ကျွန်မနှင့် steemitမှဂိမ်းများ-၂(သိမ်း)

in #myanmar5 years ago (edited)

game-2294201_1920 (1).jpg

[Image Source]
()

Drugwars ဂိမ်းကိုတာ့ မြန်မာ steemit users အချို့ drugwars ဂိမ်းအကြောင်း တင်ကြ၊ ဆော့ကြတာကို တွေ့ပြီးနောက် သိပ်မကြာခင်မှာပဲ ကိုယ်တိုင်ပါဝင်ဆော့ဖြစ်လေသည်။Steemmonsters ဂိမ်းလို နောက်ကျမှဆော့လျှင် အခွင့်အရေးတွေလက်လွတ်ဆုံးရှူံးပြီ့း မဆော့ဖြစ်မှာစိုး၍ drugwarsကိုတော့ စသိသိခြင်း သိပ်မကြာခင်မှာပဲ ဝင်ရောက်ဆော့ဖြစ်ခဲ့သည်။စစခြင်းနားမလည်ပါးမလည်နှင့်စတင်ကစားခဲ့ပြီး steem၃၀ကျော်လောက်ရင်းနှီးမြှပ်နှံခဲ့သည်။နောက်ပိုင်းမှာတော့ အခြားသူများ၏ပြောစကားအရ ရင်းနှီးမြှပ်နှံသည်များကို ရပ်ပစ်ခဲ့ပြီး ကိုယ့်drugwarsမှ ထုတ်လုပ်မှု့များနှင့်သာ အဆောက်အဦးများကို ပုံမှန် မြှင့်တင်ရင်းကစားနေမိသည်။heistထဲလည်း သိပ်မထည့်၍ အရင်းပြန်ရဖို့ကြာခဲ့သော်လည်း အဆုံးမှာတော့ အရင်းပြန်ရပြီး အမြတ်နည်းနည်းပါးပါးရခဲ့သည်ဟု ဆိုနိုင်သည်။လက်ရှိမှာတော့ ပုံမှန်တိုက်ပွဲလေးတိုက်ရင်း upvoteလေးယူရင်း အဆင်ပြေနေသည်။ထို့ကြောင့် drugwars မှာ ယခုချိန်ထိ မိမိအတွက် အဆင်ပြေ အကျိုးအမြတ်ရနေသော ဂိမ်းတစ်ခုဟုပြောလို့ ရပေသည်။

Drugwars အပြင် အခြားကစားဖြစ်သောဂိမ်းများကတော့ magicdice နှင့် moonsteemတို့ ဖြစ်သည်။magicdice က freebitco.in က hi-lo ကစားသည်နှင့်တူ၍ စိတ်ဝင်စားပြီးကစားဖြစ်သည်။ထိုကစားနည်းမျိုးက ရှူံးတတ်သည်ကို သိသော်လည်း ထိုလောင်းကစားနည်းကို စိတ်မကုန်သေးသော ကျွန်မက steemများရင်း၍ steemdiceမှာ ဝင်ကစားပစ်သေးသည်။ဒီကစားနည်းဟာလည်း အစက လွယ်သလိုလို နိုင်လာသလိုလိုနှင့်steem၁၅ကျော်ခန့်ရပြီး နောက်ပိုင်းမှာတော့ ပြန်လည်ဆုံးရှူံးကာ ကျွန်မ၏steem၂၅ကျော်ခန့်ဆုံးရှူံးခဲ့လေသည်။ထိုသို့ steem၂၅ကျော်ခန့် ဆုံးရှူံးပြီးနောက်မှာတော့ ကျွန်မလည်း steemdice ကစားနည်းကို စိတ်ဖြတ်ကာ ရပ်တန်းက ရပ်ခဲ့လေသည်။Moomsteemကတော့ သူများတင်ထားသည့်postတွေ့ကာ အနည်းငယ်စိတ်ဝင်စား၍ ကစားဖြစ်သည်။ကစားနည်းသိပ်နားမလည်တာနဲ့ပဲ အနည်းငယ်သာ ကစားကာ ရပ်ပစ်ခဲ့သော ဂိမ်းဖြစ်၍ ကျွန်မ အတွက် အရှူံးအမြတ်သိပ်မရှိသောဂိမ်းဖြစ်သည်။

