Steemit ဆီသို့ခြေဦးတစ်ဖန် ပြန်လှည့်လာခြင်း

in #myanmar5 years ago (edited)

image

steemit မှာ စာမရေးဖြစ်၊post မတင်ဖြစ်သည်မှာ ၂လ၊၃လ ခန့်ရှိခြေပြီ။ယခုတစ်လောတော့ စိတ်အာရုံများမှာ steemit ဆီသို့ တစ်ဖန်ခြေဦးလှည့်လာခြေပြီ။ယခုတစ်လော drugwars တိုက်ပွဲpostများ၊မိမိကြိုက်နှစ်သက်သည့် dramaအကြောင်း ရေးသည့်postနှင့် ပုံဆွဲထားသည့်ပုံများကို တင်သည့် post များတင်ဖြစ်ခဲ့ပြီး ထိုpostများမှတက်လာသော $များ၊wallet အတွင်းရောက်လာသော steemများ၊spများ၊sbdများနှင့်အတူ ရရှိလာသော ပျော်ရွှင်သည့် ခံစားမှု့များကို ယခင်အတိုင်းပြန်လည်ခံစားမိလေသည်။စာမရေး၊post မတင်ဖြစ်သည့် ကာလတစ်လျှောက်လုံး မိမိpostများနှင့် wallet မှ steemများ၊sbdများ၊spများ တက်လာသောအခါ ခံစားရသည့် ပျော်ရွှင်သည့် ခံစားမှု့များ ပျောက်ဆုံးနေခဲ့သည် ကို ယခုမှ သတိထားမိလေသည်။

ယခုတော့ စာပြန်ရေးရင်း၊postပြန်တင်ရင်း မိမိwalletထဲတွင်ရရှိလာသော steemများ၊sbdများ၊spများကို ကြည့်ရင်း steemit ဆီမှာ စာပြန်ရေးဖို့တစ်ဖန်ပြန်လည် စိတ်ဝင်စားလာမိလေသည်။မိမိsteemitမှာ ပျောက်ဆုံးနေသော ၂လ၊၃လတာ ကာလအတွင်း မိမိလုပ်ကိုင်ခဲ့သောလုပ်ရပ်များကလည်း မိမိအား steemitကိုတစ်ဖန်ပြန်လည် တန်ဖိုးထားစေခဲ့သည်။မိမိ ၂လ၊၃လတာ ကာလအတွင်း လုပ်ကိုင်ခဲ့သော လုပ်ရပ်များမှာ အခြားတော့မဟုတ်ပေ။bitcoinများ၊bitcoin cashများ၊litecoin များ၊dogecoinများ free ပေးသည့် siteများ လှည့်လည်ကာ free claimခြင်း၊High-Lo ကစားခြင်း၊ရရှိလာသော bitcoinများ၊dogecoinများကို investment sitesများမှာ ပြန်လည်ရင်းနှီးမြုပ်နှံခြင်းများ ပြုလုပ်နေခြင်းပင်ဖြစ်သည်။ထိုကိစ္စများကို အချိနိအတန်ကြာ အချိန်ပေးကာ လုပ်ကိုင်ခဲ့သော်လည်း ခုချိန်ထိမိမိမှာ ဘာမှအကျိုးအမြတ်ကောင်းကောင်း မရခဲ့ပေ။အကြောင်းခြင်းရာကို ပြောရလျှင်တော့High-Lo ကစားခြင်းနှင့် ရင်းနှီးမြုပ်နှံခြင်းများက မိမိfree claimကာ ကြိုးစားရှာဖွေထားသော coin များကို တစ်ဖန်ပြန်လည်ဆုံးရှူံးစေခြင်းပင်ဖြစ်လေသည်။High-Lo ကစားသည်မှာလည်း အစကတော့နိုင်ကာပမာဏများပြားလာသလိုလိုနှင့် နောက်ဆုံးမှာ ပြန်လည်ဆုံးရှူံးရသည်။Investments များမှာလည်း scumများနှင့်သာ ကြုံရင်း မိမိရင်းနှီးမြုပ်နှံထားသည်များ ဆုံးရှူံးရလေသည်။ထိုကိစ္စများကိုကြုံရင်း steemit ကသာ အစစ်၊steemit ကသာ အမှန်အကန်ပေးသည် ဆိုသော အတွေးရကာ steemitဆီသို့ခြေဦးလှည့်ချင်သော စိတ်များ ပြန်လည်ပေါ်ပေါက်လာခြင်းပင် ဖြစ်လေသည်။

