ဒေါ်မြ

in #myanmar5 years ago (edited)

"အား" "ပျင်းလိုက်တာ" "ဘာလုပ်ရင်ကောင်းမလဲ"
Image Source-
မနက်၅နာရီအချိန်တွင် ဒေါ်မြတစ်ယောက်နိုးထလာပြီး ငြီးတွားနေမိလေသည်။

ခု ဒေါ်မြအသက် ၄၈နှစ်။သားတစ်ယောက်,ချွေးမတစ်ယောက်,
မြေးလေးတစ်ယေက်နှင့် မိသားစုလေးယောက် တူတူနေကြသည်။သားသည် အစိုးရဝန်ထမ်းဖြစ်ကာ မလောက်ငသော အိမ်စရိတ်အတွက် ဒေါ်မြတစ်ဖက်တစ်လမ်းမှ ဈေးရောင်းသည့်အလုပ်ကို လုပ်ကာ ထောက်ကူပေးခဲ့လေသည်။

ထိုသို့ ရိုးရိုးသားသားဈေးရောင်းရသောဘဝကို ပျော်ရွှင်ကျေနပ်နေသော ဒေါ်မြဘဝထဲသို့ အပြောင်းအလဲတစ်ခုချည်းနင်း ဝင်ရောက်လာလေသည်။ထိုအပြောင်းအလဲမှာကား ဒေါ်မြတစ်ယောက် ထီပေါက်ကာ ချမ်းသာသွားခြင်း ဖြစ်သည်။

ယခု ဒေါ်မြဘဝမှာ မတောင့်မတမကြောင့်မကြနှင့် အေးအေးချမ်းချမ်း နေနိုင်နေလေပြီ။သို့သော်လည်း ဒေါ်မြမှာ ချမ်းသာသောဒဏ်ကို မခံနိုင်သောစရိုက်ဟုခေါ်ရမလား,အေးအေးသက်သာနေရသည်ကို မနေတတ်သည့်စရိုက်ကြောင့်ဟု ပြောရမလား မသိ ဒေါ်မြတစ်ယောက် ချမ်းသာ၍ဘာမှလုပ်စရာမလိုကာ စည်းစိမ်ခံစားရသော ဘဝကို မနေတတ် မထိုင်တတ် ဖြစ်နေရှာလေသည်။ထို့အပြင် ငယ်စဉ်မှစ၍ ယခုအချိန်ထိလုပ်ကိုင်နေခဲ့သော ဈေးရောင်းသည့် အလုပ်ကို ရုတ်တရက်ရပ်လိုက်ရတော့ ဒေါ်မြဘဝ ပိုမို ပျင်းရိခြောက်သွေ့လာခဲ့လေသည်။ထို့ကြောင့် ဒေါ်မြမှာ ချမ်းသာသောဘဝမှာ မပျော်နိုင်ဘဲ စိတ်ပျက် ငြီးငွေ့နေခဲ့လေသည်။

သားသမီးများကတော့ ချမ်းသာသောဘဝကို မပျော်ရွှင်နိုင်သော ဒေါ်မြကို တအံ့တသြ ဖြစ်နေကြလေသည်။သို့ပေမဲ့လည်း အချိန်ကြာလာသော အခါမှာတော့ ဒေါ်မြလည်း စည်းစိမ်ကြားမှာ အတော်အသင့် နေထိုင်တတ်လာပေသည်။ကောင်းပေ့ညွန့်ပေဆိုသော အစားအသောက်များကို စိမ်ပြေနပြေစားတတ်လာသည်။လုပ်စရာမရှိသော အချိန်ကာလများတွင်တီဗီကြည့်ခြင်း,အိပ်စက်အနားယူခြင်းများဖြင့် အချိန်ကုန်ဆုံးတတ်လာသည်။

ထိုသို့နေထိုင်ခြင်း၏ အကျိုးဆက်အားဖြင့်တော့ ဒေါ်မြတစ်ယောက် ဝဖြိုးကာ လှုပ်ရှားမှု့များလေးပင်လာသည်။ကျန်းမာရေးမှာလည်း ယခင်ကလောက် မကောင်းတော့။တစ်နေ့တစ်နေ့ လူမှာ မူးလိုက်မောလိုက်နှင့် မကြာခဏမူးဝေမောပန်းနေတတ်သည်။အကြောတက်ညောင်းညာခြင်းများလည်း မကြာခဏ ဖြစ်နေတတ်ပေသည်။

ပြောရလျှင် ယခင်သွက်သွက်လက်လှုပ်ရှား ဈေးရောင်းနေတုန်းက ဘာမှမဖြစ်သော ဒေါ်မြတစ်ယောက် ယခုသူဌေးမဘဝမှာ ရောဂါများအစပျိုး ပေါ်ပေါက်လာသလို ဖြစ်လာလေသည်။ထို့ကြောင့် ဒေါ်မြသည်လည်း မိမိအခြေအနေကိုကြည့်ပြီး စိတ်ပျက်စ ပြုလာလေသည်။

