သို့…ဖေဖေအပိုင်း(၅)

in #myanmar6 years ago (edited)

သို့…ဖေဖေ အပိုင်း(၅)

ကျွန်တော်ကျောင်းတက်စဉ်က အဖွားအိမ်မှာနေပြီး တက်ရသည်။အဖေတို့ အမေတို့မှာ ရွာမှာ နေကြသည်။ရွာတွင် (၄)တန်းထိသာ ရှိသောကြောင့် လေးတန်း အောင်တည်းက အဖေအမေနှင့် ယ္ခုချိန်ထို (၁)ပြည့်အောင် တစ်ခါမှ အတူမနေခဲ့ရပေ။

credit image source
ထိုသို့အတူ နေခွင့်မရခြင်းမှာ ဝဋ်လိုက်၍ဟု အခုချိန်ထိ ခံယူမိသည်။အကြောင်းမှာ ကျွန်တော် သုံးတန်း ခန့်လောက်က စာသိုက်ရှိ စာဥလေးများကို စားသည်မဟုတ်ပဲ အရည်မရ မဖက်မရ နှင့် သက်သက်မဲ့ အောက်သို့ပစ်ချ၍ ခွဲခဲ့ဖူးသည်။မိခင် စာမကြီးမှာ တကျီကျီ အော်ပြီး ယောက်ယက်ခက်နေသည်ကို ကြည့်ပြီး သဘောကြခဲ့သည်။အခု ချိန်တွင် အကြောင်းတိုက်ဆိုင်၍ ပြန်တွေးမိတိုင်း စိတ်မကောင်းဖြစ်မိသသည်။

ကျွန်တော် မြို့ရောက်သောအခါ ကျောင်းကိုး ခြေလျှင်သွားရသည်။အိမ်တွင် ဦးလေး အဒေါ်တို့အားပါသော်လည်း ကျောင်းပို့ကြိုကို စက်ဘီးဖြင့် လိုက်မပို့ခြင်ကြ။ကျောင်းနှင့် အဘွားတို့ အိမ်မှာ (၅)ဖာလုံခန့်ဝေးသည်။ကျောင်းတွင်လည်း တောသားကျွန်တော် စာသိပ်ပြီး မလိုက်နိုင်ခဲ့။ထို့ကြောင့် အဖေမှ ထိုခေတ်၏ ထုံးစံအတိုင်း ကျူရှင်တက်စေခဲ့သည်။

အဖွားအိမ်နှင့် ကျောင်းမှာ (၅)ဖာလုံခန့်သာဝေးသော်လည်း ကျူရှင်တက်ရသောအခါ ထိုခရီး၏ သုံးဆခန့် သွားရသည်။တခါတလေ ကျောင်းပို့ ကျောင်းကြို လုပ်ခံရသော သူငယ်ချင်းများကို အားကြမိသည်။ထိုသို့ ခြေလျှင်သွားရသော်လည်း ပိတ်ရက်များတွင် အိမ်တန်းမပြန်ပဲ သူငယ်ချင်းများနှင့် ဘောလုံး ကန်တက်သေးသည်။ထိုအခါတွင် အိမ်ပြန်နောက်ကျ၍ ဦးလေး၏ ကြိမ်လုံးစာ မိရသည်။

ကျွန်တော်သည် ငယ်ငယ်တည်းက တစ်ခုခုလုပ်ချင်လာပါက အရိုက်ခံရမည်သိသော်လည်း ဇွတ်တိုး လုပ်တက်သည်။အိမ်ပြန်နောက်ကျ၍ အရိုက်ခံရသောအခါ နောင် ပိတ်ရက်များတွင်လည်း အပတ်တိုင်း သူငယ်ချင်းများနှင့်ဆော့၍ အရိုက်ခံသည်။နောင်တွင် ရိုက်သူက မရိုက်တော့ပေ။

ဤသို့ဖြင့် ကျွန်တော်ရှစ်တန်းရောက်သောအခါ အဖေမှ ကျွန်တော့်အား စက်ဘီးတစ်စီးဝယ်ပေးသည်။ကျွန်တော် လွန်စွာပျော်ရွှင်ရသည်။အဖေကတော့ မင်းနောက်ကျရင် စက်ဘီးကို လွှင့်ပစ်ချင်စိတ် ပေါက်လာမည်ဟု ပြောသည်။ထိုစဉ်က အဖေပြောတာကို ကျွန်တော်သဘောမပေါက်ခဲ့ပါ။

သီတင်းကျွတ်ကျောင်း ပိတ်ရက်ရောက်သောအခါ အဖေမှ အိမ်ဆိုင်အတွက် ဈေးဝယ်ရင်း ကျွန်တော်အား ရွာပြန်ရန်လာခေါ်သည်။ဤတွင် ကျွန်တော်မှ အဖေ့ဈေး ဘီးကိုနင်းပြီး အဖေ့ကိုတော့ ကျွန်တော့်စက်ဘီးအား နင်းခိုင်သည်။အဖေကတော့ ဘာမှမပြောပဲ ပြုံသာနေသည်။

အဖေ့ဈေးဘီး၏ ရှေ့လက်ကိုင် တစ်ဖက်တစ်ချက်တွက် ပစ္စည်းထည့်ထားသော လွယ်အိပ် နှစ်လုံးစီပါသည်။နောက်ကယ်ရီယာခုံတွင်တော့ ဂျက်ဖာလေးလုံး တင်ထားထားသည်။ထိုသို့တင်နိုင်ရန်လည်း နောင်ကယ်ရီယာ ခုံကို သစ်သားတန်းပိုးထားသည်။ဤသို့ဖြင့် စက်ဘီးနင်းလာရာ အစပိုင်းတွင် မသိသာသော်လည်း လမ်းတစ်ဝက်ခန့်ရှိလာသောအခါ ခရီးဝေး နင်းနေကြမဟုတ်၍ ခြေထောက်များ ညောင်းလာသည်။နေမှာ ကျနေဖြစ်သော်လည်း ခါတိုင်းထက် ပို၍ ပူသည်ဟု ထင်မိသည်။

