အိုးပုတ်ပွဲသို့ အလည် တစ်ခေါက်

in #myanmar5 years ago (edited)

image

ပြီးခဲ့တဲ့ စနေနေ့ ၂၇ရက်က ပြည်သူ့ရင်ပြင်ထဲက စမ်းချောင်းညဈေးတန်းမှာ ကျင်းပတဲ့ အိုးပုတ်ပွဲသို့ အလည်ရောက်ရှိခဲ့ပါတယ်။ပြည်သူ့ရင်ပြင်ထဲက အိုးပုတ်ပွဲက အခြားနေရာက အိုးပုတ်ပွဲတွေလောက်တော့ အစည်ကားကြီး မဟုတ်ပါဘူး။အိုးပုတ်တွေကို ခင်းကျင်းပြသတဲ့ဆိုင်ကလည်း လေး,ငါးဆိုင်လောက်ပဲရှိပါတယ်။အိုးပုတ်တစ်ခုကို ဝယ်ရင်လည်း ၁ထောင်ခန့်ကျသင့်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်မတို့ငယ်ဘဝက ကြိုက်နှစ်သက်တဲ့ မြန်မာကစားစရာ အိုးပုတ်အများအပြားကို ချစ်စဖွယ်စီစီရီရီနဲ့အများအပြား မြင်ရတာက တော့ စိတ်ကြည်နူးစရာပါပဲ။
image

image

အိုးပုတ်ဆိုတာ ရွံ့နဲ့လုပ်ထားတဲ့ ကစားစရာတစ်မျိုးဖြစ်ပြီး မြန်မာကလေးအများစု ကြိုက်နှစ်သက်ပါတယ်။အထူးသဖြင့် အိုးလေးတွေခွက်လေးတွေနဲ့ ထမင်းချက်တမ်းဟင်းချက်တမ်း ကစားရတာကို ကြိုက်နှစ်သက်တဲ့ မြန်မာမိန်းကလေးငယ်များက ပိုမိုခုံမင်နှစ်သက်ပါတယ်။ထို့အတွက် မြန်မာ အမျိုးသမီးများမှာ အိုးပုတ်နဲ့ပက်သက်ပြီး ငယ်ဘဝအမှတ်တရပျော်စရာ
များစွာရှိကြပါတယ်။

ကျွန်မဆို ငယ်ငယ်က အိုးပုတ်ကစားဖို့ အဖော်မရှိလို့ မကစားချင်တဲ့ အကိုကို ကစားချင်လာအောင် သူကြိုက်နှစ်သက်တဲ့ဘောလုံးကို အတူတူ ကန်ကစားပေးပြီး အိုးပုတ်အတူတူ ပြန်ကစားခိုင်းခဲ့တာလေးတွေ,နောက် အိမ်ပြောင်းတော့ လမ်းသစ်က မိန်းကလေး သူငယ်ချင်းအသစ်လေးတွေနဲ့ အိုးပုတ်အတူတူ ကစားခဲ့တာလေးတွေ,နောက်ထပ် အိမ်ပြောင်းပြန်တော့ ကစားဖို့ အဖော်မရှိလို့ အမေ့ကိုပဲခေါ်ပြီး အတူတူကစားခဲ့တာလေးတွေအမှတ်ရမိပါတယ်။ကလေးဘဝက အိုးပုတ်လေးတွေနဲ့ လူကြီးတွေချက်ပြုတ်သလိုမျိုး အတုခိုး စိတ်ကူးယဉ်ပြီး ချက်ပြုတ်ရောင်းချကစားရတာ တကယ်ပျော်စရာကောင်းခဲ့ပါတယ်။

ကျွန်မ ဒီအိုးပုတ်ကစားစရာလေးတွေကို ကြိုက်နှစ်သက်လို့ အများအပြားလည်း စုဆောင်းခဲ့ပါတယ်။အစကတော့ အိုးပုတ်လေးတွေ,သံအိုးလေးတွေ,ပလတ်စတစ်ပန်းကန်ပြားသေးသေးလေးတွေက နည်းနည်းပဲရှိတာပါ။ဒါပေမဲ့ အိုးပုတ်လေးတွေနဲ့ ကစားချင်လွန်းတော့ အဖေအမေကိုနည်းနည်း ပူဆာလိုက် ကိုယ့်မုန့်ဖိုးလေးနဲ့ အိုးပုတ်ကစားစရာလေးတွေ တွေ့ရင် ဝယ်လိုက်နဲ့ တဖြည်းဖြည်းစုဆောင်းခဲ့ပါတယ်။နောက်ပိုင်းတော့ ဝယ်ယူစုဆောင်းတာလေးတွေများလာပြီးအထုပ်ကြီးတစ်ထုပ်စာလောက်တောင် ရလာပါတယ်။သို့ပေမဲ့လည်း နောက်ဆုံးမှာတော့ အဲ့ဒီ့အထုပ်ကြီးလည်း ကိုယ်မကစားတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သူများကိုပေးပစ်ခဲ့ပါတယ်။ကိုယ်မကစားတော့ပေမဲ့ ကစားချင်သေးတဲ့သူကိုပေးပစ်ပြီး ကိုယ့်ကစားစရာတွေနဲ့ သူကစားရင်းပျော်ရွှင်တော့မှာကို တွေးမိပြီးလည်း ကြည်နူးခဲ့ပါသေးတယ်။ဒါလေးကလည်း အိုးပုတ်နဲ့ပက်သက်တဲ့ ကြည်နူးစရာ အမှတ်တရ တစ်ခုပါ။