Steemit ကိုပြန်လာချင်သည့် အကြောင်းရင်း ပြောပြီးပြီဆိုတော့ steemitမှ အချိန်အတန်ကြာ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းတစ်ခုကိုလည်း ပြောပြရဦးမည်။ထိုအကြောင်းရင်းတစ်ခုမှာကား စာရေးရတာ ခက်ခဲခြင်း ဖြစ်သည်။မိမိမှာ အခြားသူများကဲ့သို့ နေ့စဉ်ရက်ဆက်စာမရေးသော်လည်း ယခင်က အချိန်အတိုင်းအတာတစ်ခုအထိ steemit မှာ တစ်ပတ်စာတစ်ပုဒ၊်နှစ်ပုဒ်ခန့်တင်ရင်း စာများစွာရေးသားခဲ့ဖူးသည်။ထိုကဲ့သို့ စာများစွာ ရေးသားခဲ့ဖူးသော်လည်း ယခုအချိန်အထိ စာရေးရာတွင် အဆင်မပြေမှု့များ၊အခက်အခဲများ ရှိနေသေးသည်။မိမိကြိုက်နှစ်သက်သော၊သိနားလည်ကျွမ်းကျင်သော အကြောင်းအရာများနှင့်ပက်သက်သော စာများကလွဲ၍ အခြားအကြောင်းအရာများ ရေးလျှင် အခက်အခဲများ ဖြစ်နေသေးသည်။အထူးသဖြင့် ဝတ္ထုဇာတ်လမ်းများ ဖန်တီးရေးလျှင် မရေးတတ်၍တော်တော် အခက်အခဲ ဖြစ်ရသည်။တစ်ဖြည်းဖြည်း စဉ်းစားရင်း၊ဖန်တီးရင်း၊ရေးသားရင်းနှင့် တစ်ဖြည်းဖြည်း ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာတတ်သော်လည်း နောက်တစ်ပုဒ်ရေးမည်ဆိုသောအခါ နောက်တစ်ခါ အဆိုပါအခက်အခဲများနှင့်တွေ့ကာ စိတ်ဖိစီးမှု့ ဖြစ်ရပြန်သည်။နောက်ပြီး proတွင် လူများစဉ်အခါတုန်းကလည်း မိမိစာကိုအခြားသူများက လာရောက်ဖတ်ရှူ့သည့်အချိန်တွင် မိမိမှာ စာကောင်းကောင်း မရေးနိုင်သေးသည့်အတွက် မိမိစာကို pro တင်ရမှာယုံကြည်မှု့မရှိခြင်း၊ရှက်ရွံ့ခြင်း စသော စိတ်ခံစားမှု့များနှင့် လုံးချာလည်လိုက်နေသေးသည်။ထိုခံစားချက်များ pro တင်ပြီးချိန်နှင့် comments များဖတ်ပြီးချိန်တွင် အနည်းငယ် ပျောက်ကင်း သက်သာ သွားတတ်သော်လည်း နောက်တစ်ပုဒ်ရေးမည် နောက်တစ်ပုဒ် pro တင်မည် ဆိုပါက ထိုခံစားချက်များ အခက်အခဲများပြန်လည်တွေ့ကြုံခံစားဖြစ်နေပြန်သည်။ထိုသို့ စာတွေရေးလိုက် တင်လိုက် ခံစားချက်တွေလည်း ဖြစ်လိုက်ပျက်လိုက်နှင့် တွေ့ကြုံခံစားရင်း မိမိ၏စိတ်သည် စာရေးခြင်းကို အတိုင်းအတာ တစ်ခုအထိ စိတ်ပျက်လာပုံရပြီး စာရေးခြင်း၊pro တင်ခြင်းများ နည်းပါးလာသည်။နောက်ပြီး အထက်က ရေးထားသလို coin free ရှာတာတွေ၊ High-Lo ကစား တာတွေစိတ်ဝင်စားပြီး အချိန်ပေးကစားမိလေတော့ ထိုအချိန်များအတွင်း steemit ကို အဆက်ပြတ်သလို ဖြစ်သွားခြင်းဖြစ်လေသည်။

ယခုတော့ steemit မှာပြန်လာချင်စိတ်၊စာပြန်ရေးချင်စိတ်များ ပြန်လည် ထက်သန်လာပြီး steemit ဆီသို့ပြန်လည်ခြေဦးလှည့်လာမိလေသည်။သူများတွေလို စာများ နေ့စဉ်ရက်ဆက်ရေးနိုင်မှာ မဟုတ်သော် လည်း မိမိတတ်နိုင်စွမ်းသလောက်တော့ စာများရေးကာတင်နေဦးမည်။စာရေးတာနှေးသည့် အပြင် အခြားအကြောင်းအရာများကြောင့် သိပ်မတင်နိုင်သော်လည်း ယခင်လိုတော့ မိမိaccountမှာ မိမိရေးသည့်စာများ မရှိဘဲ၂လ ၃လခန့်ပျောက်ဆုံးနေခြင်း မဖြစ်အောင်တော့ ကြိုးစားလုပ်ဆောင်နေမည် ဖြစ်သည်။

Author-myothuzar,MSC-033

Photo credit_https://pixabay.com/photos/writing-write-fountain-pen-ink-1209121/

Sort:  

@myothuzar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ကျေးဇူးပါ။

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you.

Posted using Partiko Android

ရေးပါ အချင်းချင်းအား​ပေးကြရတာ​ပေါ့

Posted using Partiko Android

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

Posted using Partiko Android

ဒီလိုပါပဲ ရေးရင်နဲ့ အကျင့်ရလာမှာပါ
ခုရေးတာတောင် ရေးနေတာပဲလေ

ဟုတ်ကဲ့။

Posted using Partiko Android

စိတ်ထဲ ရှိသလိုသာရေးပါ။ ရေးရင်းနဲ့ သဘောပေါက်သွားမှာပါ။ ဘယ်လိုပြောရမလဲ အလုပ်က သင်ပေးတာပေါ့။ ရေးဖြစ်ဖို့ အဓိက ပါ။ Fighting!

Posted using Partiko Android

ဟုတ်ကဲ့။

Posted using Partiko Android

ရေးပါ အား​ပေး​နေပါ့မယ်

ဟုတ်ကဲ့။ကျေးဇူးပါ။

Posted using Partiko Android

Welcome back!

Posted using Partiko Android

Yes.Thank you.

Posted using Partiko Android

welcome back.....

Yes.Thank you.

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thank you.

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86