဲ့ အရည်ချင်းတစ်ခု ပါပဲဗျာ

မည်​သည့်​​ခေါင်း​ဆောင်​မဆိုဘုရား​လောင်းထုံးနှလုံးမူ ပြီးကြိုးကြရင်​​ကောင်းမယ်​​နော်​။

အကောင်းဆုံးပေါ့မအိရေ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25