အိုးပုတ်ဆိုတာ မြန်မာကလေးများ အထူးသဖြင့် မြန်မာမိန်းကလေးငယ်များရဲ့ ငယ်ဘဝ အချိန်,အမှတ်တရ,ပျော်ရွှင်မှု့များနဲ့ ပက်သက်ဆက်နွယ်ပြီး ငယ်ဘဝအမှတ်တရ အဖြစ် ယခုတိုင် မမေ့နိုင်တဲ့ မြန်မာကစားစရာတစ်ခုပါ။ကျွန်မလည်း ငယ်ဘဝအမှတ်တရပျော်ရွှင်မှု့များစွာ ပေးခဲ့တဲ့ ဒီအိုးပုတ်များကို ယနေ့တိုင် ချစ်မြတ်နိုးနှစ်သက်နေဆဲပဲ ဖြစ်ပါတယ်။

MSC-033,Author-myothuzar

Sort:  

အိုးပုတ်​တို့ ဂျိုးရုပ်​တို့ သတိရတယ်​ဗျာ 😊

Posted using Partiko Android

မမေ့နိုင်စရာ ငယ်ဘဝ ကစားစရာလေးတွေ...

Posted using Partiko Android

ဟုတ်​တယ်​ 😊

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android

သိလိုက်တယ် မျိုးတို့ရောက်ခဲ့သေးတာကိုး ကလေးဘွအောင့်မေ့စရာ

Posted using Partiko Android

ဟုတ်ကဲ့ ဦး။အိုးပုတ်ပွဲ ကျင်းပနေတယ်ကြားတာနဲ့ သွားလိုက်တာ။နယ်တွေမှာ ကျင်းပတဲ့ အိုးပုတ်ပွဲတွေကတော့ ဝေးလို့ မသွားနိုင်ဘူးဆိုတော့ အနီးအနားမှာ ကျင်းပတုန်း အမြန်သွားကြည့်ခဲ့တာ။

Posted using Partiko Android

ဟိုတစ်‌‌လောက မန္တ‌လေး မှာလည်း ကျင်းပ‌သေးတယ်‌‌နော်‌။

ဟုတ်ကဲ့။မန္တလေးမှာကျင်းပတာတော့ မသိလိုက်ဘူး ဖြစ်သွားတယ်။

Posted using Partiko Android

ရန်ကုန်မှာ ပထမဆုံးအကြိမ်ကျင်းပတာထင်တယ် မန်းလေးက အိုးပုတ်ပွဲတော်ကတော့ နှစ်အတော်ကြာခဲ့တာကြားဖူးပေမယ့် ခုချိန်ထိ မရောက်ဖူးသေးဘူး

ဟုတ်။ပထမဆုံး အကြိမ်ထင်တယ်။အခြားနေရာက အိုးပုတ်ပွဲတွေလောက်တော့ သိပ်အစည်ကားကြီး မဟုတ်ဘူး။

Posted using Partiko Android

ညီမစာတေ ပြန်ရေးပီပေါ့ အိုးပုတ်လေးတေ ချစ်စရာပါ😊

Posted using Partiko Android

ဟီး။ဟုတ်ကဲ့ အမ။

Posted using Partiko Android

ညီမစာတေ ပြန်ရေးပီပေါ့ အိုးပုတ်လေးတေ ချစ်စရာပါ😊

Posted using Partiko Android

ဟုတ်ကဲ့ အမ။

Posted using Partiko Android

Thanks for using esteem app.

Thank you.

Posted using Partiko Android

ကျနော်တို့ ငယ်ငယ်ကလည်း ကစားခဲ့ သေးတယ်။ ငယ်ဘဝ ပုံရိပ်တွေပေါ့။ အခု ပြန်လိုချင်လို့  မရတော့ဘူးဗျာ။ 😢

Posted using Partiko Android

ဟုတ်တယ်။

Posted using Partiko Android

မှတ်မိသေးတယ် ကစားစရာ အဖော် ကောင်လေးတွေ မရှိတုန်း ကောင်မလေးတွေနဲ့ အိုးပုတ်တမ်ူကစားရင်း သူတို့ ချက်ထားတဲ့ မြေကျီးနဲ့ သစ်ရွှက်တွေ တ်ကယ်စားမိခဲ့တာ ။

ဟယ်....တကယ်တောင်စားမိခဲ့တာလား။

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70753.86
ETH 3589.34
USDT 1.00
SBD 4.75