နိဂုံးချုပ်အနေနဲ့ steemitပေါ်မှာ drugewarsဂိမ်း၊magicdice ဂိမ်း၊moonsteem ဂိမ်းတို့ကို ကစားဖြစ်ခဲ့ပြီး drugwarsဂိမ်းကသာ လက်ရှိအချိန်အထိ အကျိုးအမြတ်ပေးခဲ့သောဂိမ်းဖြစ်ခဲ့လေသည်။ drugwarsဂိမ်းမှ ယခုအခါ steemမရတော့သော်လည်း တိုက်ပွဲshare post များမှ spများ၊sbdများ ရနေသေး၍ မဆိုးဘူးဟုပြောလို့ရသည်။ခုနောက်ပိုင်းတွေ့မိသိရှိတာတစ်ခုက pantheon ကိုအဆင့်မြှင့်လျှင် drugwars တိုကိပွဲ share postများမှ ရရှိသည့် upvote ပမာဏပိုပိုမြင့်လာခြင်းပင်ဖြစ်သည်။ထို့ကြောင့် drugwars ဂိမ်းကစားသူများ pantheonလေးတွေ မြှင့်မြှင့်ပေးကာ upvote မြင့်မြင့်ယူကြရန် အကြံပေးတိုက်တွန်းလိုပါသည်။ကျွန်မသည်လည်း လက်ရှိမှာ pantheon လေးတတ်နိုင်သမျှ ကြိုးစားမြှင့်ကာ drugwars ဂိမ်းလေးမှ upvoteလေး ပုံမှန်ရယူရင်းကစားနေပါသည် ဟုဆိုရင်း ကျွန်မစာလေးကို နိဂုံးချုပ်လိုက်ပါသည်။

Author-myothuzar,MSC-033

Photo credit-(https://pixabay.com/photos/game-remote-gamer-video-2294201/)

Sort:  

nextcolony game လေးကစားပြီး post တင် သူ့ tag လေးထည့် link လေးထည့်
nextcolony အက်ဗုတ်က မိုက်တယ် သူ့မှာ trail လဲရှိတော့ သူဗုတ်တာနဲ့ လိုက်ဗုတ်တဲ့သူတွေ အများကြီး

Posted using Partiko Android

ဟုတ်ကဲ့။ခုစမ်း ကစားကြည့်နေပါတယ်။သိပ်တော့နားမလည်သေးတော့ လေ့လာတုန်းမို့လို့ပါ။ဟုတ်။နောက်ပိုင်း nextcolony ဂိမ်းအကြောင်း postတင်ကြည့်ပါမယ်။

ဟုတ်ကဲ့ အောင်မြင်မှာပါ ။

Posted using Partiko Android

ဟုတ်ကဲ့။ကျေးဇူးပါ။

Posted using Partiko Android

ကောင်းလိုက်တာဗျာ။ ကျနော်က တော့ drugwars က ဘာဗုတ်မှ မရလိုက်ပါဘူးဗျာ။ nextcolony ကစား လေ post တင်ရင် vote ရတယ်ဗျ။ :)

Posted using Partiko Android

ဟုတ်။ခု nextcolony လည်း နည်းနည်းရင်းပြီး စမ်းကစားကြည့်နေတယ်။

Posted using Partiko Android

ကောင်းတာပေါ့ ဗျာ 👍 👍

Posted using Partiko Android

Image link လေး ထည့်ပေးပါလား။

ဟုတ်။စာရဲ့အောက်ဆုံးမှာတော့ photo credit ဆိုပြီး link လေးပေးထားပါတယ်။အဲ့လိုနည်းနဲ့ link ပေးလို့ မရဘူးလား။အဲ့လိုနည်းနဲ့ မရရင် ဘယ်လိုမျိုး link ပေးရမလဲ ပြောပြပါလားအကို။

ပုံအောက်မှာ Image source ဆိုပြီး ထည့်ပေးရမှာပါ။ ကျွန်တော့်ပိုစ့်တွေမှာ နမူနာ ကြည့်လို့ရပါတယ်။

ခု image source လုပ်ကြည့်နေတာ အဆင်မပြေ ဖြစ်နေလို့အကို ။ပုံရဲ့မူရင်းlinkကတောင် ယူပေမဲ့ အကိုတို့လုပ်သလိုမျိုး Image source ပြီး link မပေါ်ဘဲ ပုံပဲ နောက်တကြိမ် ထပ်ပေါ်နေလို့။အဲ့ဒါ အကိုတို့လုပ်သလိုမျိုး Image source နဲ့ link ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။

[](link)

အဲဒီလိုထည့်ရင် ပေါ်ပါတယ် ညီမရေ

Screenshot_2019-05-10-13-02-36.png

ဒီလိုမျိုး လုပ်ကြည့်တာ မပေါ်သေးဘူးအကို။ဘာမှားနေလဲတော့ မသိဘူး။

ကိုယ်တော့ pantheon မြှင့်တာ upvote ရပေမယ့် အခြားသူကျတော့ မြှင့်ရဲ့သားနဲ့ မရတာ ဘာကွာလို့ပါလိမ့်😁

Posted using Partiko Android

ဟုတ်တယ်။ဘာလို့လဲမသိဘူး။ကျွန်မလည်း ကိုယ်သိတဲ့လူတွေ pantheon မြှင့်ဖို့လိုက်ပြောတာ။မရတဲ့လူကျမရကြဘူး။

Posted using Partiko Android

Steem 20 ကျော် ရင်းထားမှ upvote ပေးပါတယ်။

ကျွန်တော်ကတော့ Drugwars game ပဲဆော့ဖြစ်တယ်။ကျန်တာတွေ မဆော့ဖြစ်ပါဗျာ။

Posted using Partiko Android

ဟုတ်ကဲ့ရှင့်။

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61830.08
ETH 2986.99
USDT 1.00
SBD 3.73