ကံကြမ္မာက ဒေါ်မြကို ကူညီဖေးမသည်ဟု ခေါ်ရမလား။ဒေါ်မြ ကံကြမ္မာ တစ်ဆစ်ချိုး ပြောင်းလဲပြန်သည်ဟု ပြောရမလားမသိ ဒေါ်မြဘဝ တစ်ဆစ်ချိုး ပြောင်းလဲပြန်သည်။ထိုသို့ ဒေါ်မြဘဝ ပြောင်းလဲရခြင်းအကြောင်းမှာ ဒေါ်မြသား လူလိမ်ခံရခြင်းကြောင့် ဖြစ်သည်။ပြောရလျှင် ဒေါ်မြတို့ ပြန်လည်ဆင်းရဲ သွားပြီ ဖြစ်သည်။ထိုအခြေအနေများ ဖြစ်သွားသည့်အတွက် သားနှင့် ချွေးမမှာ အကြီးအကျယ် စိတ်ဆင်းရဲကြသော်လည်း ဒေါ်မြတစ်ယောက်မှာမု ကြီးကြီးကျယ်ကျယ် စိတ်ဆင်းရဲမှု့မဖြစ်။အမှန်အတိုင်း ပြောရလျှင် ချမ်းသာသောဘဝကို သိပ်မပျော်ရွှင်သော ဒေါ်မြအဖို့ စည်းစိမ်ချမ်းသာများ မရှိခြင်းကို ပိုမို နှစ်ခြိုက်နေမိလေသည်။

နောက်တစ်နေ့ မနက်မှာတော့ ဒေါ်မြတစ်ယောက် ခေါင်းမှာ ဈေးဗန်းရွက်ကာ လက်မှာလည်း ခြင်းတောင်းကြီးနှင့် အပြင်သို့ထွက်သွားလေသည်။နေ့လည်ခင်းလောက် ရောက်သော အခါ ဒေါ်မြတစ်ယောက် ပြန်ရောက်လာသည်။ငွေကြေးအချို့လည်း ပါလာသည်။ထို့အပြင် ထူးခြားမှု့အနေဖြင့် သူဌေးမဘဝတုန်းကမတွေ့ခဲ့ရသော ဝင်းလက်တောက်ပနေသော အပြုံးပန်းများနှင့် တက်ကြွဖြတ်လတ်နေသော လှုပ်ရှားမှု့များကို ဒေါ်မြ ဆီမှာ တစ်ဖန်ပြန်လည် မြင်တွေ့ခဲ့ရလေပြီ ဖြစ်လေသည်။

Author-myothuzar,MSC-033

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android

လောကဓံ ရှစ်ပါးကို ခံနိုင်သူ အင်မတန် ရှားပါတယ်။ ချမ်းသာတဲ့ ဒဏ်က အဲ့ထဲမှာမှ ပိုဆိုးပါ့။ 👍

Posted using Partiko Android

ဟုတ်ပ။မခံနိုင်တဲ့သူတွေအတွက် အဆိုးဆုံးပဲ။

Posted using Partiko Android

စိတ်ထားတက်တော့ လောကဓံနဲ့ ရင်ဆိုင်ရပေမဲ့လည်း ယိုင်လဲမသွားတာပေါ့

Posted using Partiko Android

ဟုတ်ပါတယ်။

Posted using Partiko Android

သူရဲ့ပုံမှန်​ဘ၀ကလှုပ်​ရှားလိုက်​နဲ့​ပျော်​ရွင်
သွက်​လက်​​နေတာ​ပေါ့....​ငွေချမ်းသာတိုင်း​ပျော်​ရွင်​မှုမရနိုင်​ပါဘူးထင်​ပါတယ်​...

Posted using Partiko Android

ဟုတ်ပါတယ်။ငွေချမ်းသာတိုင်း ပျော်ရွှင်မှု့မရနိုင်ပါဘူး

Posted using Partiko Android

ဒီလို အခြေအနေလေးတွေလည်း လူ့လောကကြီးထဲမှာ ရှိနေနိုင်ပါတယ်။ငွေချမ်းသာတိုင်းလည်း စိတ်ချမ်းသာ ပျော်ရွှင်မှု ပေးနိုင်တာမှမဟုတ်တာ...ဒါကြောင့် သတိထားဆင်ခြင် နေထိုင်တတ်ရမှာပေါ့။ကောင်းမွန်သော post လေးပါခင်ဗျာ။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

Posted using Partiko Android

ချမ်းသာလိုက် ဆင်းရဲလိုက်ပေါ့။

ဟုတ်။

Posted using Partiko Android

အဆိုးဆုံးကို ​မျှော်​လင့်​ပြီး အ​ကောင်းဆုံး ကျိုးစားမှ ​လောကဓံတရားကိုခံနိုင်​ရည်​ရှိလိမ့်​မည်

ဟုတ်ပါတယ်။

Posted using Partiko Android

ပုံမှန်​ ဘဝ​လေး ပြန်​ရသွားတာ​ပေါ့ဗျာ 😊

Posted using Partiko Android

ဟုတ်တယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29