မိမိမှာ ရွာထိနင်းမည်ဟု အဖေအား ပြောထားသောကြောင့် မနင်းနိုင်တော့ဟု အဖေ့းအား ပြောပြရန် ရှက်မိသည်။ထို့ကြောင့် ကျိုးစား နင်းသည်။ဤတွင်အဖေပြောသော"မင်း နောင်ကျရင် စက်ဘီးကို လွှင့်ပစ်ချင်စိတ်ပေါက်လာမယ်"ဟူသော စကား၏ အဓိပ္ပါယ်ကို သိရတော့သည်။အဖေကတော့ လည်းပြီးနင်ူမလားဟု ခဏတိုင်းမေးသည်။ကျွန်တော်က ခေါင်းမာမာဖြင့် မလဲခဲ့။ဤသို့ဖြင့် သားဖနှစ်ယောက် နားလိုက် နင်းလိုက်ဖြင့် (၁၂)မိုင်ခရီးကို နင်းလာခဲ့ရင်း ရွာသို့ရောက်လာခဲ့သည်။

ကျွန်တော် အဖေ့စက်ဘီးကို နင်းလားသည်ကို မြင်သောအခါ အမေမှ ခရီးရောက်မဆိုက် အဖေ့အား တန်းဆူးသည်။အဖေကတော့"မင်းသားက ယောက်ျားဟ မိန်းကလေးမှမဟုတ်တာ…"ဟုသာပြောသည်။ဤသည်မှာ ကျွန်တော်၏ အဖေ့တာဝန်ကို ပထမဆုံး အကြိမ် လွှဲပြောင်းယူခဲ့သော အဖြစ်ပျက်တစ်ခုသာဖြစ်ပါတော့သည်။

MSC-224
@myintlwinsoe

Sort:  

ဖတ်လို့ကောင်းပေမဲ့..အမှားတွေများနေတယ်၊ပြင်လိုက်ဦး။
(၁)ပြည့်ဆိုတာ..လ.လား၊နှစ်လား..
အရည်မရ၊မဖက်မရ...အဖတ်မရ
စိတ်မကောင်းဖြစ်မိသသည်..သ..တလုံးပိုနေတယ်။
ကျောင်းကိုး...ကို
အားကြ...အားကျမိ
ဘောလုံးကန်တက်..တတ်
ဆော့၍အရိုက်ခံရသည်ကို..ဖြစ်စဉ်ပြအနေနဲ့ရေးပြပီးပီဆိုတော့..ထပ်ဖြစ်တာကိုရေးရင်..အရိုက်ခံပီးဆော့ခဲ့သည်ဘဲဖြစ်ရမှာ။
ပြုံသာနေသည်..ပြုံး ၍သာနေသည်
အဖေး..းဖြုတ်ပါ
လည်းပီးနင်ူမလား..လဲပီးနင်းမှာလား
နင်းလားသည်ကို...နင်းလာသည်ကို
တန်းဆူး..တန်းပီးဆူ
ပြင်လိုက်နော်...။

ဟုတ်ကဲ့ ပြင်လိုက်ပါမယ် ခင်ဗျာ။အခုလို ထောက်ပြပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

အဆုံးထိဖတ်မှပဲ စက်ဘီးလွတ်ပစ်ချင်စိတ် ဆိုတာ နားလည်တော့တယ်ဘဒိုရေ

အဲ့တုန်းက တကယ်လွင့်ပစ်ခြင်ခဲ့တာ

အဝေးကြီးမောင်းရရင် အရမ်းမောတာရယ်။
ကျန်တော်တာ ဆိုရင်လည်း လွင့်ပစ်မှာပဲ

နင်းတာတော့ လုပ်ပါအေ😊

အမေ့နေ့မှာ အဖေအကြောင်းလေး ရေးသားထားတာ အင်မတန်ကောင်းပါတယ်ရှင်

အဖေတွေကို မေ့နေမှာစိုးလို့

မနက်မန့်တာကတစ်ခုဒီဟာကအစားထိုးပြန်မန့်ထားတာလား

ဟုတ်တယ်ဆရာ မနက်ကဟာက ဘုတာများသွားလို့ ပေးသူငြိုငြင်သွားမှာစိုးလို့ပါဆရာ

အမှတ်ရစရာလေးပေါ့

ဟုတ်တယ်ဗျ

တော်တော်ရေးနိုင်တဲ့လူ

ဈေးတွေပြန်တက်တော့မှာလေ ဟီးးး

ကျောင်းသွားရတာ အဝေးကြီးပဲ

ကျောင်းသွားရင်း ဆော့ရတာပျော်စရာ

ရေးထားတာကောင်းတယ်

ကျေးဇူးပါဗျာ အခုလိုလာပေးတဲ့အတွက်

ကစားမက်ပုံများ နောက်ဆုံးရိုက်တဲ့သူကတောင် မရိုက်နိုင်ဘဲ လက်လျော့လိုက်ရတယ်။

ဟီးးး ဟုတ်တယ်။

ခြေသ လုံးတွေတုပ်လာတော့မယ် 😁

ဟုတ်ပေါ့ အခုဆို ခြေသလုံးတွေ တုပ်နေပြီ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64332.82
ETH 3146.25
USDT 1.00
SBD 4.17